သုံးရလွယ်ကူစေသည့် Link များ

ရေနံထုတ်လုပ်မှု ပမာဏနဲ့ ပတ်သက်လို့ သဘောတူညီချက် အသစ်တရပ် ရရှိရေး ရေနံတင်ပို့ ထုတ်လုပ်တဲ့ နိုင်ငံများအဖွဲ့ (OPEC) ရဲ့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့က အစည်းအဝေးပွဲအတွင်း ဆွေးနွေးခဲ့ကြပေမဲ့ အောင်မြင်မှု မရခဲ့ကြပါဘူး။

ဒီသတင်း ထွက်ပေါ်ခဲ့ပြီး နောက်မှာတော့ နယူးယောက်နဲ့ လန်ဒန်မြို့တွေမှာ ရေနံဈေးတွေ ပြန်တက်လာခဲ့တာပါ။

OPEC အဖွဲ့ဝင်တွေကြား ရေနံတိုးမြှင့် ထုတ်လုပ်ဖို့ သဘောတူညီမှုတရပ် ရရှိကောင်း ရရှိလိမ့်မယ်လို့ ခန့်မှန်းချက်တွေနဲ့အတူ အစောပိုင်းမှာ ရေနံဈေးတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

OPEC အဖွဲ့က ကမ္ဘာ့ရေနံရဲ့ ၄၀% ကို ထုတ်လုပ်နေတာဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ တနေ့ကို ရေနံစည်ပေပါ ၂၅ သန်းအောက်မှာသာ ထုတ်လုပ်ဖို့လည်း တရားဝင် သတ်မှတ်ထားတာပါ။

အဖွဲ့ဝင် တချို့ကတော့ ကမ္ဘာ့ လောင်စာဈေးကွက်မှာ ရေနံတင်ပို့မှုဟာ လုံလောက်နေဆဲဖြစ်ပြီး ဈေးတွေ တက်နေရတာဟာ ထုတ်လုပ်မှု နည်းပါးတာကြောင့် မဟုတ်ဘဲ ဈေးကစားလို့သာ ဖြစ်ရတာလို့ အပြစ်ဖို့ကြပါတယ်။

တချိန်တည်းမှာပဲ တခြား OPEC အဖွဲ့ဝင်တွေကတော့ ရေနံဈေးတွေ တက်နေတဲ့အတွက် ဖောက်သည်တွေ စွမ်းအင် စုဆောင်းတာမျိုးတွေ၊ တခြားလောင်စာတွေနဲ့ အစားထိုး သုံးစွဲလာတာမျိုးတွေကြောင့် ရေနံထုတ်လုပ်သူတွေအတွက် ၀ယ်လိုအား လိုအပ်ချက်မှာ ပြဿနာတွေ ကြုံရနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

XS
SM
MD
LG