သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံထုတ်လုပ်မှုလျော့ချဖို့ အိုပက်နဲ့ မိတ်ဆွေနိုင်ငံတွေ သဘောတူ


မက္ကဆီကိုက ရေနံထုတ်လုပ်မှု

[ ZAWGYI ]
မက္ကဆီကိုက ရေနံထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး သဘောတူမယ့် အရိပ်အယောင် တွေ့လာရတဲ့ နောက်မှာ OPEC နဲ့ မိတ်ဆွေနိုင်ငံတွေကြား ဇူလိုင်လ အထိ တနေ့ကို ရေနံစည် ၁၀ သန်း လျှော့ချ ထုတ်လုပ်ဖို့သဘောတူလိုက်ကြပါပြီ။

ရေနံဈေးတွေ ကျဆင်းနေတာကို ကာမိစေဖို့ ရေနံထွက် နိုင်ငံတွေကြား ဘယ်လောက် လျှော့ ထုတ်ကြမယ် ဆိုတာ မဆုံးဖြတ်နိုင်ပဲဖြစ်နေချိန်မှာပဲ G 20 စက်မှုထိပ်သီးနိုင်ငံ ၂၀ က စွမ်းအင်ဆိုင်ရာဝန်ကြီးတွေ သောကြာနေ့က အစည်းအဝေးကျင်းပခဲ့တာ ဖြစ်ပြီး ဒီအစည်းဝေးမှာ မက်ဆီကိုက အမေရိကန်နဲ့ သဘောတူညီချက် ရပြီလို့ ကြေညာခဲ့တာပါ။ ဒီအစည်းအဝေးကို ဆော်ဒီအာရေဗျ က ကမကထ လုပ်ပြီွးရုပ်သံနဲ့ ကျင်းပခဲ့တာပါ။

ဒီလို ကြေညာလိုက်ပြီးတဲ့ နောက်မှာ ရုရှားအပါအဝင် OPEC အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေကပါ တနေ့ကို ရေနံစည် ၁၀ သန်း လျော့ထုတ်ပြီး ရေနံဈေးမြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။



တိုက်ရိုက် လင့်ခ်


[ UNICODE ]
မက်ဆီကိုက ရေနံထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး သဘောတူမယ့် အရိပ်အယောင် တွေ့လာရတဲ့ နောက်မှာ OPEC နဲ့ မိတ်ဆွေနိုင်ငံတွေကြား ဇူလိုင်လ အထိ တနေ့ကို ရေနံစည် ၁၀ သန်း လျှော့ချ ထုတ်လုပ်ဖို့သဘောတူလိုက်ကြပါပြီ။

ရေနံစျေးတွေ ကျဆင်းနေတာကို ကာမိစေဖို့ ရေနံထွက် နိုင်ငံတွေကြား ဘယ်လောက် လျှော့ ထုတ်ကြမယ် ဆိုတာ မဆုံးဖြတ်နိုင်ပဲဖြစ်နေချိန်မှာပဲ G 20 စက်မှုထိပ်သီးနိုင်ငံ ၂၀ က စွမ်းအင်ဆိုင်ရာဝန်ကြီးတွေ သောကြာနေ့က အစည်းအဝေးကျင်းပခဲ့တာ ဖြစ်ပြီး ဒီအစည်းဝေးမှာ မက်ဆီကိုက အမေရိကန်နဲ့ သဘောတူညီချက် ရပြီလို့ ကြေညာခဲ့တာပါ။ ဒီအစည်းအဝေးကို ဆော်ဒီအာရေဗျ က ကမကထ လုပ်ပြီး ွရုပ်သံနဲ့ ကျင်းပခဲ့တာပါ။ ဒီလို ကြေညာလိုက်ပြီးတဲ့ နောက်မှာ ရုရှားအပါအဝင် OPEC အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေကပါ တနေ့ကို ရေနံစည် ၁၀ သန်း လျော့ထုတ်ပြီး ရေနံစျေးမြှင့်တင်ဖို့သဘောတူခဲ့ကြပါတယ်။

OPEC နဲ့ မိတ်ဆွေနိုင်ငံတွေကြား ဇူလိုင်လ အထိ တနေ့ကို ရေနံစည် ၁၀ သန်းလျှော့ပြီး ထုတ်ဖို့သဘောတူညီမှု ရခဲ့သလို နှစ်ကုန်တဲ့ အထိ တနေ့ကို ရေနံစည် ၈ သန်းနဲ့ ၂၀၂၁ ခုနှစ် အစကနေ စပြီး တနေ့ကို ရေနံစည် ၆ သန်းလျှော့ ထုတ်သွားကြဖို့ သဘောတူခဲ့ကြတာပါ။

မက်ဆီကိုက ကနဦးမှာ ဒီသဘောတူညီချက် ကို လက်မခံပဲ ရှိနေရာကနေ သောကြာနေ့မှာတော့ အမေရိကန်သမ္မတ ထရမ်နဲ့ သဘောတူညီချက် ရခဲ့တယ်လို့ မက်ဆီကို သမ္မတ Andres Manuel Lopez Obrador ကပြောပါတယ်။

XS
SM
MD
LG