သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားက ဓါတ္ေငြ႔တင္သြင္းမႈ အမွီအခိုကင္းေအာင္ ဂ်ာမနီ ဓါတ္ေငြ႔ျဖန႔္ျဖဴးေရးစက္႐ုံသစ္ေဆာက္


ဂ်ာမဏီႏိုင္ငံ ဓါတ္ေငြ႔စက္ရံု

ဂ်ာမနီႏိုင္ငံကို တင္သြင္းတဲ့ ဓါတ္ေငြ႔ရည္ေတြကို ျဖန႔္ေဝဖို႔အတြက္ ဓါတ္ေငြ႔ထိန္းသိမ္း ျဖန႔္ျဖဴးေရးစက္႐ုံကို ေျမာက္ပိုင္းပင္လယ္ ကမ္း႐ိုးတန္းမွာ တည္ေဆာက္လိုက္ပါတယ္။ ႐ုရွားႏိုင္ငံကေန မၾကာခင္က တင္သြင္းခဲ့တဲ့ ဓါတ္ေငြပမာဏရဲ႕ ၂၀% နဲ႔ ညီမွ်တဲ့ ဓါတ္ေငြပမာဏကို အဲဒီစက္႐ုံကေန ဓါတ္ေငြ႔ေတြကို အခုလာမယ့္ ေဆာင္းရာသီကေန စတင္ျဖန႔္ျဖဴးသြားႏိုင္မွာ ျဖစ္ပါတယ္။

႐ုရွားက ယူကရိန္းကို စတင္က်ဴးေက်ာ္ခဲ့ခ်ိန္ကစၿပီး၊ ႐ုရွားအစိုးရဘက္က ဂ်ာမနီႏိုင္ငံကို ဓါတ္ေငြတင္ပို႔ေနတာေတြကို ကန႔္သတ္ထိန္းခ်ဳပ္လာေနတာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ ဥေရာပကို ဓါတ္ေငြ႔တင္ပို႔ေနတဲ့ Nord Stream ပိုက္လိုင္းဟာလည္း ၿပီးခဲ့တဲ့တပတ္က ထိခိုက္ပ်က္စီးသြားခဲ့ၿပီး၊ ဒိန္းမတ္နဲ႔ ဆြီဒင္ႏိုင္ငံဘက္က သတင္းတခုမွာေတာ့ ဒါက တမင္သက္သက္လုပ္တာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဂ်ာမနီအစိုးရကေတာ့ ဓါတ္ေငြ႔ေတြကို တျခားနည္းလမ္းကေန တင္သြင္းႏိုင္ဖို႔အတြက္ စီမံကိန္း ၅ ခု တည္ေဆာက္ဖို႔ ေဒၚလာဘီလ်ံနဲ႔ သုံးစြဲခဲ့ပါတယ္။ အဲဒီစီမံကိန္း ၅ ခုကေန ၁ ႏွစ္ကို ဓါတ္ေငြ႔ပမာဏ စုစုေပါင္း ၂၅ ဘီလ်ံ ကုဗမီတာ သိုေလွာင္ျဖန႔္ျဖဴးသြားႏိုင္မွာျဖစ္ၿပီး ဒါဟာ Nordstream ပိုက္လိုင္းကေန တင္သြင္းေနတဲ့ ဓါတ္ေငြ႔ပမာဏရဲ႕ ထက္ဝက္ေလာက္ရွိတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တပတ္ကေတာ့ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz ကေတာ့ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE ႏိုင္ငံကေန ဓါတ္ေငြ႔တင္သြင္းဖို႔ သေဘာတူညီမႈလက္မွတ္ ေရးထိုးခဲ့ပါတယ္။

===== Unicode ====

ဂျာမနီနိုင်ငံကို တင်သွင်းတဲ့ ဓါတ်ငွေ့ရည်တွေကို ဖြန့်ဝေဖို့အတွက် ဓါတ်ငွေ့ထိန်းသိမ်း ဖြန့်ဖြူးရေးစက်ရုံကို မြောက်ပိုင်းပင်လယ် ကမ်းရိုးတန်းမှာ တည်ဆောက်လိုက်ပါတယ်။ ရုရှားနိုင်ငံကနေ မကြာခင်က တင်သွင်းခဲ့တဲ့ ဓါတ်ငွေပမာဏရဲ့ ၂၀% နဲ့ ညီမျှတဲ့ ဓါတ်ငွေပမာဏကို အဲဒီစက်ရုံကနေ ဓါတ်ငွေ့တွေကို အခုလာမယ့် ဆောင်းရာသီကနေ စတင်ဖြန့်ဖြူးသွားနိုင်မှာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ချိန်ကစပြီး၊ ရုရှားအစိုးရဘက်က ဂျာမနီနိုင်ငံကို ဓါတ်ငွေတင်ပို့နေတာတွေကို ကန့်သတ်ထိန်းချုပ်လာနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဥရောပကို ဓါတ်ငွေ့တင်ပို့နေတဲ့ Nord Stream ပိုက်လိုင်းဟာလည်း ပြီးခဲ့တဲ့တပတ်က ထိခိုက်ပျက်စီးသွားခဲ့ပြီး၊ ဒိန်းမတ်နဲ့ ဆွီဒင်နိုင်ငံဘက်က သတင်းတခုမှာတော့ ဒါက တမင်သက်သက်လုပ်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂျာမနီအစိုးရကတော့ ဓါတ်ငွေ့တွေကို တခြားနည်းလမ်းကနေ တင်သွင်းနိုင်ဖို့အတွက် စီမံကိန်း ၅ ခု တည်ဆောက်ဖို့ ဒေါ်လာဘီလျံနဲ့ သုံးစွဲခဲ့ပါတယ်။ အဲဒီစီမံကိန်း ၅ ခုကနေ ၁ နှစ်ကို ဓါတ်ငွေ့ပမာဏ စုစုပေါင်း ၂၅ ဘီလျံ ကုဗမီတာ သိုလှောင်ဖြန့်ဖြူးသွားနိုင်မှာဖြစ်ပြီး ဒါဟာ Nordstream ပိုက်လိုင်းကနေ တင်သွင်းနေတဲ့ ဓါတ်ငွေ့ပမာဏရဲ့ ထက်ဝက်လောက်ရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်ကတော့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကတော့ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံကနေ ဓါတ်ငွေ့တင်သွင်းဖို့ သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ပါတယ်။

XS
SM
MD
LG