သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OPEC မှ ကာတာနိုင်ငံ နုတ်ထွက်မည်


၂၀၁၉ ဇန်နဝါရီလကစပြီး ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံများအဖွဲ့ OPEC ကနေနုတ်ထွက်တော့မယ်လို့ Qatar နိုင်ငံက ပြောကြားလိုက်ပါတယ်။ LNG ဓါတ်ငေ့ွရည်ထုတ်လုပ်မှုကို ပိုပြီး အာရုံစိုက်နိုင်ဖို့ OPEC အဖွဲ့ကနေ နုတ်ထွက်မယ်လို့ စွမ်းအင်ဝန်ကြီး Saad Sherida al-Kaabi က ဒီကနေ့ Doha မြို့တော်မှာ မျှော်လင့်မထားဘဲကြေညာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာမှာ LNG ဓါတ်ငွေ့ရည်အများဆုံးထုတ်လုပ်နေတဲ့ Qatar နိုင်ငံက လောလောဆယ် တနှစ်ကို ဓါတ်ငွေ့ရည်တန်ချိန် ၇၇ သန်း ထုတ်လုပ်ရောင်းချနေတာကနေ တန်ချိန် သန်း ၁၁၀ အထိတိုးမြှင့်တင်ပို့သွားဖို့ ရည်ရွယ်ထားတယ်လို့ ဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရေနံထုတ်လုပ်မှုကိုလည်း တနေ့ကို ရေနံစည် ၄.၈ သန်းကနေ ၆ သန်းခွဲအထိတိုးမြှင့်သွားမယ်လို့ ပြောပါတယ်။ ရေနံနဲ့သဘာဝဓါတ်ငွေ့ကြွယ်ဝတဲ့ Qatar နိုင်ငံက OPEC အဖွဲ့မှာ သြဇာညောင်းနဲ့ Saudi Arabia နိုင်ငံနဲ့ သံတမန်ရေးမပြေလည်မှုတွေ ရှိနေချိန်မှာ OPEC အဖွဲ့ကနေနုတ်ထွက်မယ်လို့ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က နိုင်ငံရေးကြောင်း မဟုတ်ပါဘူးလို့ ဝန်ကြီး al-Kaabi ကငြင်းဆန်သွားပါတယ်။ OPEC အဖွဲ့မှာ ၅၇ နှစ်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ Qatar နိုင်ငံအနေနဲ့ ကြာသပတေးနဲ့ သောကြာနေ့တွေမှာကျင်းပမယ့် OPEC စည်းဝေးပွဲတွေကို တက်မှာဖြစ်ပြီး ပေးထားတဲ့ ကတိကဝတ်တွေကျေပွန်အောင်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

တချိန်ထဲမှာ ရုရှားနဲ့ Saudi Arabia နိုင်ငံကြား ရေနံထုတ်လုပ်မှု လျော့ချဖို့သဘောတူညီချက်ကို ထပ်ပြီးသက်တမ်းတိုးလိုက်တဲ့အတွက် ဒီကနေ့ တနင်္လာနေ့မှာ ရေနံဈေးတွေ တက်သွားပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ရေနံဈေးတွေကျနေတာကြောင့် ရေနံထုတ်မှုကို ကန့်သတ်တဲ့သဘောတူညီမှုကို သက်တမ်တိုးဖို့ Saudi အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့သဘောတူခဲ့တယ်လို့ ရုရှားသမ္မတ Vladimir Putin ကပြောကြားခဲ့ပါတယ်။

OPEC မှ ကာတာနိုင်ငံ နုတ်ထွက်မည်
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG