သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OPEC ရေနံလျှော့ထုတ်မှု ကန်-ဆော်ဒီဆက်ဆံရေးကို ထိခိုက်နိုင်


အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ Bob Menendez ။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ Bob Menendez ။

(Zawgyi / Unicode)

အမေရိကန်ရဲ့ ကာလရှည် မဟာမိတ် ဖြစ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံက ရေနံထုတ်လုပ်မှု လျှော့ချရေး သဘောတူညီလိုက်တဲ့ အတွက် အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန် အစိုးရနဲ့ လွှတ်တော် အမတ်တွေက ဒီသီတင်းပတ် အတွင်းမှာ ဖိအားပေးနေကြပါတယ်။

အမေရိကန်က ကန့်ကွက်နေတဲ့ ကြားထဲကဘဲ ဆော်ဒီအာရေဗျ ပါဝင်တဲ့ ရေနံထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများ အဖွဲ့ OPEC က တရက်ကို ရေနံစည် ၂ သန်း လျှော့ချ ထုတ်လုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ ကြေညာခဲ့တာပါ။ စီးပွားရေး အပေါ်မှာ အခြေခံ စဉ်းစားပြီး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး တော်ဝင်မင်းသား Faisal bin Farhan က ပြောပါတယ်။ အမေရိကန် လွှတ်တော် အမတ် တချို့ကတော့ ဆော်ဒီကို လက်နက် ရောင်းချမှု အဆုံးသတ်ဖို့ တောင်းဆိုနေကြပါတယ်။

နောက်လထဲ လွှတ်တော်တွေ ပြန်စတဲ့ အချိန်မှာ ဒီ အဆိုပြုချက်ကို စဉ်းစား သုံးသပ်ဖို့ ဆန္ဒရှိတဲ့ သဘောလည်း အမေရိကန် သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုထားပါတယ်။ ဆော်ဒီရဲ့ ဆုံးဖြတ်ချက်ဟာဆိုရင် ရုရှားရဲ့ ယူကရိန်း စစ်ပွဲကို လက်ခံတဲ့ သဘော သက်ရောက်တယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ Bob Menendez က တနလာၤနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်း ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားကို ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ ရုရှားရဲ့ ရေနံ တင်ပို့မှုကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG