သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္၊ ဂ်ာမနီနဲ႔ အီတလီ ေခါင္းေဆာင္ေတြ ယူကရိ္န္းကိုသြားေရာက္


[[ ZAWGYI / UNICODE ]]

ျပင္သစ္၊ ဂ်ာမနီနဲ႔ အီတလီ ေခါင္းေဆာင္ေတြ ယူကရိ္န္းကိုသြားေရာက္

႐ုရွားက်ဳးေက်ာ္မႈနဲ႔ ရင္ဆိုင္ေနရတဲ့ ယူကရိန္းကို အားေပးေထာက္ခံေၾကာင္း ျပသတဲ့အေနနဲ႔ ျပင္သစ္သမၼတ Emmanuel Macron ဂ်ာမန္၀န္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ အီတလီ၀န္ႀကီးခ်ဳပ္ Mario Draghi တို႔ Kyiv ၿမိဳ႕ေတာ္ကို ၾကာသပေတးေန႔က သြားေရာက္ၾကပါတယ္။ အေရးႀကီးတဲ့ ကာလမွာ ယူကရိန္းျပည္သူေတြအတြက္ ညီၫြတ္ေၾကာင္း သတင္းစကားပါးဖို႔ ရည္ရြယ္တဲ့ ခရီးစဥ္ျဖစ္ေၾကာင္းလည္း ျပင္သစ္သမၼတက ေျပာဆိုခဲ့တာပါ။

“လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူ ပထမဆုံး သတင္းစကား ပါးခ်င္တာကေတာ့ ဥေရာပဟာ ယူကရိန္းနဲ႔အတူ ရပ္တည္ေနၿပီး၊ ေအာင္ပဲြရတဲ့အထိ လိုအပ္သေလာက္ ဆက္လက္ ရပ္တည္သြားမွာ ျဖစ္ပါတယ္။” လို႔ Kyiv ၿမိဳ႕ေတာ္က ပူးတဲြသတင္းစာ ရွင္းလင္းပဲြမွာ ျပင္သစ္သမၼတက ေျပာဆိုသြားတာ ျဖစ္ပါတယ္။

ယူကရိန္းႏိုင္ငံကို ဥေရာပသမဂၢ (EU) အဖဲြ႕၀င္အျဖစ္ လက္ခံသင့္မသင့္ ဥေရာပေကာ္မရွင္က စဥ္းစားေနခ်ိန္မွာပဲ ဥေရာပေခါင္းေဆာင္ေတြ Kyiv ၿမိဳ႕ေတာ္ကို ႐ုတ္တရက္ သြားေရာက္ခဲ့ၾကၿပီး ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔ ေတြ႕ဆုံခဲ့တာပါ။

အေမရိကန္ ျပည္ေထာင္စုကေတာ့ ယူကရိန္းအတြက္ ေနာက္ထပ္ စစ္ေရးအကူအညီအျဖစ္ ေဒၚလာသန္း ၁ ေထာင္ေပးဖို႔ ဗုဒၶဟူးေန႔မွာပဲ ေၾကညာထားၿပီး ဒါဟာဆိုရင္ ယူကရိန္းကို အေမရိကန္က ေပးအပ္တဲ့ အကူအညီ ၁၂ ႀကိမ္မွာ အမ်ားဆုံးလည္း ျဖစ္ပါတယ္။

အေမရိကန္က တိုက္႐ိုက္ေပးမယ့္ ေဒၚလာသန္း ၃၅၀ တန္ဘိုးရွိတဲ့ စစ္ေရးအကူအညီမွာ တာေ၀းပစ္ ေဟာင္၀စ္ဇာအေျမာက္ ၁၈ လက္နဲ႔ က်ည္ ၃ ေသာင္း ၆ ေထာင္၊ အေျမာက္ဆဲြကား ၁၈ စင္းတို႔အျပင္၊ တျခားက်ည္ဆံခဲယမ္းနဲ႔ စစ္ပစၥည္းေတြ ပါ၀င္ေၾကာင္း အေမရိကန္ အမ်ဳိးသားလုံျခံဳေရးေကာင္စီ ေျပာခြင့္ရ John Kirby ကေျပာပါတယ္။

================================

{{ UNICODE }}

ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ ခေါင်းဆောင်တွေ ယူကရိန်းကိုသွားရောက်

ရုရှားကျုးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပြင်သစ်သမ္မတ Emmanuel Macron ဂျာမန်ဝန်ကြီးချုပ် Olaf Scholz နဲ့ အီတလီဝန်ကြီးချုပ် Mario Draghi တို့ Kyiv မြို့တော်ကို ကြာသပတေးနေ့က သွားရောက်ကြပါတယ်။ အရေးကြီးတဲ့ ကာလမှာ ယူကရိန်းပြည်သူတွေအတွက် ညီညွတ်ကြောင်း သတင်းစကားပါးဖို့ ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်ကြောင်းလည်း ပြင်သစ်သမ္မတက ပြောဆိုခဲ့တာပါ။

“လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပထမဆုံး သတင်းစကား ပါးချင်တာကတော့ ဥရောပဟာ ယူကရိန်းနဲ့အတူ ရပ်တည်နေပြီး၊ အောင်ပွဲရတဲ့အထိ လိုအပ်သလောက် ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။” လို့ Kyiv မြို့တော်က ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြင်သစ်သမ္မတက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်အဖြစ် လက်ခံသင့်မသင့် ဥရောပကော်မရှင်က စဉ်းစားနေချိန်မှာပဲ ဥရောပခေါင်းဆောင်တွေ Kyiv မြို့တော်ကို ရုတ်တရက် သွားရောက်ခဲ့ကြပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုကတော့ ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီအဖြစ် ဒေါ်လာသန်း ၁ ထောင်ပေးဖို့ ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာထားပြီး ဒါဟာဆိုရင် ယူကရိန်းကို အမေရိကန်က ပေးအပ်တဲ့ အကူအညီ ၁၂ ကြိမ်မှာ အများဆုံးလည်း ဖြစ်ပါတယ်။

အမေရိကန်က တိုက်ရိုက်ပေးမယ့် ဒေါ်လာသန်း ၃၅၀ တန်ဘိုးရှိတဲ့ စစ်ရေးအကူအညီမှာ တာဝေးပစ် ဟောင်ဝစ်ဇာအမြောက် ၁၈ လက်နဲ့ ကျည် ၃ သောင်း ၆ ထောင်၊ အမြောက်ဆွဲကား ၁၈ စင်းတို့အပြင်၊ တခြားကျည်ဆံခဲယမ်းနဲ့ စစ်ပစ္စည်းတွေ ပါဝင်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby ကပြောပါတယ်။

XS
SM
MD
LG