သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းနယ္(၄)ခု ႐ုရွားႏိုင္ငံထဲ ထည္႔သြင္းမယ့္ကိစၥ ကုလအႀကီးအကဲ ရႈတ္ခ်


UKRAINE-CRISIS/UN

[[ ZAWGYI / UNICODE ]]

ယူကရိန္းနယ္(၄)ခု ႐ုရွားႏိုင္ငံထဲ ထည္႔သြင္းမယ့္ကိစၥ ကုလအႀကီးအကဲ ရႈတ္ခ်

ယူကရိန္းႏိ္ုင္ငံထဲက ႐ုရွားသိမ္းပိုက္ထားတဲ့ ေဒသ ၄ ခု ကို ေသာၾကာေန႔မွာ ႐ုရွားႏိုင္ငံထဲ အခန္းအနားနဲ႔တရားဝင္ထည့္သြင္းဖို႔ ႐ုရွားအစိုးရက စီစဥ္ေနတာဟာ တရားမဝင္ေၾကာင္းနဲ႔ ဒါကိုလက္ခံမွာ မဟုတ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ၾကာသပေတးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

“ကုလသမဂၢ ပဋိဉာဥ္စာတမ္းက ရွင္းပါတယ္။ ႏိုင္ငံတႏိုင္ငံရဲ႕ ပိုင္နက္ကို တျခားတႏိုင္ငံက ၿခိမ္းေျခာက္လို႔ ျဖစ္ေစ အင္အားသံုးၿပီးျဖစ္ေစ တိုက္ခိုက္သိမ္းယူမယ္ ဆိုရင္ ဒါဟာ ႏိုင္ငံတကာဥပေဒကိုေရာ ကုလသမဂၢပဋိဉာဥ္စာတမ္းကိုပါ ခ်ိဳးေဖါက္တာ ျဖစ္ပါတယ္”

ယူကရိန္း ပိုင္နက္၄ ခုျဖစ္တဲ့ အေရွ႕ပိုင္းက Donetsk နဲ႔ Luhansk ၊ ေတာင္ပိုင္းက Kherson နဲ႔ Zaporizhzhia ေဒသေတြ ကို သိမ္းယူဖို႔လုပ္တဲ့ ဘယ္ဆံုးျဖတ္ခ်က္မ်ိဳးကမဆို တရားမဝင္သလို အျပစ္တင္ရႈတ္ခ်တာကို ခံရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ယူကရိန္းက အဲဒီေဒသ ၄ ခုကို ႐ုရွားႏိုင္ငံထဲ တရားဝင္ထည့္သြင္းမယ့္ အခန္းအနားကို ေသာၾကာေန႔မွာ က်င္းပမွာ ျဖစ္ေၾကာင္း ႐ုရွားအစိုးရက ၾကာသပေတးေန႔အေစာပိုင္းမွာ ေၾကညာခဲ့တာပါ။ ဒီလုပ္ရပ္ဟာ တရားမဝင္တဲ့အတြက္ လက္မခံေၾကာင္း ယူကရိန္းကေရာ ဒီလုပ္ရပ္ကိုတုန္႔ျပန္တဲ့အေနနဲ႔ ေနာက္ထပ္ ဒဏ္ခတ္အေရးယူဖို႔ အသင့္ျဖစ္ေနတဲ႔ မဟာမိတ္ႏိုင္ငံေတြကပါ ေျပာပါတယ္။

႐ုရွားအစိုးရေျပာခြင့္ရ Dmitry Peskov ကေတာ့ ဒီအခန္းအနားကို သမၼတ Vladimir Putin နဲ႔ အတူ ဒီေဒသ ၄ ခုမွာ ႐ုရွားခန္႔အပ္လိုက္တဲ့ အႀကီးအကဲေတြပါ တက္ေရာက္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ အခုလို ႐ုရွားလုပ္ေဆာင္မႈကို ဂ်ာမဏီက ဘယ္ေတာ့မွ အသိမွတ္ျပဳမွာ မဟုတ္ေၾကာင္း ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Olaf Scholz က ယူကရိန္းသမၼတ Volodymyr Zelenskky က ၾကာသပေတးေန႔မွာပဲ ကတိေပးခဲ့ပါတယ္။

ကုလသမဂၢလံုျခံဳေရးေကာင္စီမွာလည္း ႐ုရွားရဲ႕ အတုအေယာင္ဆႏၵခံယူပြဲကို ရႈတ္ခ်တဲ့ အဆိုျပဳမႈၾကမ္းကို အေမရိကန္က Albania နဲ႔ အတူေရးဆြဲေနတာပါ။ ဒီမူၾကမ္းမွာ ယူကရိန္းရဲ႕အေနထားမွာ ဘာအေျပာင္းအလဲျဖစ္လာလာ ကမာၻ႔ႏိုင္ငံေတြက အသိမွတ္မျပဳဖို႔နဲ႔ ယူကရိန္းကေန ႐ုရွားတပ္ေတြျပန္ဆုတ္ခြါဖို႔ တိုက္တြန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ယူကရိန်းနယ်(၄)ခု ရုရှားနိုင်ငံထဲ ထည့်သွင်းမယ့်ကိစ္စ ကုလအကြီးအကဲ ရှုတ်ချ

ယူကရိန်းနိုင်ငံထဲက ရုရှားသိမ်းပိုက်ထားတဲ့ ဒေသ ၄ ခု ကို သောကြာနေ့မှာ ရုရှားနိုင်ငံထဲ အခန်းအနားနဲ့တရားဝင်ထည့်သွင်းဖို့ ရုရှားအစိုးရက စီစဉ်နေတာဟာ တရားမဝင်ကြောင်းနဲ့ ဒါကိုလက်ခံမှာ မဟုတ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

“ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းက ရှင်းပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ပိုင်နက်ကို တခြားတနိုင်ငံက ခြိမ်းခြောက်လို့ ဖြစ်စေ အင်အားသုံးပြီးဖြစ်စေ တိုက်ခိုက်သိမ်းယူမယ် ဆိုရင် ဒါဟာ နိုင်ငံတကာဥပဒေကိုရော ကုလသမဂ္ဂပဋိဉာဉ်စာတမ်းကိုပါ ချိုးဖေါက်တာ ဖြစ်ပါတယ်”

ယူကရိန်း ပိုင်နက်၄ ခုဖြစ်တဲ့ အရှေ့ပိုင်းက Donetsk နဲ့ Luhansk ၊ တောင်ပိုင်းက Kherson နဲ့ Zaporizhzhia ဒေသတွေ ကို သိမ်းယူဖို့လုပ်တဲ့ ဘယ်ဆုံးဖြတ်ချက်မျိုးကမဆို တရားမဝင်သလို အပြစ်တင်ရှုတ်ချတာကို ခံရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ယူကရိန်းက အဲဒီဒေသ ၄ ခုကို ရုရှားနိုင်ငံထဲ တရားဝင်ထည့်သွင်းမယ့် အခန်းအနားကို သောကြာနေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း ရုရှားအစိုးရက ကြာသပတေးနေ့အစောပိုင်းမှာ ကြေညာခဲ့တာပါ။ ဒီလုပ်ရပ်ဟာ တရားမဝင်တဲ့အတွက် လက်မခံကြောင်း ယူကရိန်းကရော ဒီလုပ်ရပ်ကိုတုန့်ပြန်တဲ့အနေနဲ့ နောက်ထပ် ဒဏ်ခတ်အရေးယူဖို့ အသင့်ဖြစ်နေတဲ့ မဟာမိတ်နိုင်ငံတွေကပါ ပြောပါတယ်။

ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကတော့ ဒီအခန်းအနားကို သမ္မတ Vladimir Putin နဲ့ အတူ ဒီဒေသ ၄ ခုမှာ ရုရှားခန့်အပ်လိုက်တဲ့ အကြီးအကဲတွေပါ တက်ရောက်မှာ ဖြစ်ကြောင်း ပြောပါတယ်။ အခုလို ရုရှားလုပ်ဆောင်မှုကို ဂျာမဏီက ဘယ်တော့မှ အသိမှတ်ပြုမှာ မဟုတ်ကြောင်း ဂျာမဏီဝန်ကြီးချုပ် Olaf Scholz က ယူကရိန်းသမ္မတ Volodymyr Zelenskky က ကြာသပတေးနေ့မှာပဲ ကတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း ရုရှားရဲ့ အတုအယောင်ဆန္ဒခံယူပွဲကို ရှုတ်ချတဲ့ အဆိုပြုမှုကြမ်းကို အမေရိကန်က Albania နဲ့ အတူရေးဆွဲနေတာပါ။ ဒီမူကြမ်းမှာ ယူကရိန်းရဲ့အနေထားမှာ ဘာအပြောင်းအလဲဖြစ်လာလာ ကမ္ဘာ့နိုင်ငံတွေက အသိမှတ်မပြုဖို့နဲ့ ယူကရိန်းကနေ ရုရှားတပ်တွေပြန်ဆုတ်ခွါဖို့ တိုက်တွန်းထားတာပါ။

XS
SM
MD
LG