သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီက ရေနံတိုးထုတ်ဖို့ Donald Trump ကို ကတိပေး


 Saudi ရေနံလုပ်ကွက်အမှတ် ၃ မှ ရေနံထုတ်လုပ်မှု။
Saudi ရေနံလုပ်ကွက်အမှတ် ၃ မှ ရေနံထုတ်လုပ်မှု။

ကမ္ဘာတဝန်း ရေနံဈေးတက်နေတာ ကျဆင်းသွားအောင် Saudi Arabia နိုင်ငံက ရေနံတိုးထုတ်မယ်လို့ ဘုရင် Salman က သူ့ကိုကတိပေးခဲ့တယ်လို့ အမေရိကန် သမ္မတ Donald Trump ကပြောလိုက်ပါတယ်။

အီရန်နဲ့ Venezuela နိုင်ငံတွေက ကမောက်ကမအခြေအနေတွေကြောင့် တက်နေတဲ့ရေနံဈေးကျအောင် Saudi ကို ရေနံပိုထုတ်ဖို့ ပြောခဲ့တာကို Saudi ဘုရင်က လက်ခံကြောင်းနဲ့ တရက်ကို ရေနံစည် ၂ သန်းအထိ ထုတ်ကောင်းထုတ်မယ်လို့ သမ္မတက Twiter ပေါ်မှာ ရေးသားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ Saudi တော်ဝင်အိမ်တော်ဘက်က တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။

အီရန်နိုင်ငံက ရေနံဝယ်ယူမှု အဆုံးသတ်ဖို့ အမေရိကန်အစိုးရက မဟာမိတ်နိုင်ငံတွေကို တိုက်တွန်းနေတာနဲ့အတူ ရေနံဈေးတွေ တက်နေပါတယ်။ ရေနံထုတ်လုပ်ရောင်းချတဲ့ နိုင်ငံများအဖွဲ့ OPEC ကလည်း တနေ့ကို ရေနံစိမ်း စည် ၁ သန်းတိုးထုတ်လုပ်မယ်လို့ မကြာခင်က သဘောတူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG