သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းဝန္ႀကီးခ်ဳပ္ ဂ်ာမန္သမၼတနဲ႔ေတြ႔ဆုံၿပီး လက္နက္အကူအညီေတာင္းခံ


Russia Ukraine War

ယူကရိန္းႏိုင္ငံအေနနဲ႔ ႐ုရွားနဲ႔ တိုက္ေနတဲ့စစ္ပြဲမွာ ေနာက္ထပ္အကူအညီေတြ လိုအပ္ေနၿပီး၊ ဂ်ာမနီႏိုင္ငံအေနနဲ႔ ယူကရိန္းကို ေနာက္ထပ္လက္နက္ေတြ ကူညီပံ့ပို႔ဖို႔ ယူကရိန္းဝန္ႀကီးခ်ဳပ္ Denys Shmygal ဟာ ဒီေန႔ပန္ၾကားလိုက္ပါတယ္။ ယူကရိန္းဝန္ႀကီးခ်ဳပ္ဟာ ဂ်ာမနီႏိုင္ငံကို ေရာက္ရွိေနၿပီး၊ ဒါဟာ လေပါင္းမ်ားစြာအတြင္း ယူကရိန္းႏိုင္ငံရဲ႕ ထိပ္တန္းတာဝန္ရွိသူတဦး ဂ်ာမနီႏိုင္ငံကို ပထမဆုံးအႀကိမ္ သြားေရာက္တာ ျဖစ္ပါတယ္။

ယူကရိန္းဝန္ႀကီးခ်ဳပ္ဟာ သူ႔ရဲ႕ခရီးစဥ္အတြင္း ဂ်ာမနီသမၼတ Frank-Walter Steinmeier နဲ႔ ေတြ႔ဆုံခဲ့ၿပီး၊ စစ္ေရးအေျခအေနေတြ၊ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ တိုးျမႇင့္ဖို႔နဲ႔ ယူကရိန္းႏိုင္ငံကို လက္နက္ပံပိုးဖို႔ လိုအပ္တဲ့အေၾကာင္ေတြကို ေဆြးေႏြးခဲ့တယ္လို႔ သူက တြစ္တာကေန ေျပာပါတယ္။

ဒါ့အျပင္ ယူကရိန္းဝန္ႀကီးခ်ဳပ္ဟာ ဒီေန႔ေႏွာင္းပိုင္းမွာ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ ေတြ႔ဆုံဖို႔ရွိၿပီး၊ ဂ်ာမနီႏိုင္ငံကိုလည္း ယူကရိန္းနဲ႔ အတူရပ္တည္ၿပီး အကူအညီေပးတဲ့အတြက္ ေက်းဇူးတင္တယ္လို႔ ေျပာလိုက္ပါတယ္။ ဂ်ာမနီအေနနဲ႔ ယူကရိန္းဘက္ကေန ဆက္ၿပီးေတာ့ ရပ္တည္သြားမွာ ျဖစ္တယ္လို႔ ဂ်ာမနီသမၼတ Steinmeier က ထပ္ေလာင္အာမခံခဲ့ေၾကာင္း ဂ်ာမနီသမၼတ ေျပာခြင့္ရက ေျပာပါတယ္။

=== Unicode ===

ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနဲ့ တိုက်နေတဲ့စစ်ပွဲမှာ နောက်ထပ်အကူအညီတွေ လိုအပ်နေပြီး၊ ဂျာမနီနိုင်ငံအနေနဲ့ ယူကရိန်းကို နောက်ထပ်လက်နက်တွေ ကူညီပံ့ပို့ဖို့ ယူကရိန်းဝန်ကြီးချုပ် Denys Shmygal ဟာ ဒီနေ့ပန်ကြားလိုက်ပါတယ်။ ယူကရိန်းဝန်ကြီးချုပ်ဟာ ဂျာမနီနိုင်ငံကို ရောက်ရှိနေပြီး၊ ဒါဟာ လပေါင်းများစွာအတွင်း ယူကရိန်းနိုင်ငံရဲ့ ထိပ်တန်းတာဝန်ရှိသူတဦး ဂျာမနီနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။

ယူကရိန်းဝန်ကြီးချုပ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ဂျာမနီသမ္မတ Frank-Walter Steinmeier နဲ့ တွေ့ဆုံခဲ့ပြီး၊ စစ်ရေးအခြေအနေတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့နဲ့ ယူကရိန်းနိုင်ငံကို လက်နက်ပံပိုးဖို့ လိုအပ်တဲ့အကြောင်တွေကို ဆွေးနွေးခဲ့တယ်လို့ သူက တွစ်တာကနေ ပြောပါတယ်။

ဒါ့အပြင် ယူကရိန်းဝန်ကြီးချုပ်ဟာ ဒီနေ့နှောင်းပိုင်းမှာ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ တွေ့ဆုံဖို့ရှိပြီး၊ ဂျာမနီနိုင်ငံကိုလည်း ယူကရိန်းနဲ့ အတူရပ်တည်ပြီး အကူအညီပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါတယ်။ ဂျာမနီအနေနဲ့ ယူကရိန်းဘက်ကနေ ဆက်ပြီးတော့ ရပ်တည်သွားမှာ ဖြစ်တယ်လို့ ဂျာမနီသမ္မတ Steinmeier က ထပ်လောင်အာမခံခဲ့ကြောင်း ဂျာမနီသမ္မတ ပြောခွင့်ရက ပြောပါတယ်။

XS
SM
MD
LG