သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် ကနေဒါနဲ့ မက္ကဆီကို နယ်စပ်တွေ ကန် ပိတ်မည်


ကနေဒါနဲ့ အမေရိကန် နယ်စပ်တနေရာ
ကနေဒါနဲ့ အမေရိကန် နယ်စပ်တနေရာ

(Zawgyi/Unicode)

တိုင်းပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်တာကြောင့် အမေရိကန်ပြည်ထောင်စုဟာ လာမယ့် စနေနေ့ သန်းခေါင်းယံ အချိန်ကစလို့ အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီနိုင်ငံတွေနဲ့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်တော့မှာ ဖြစ်တဲ့အကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“အခု ချမှတ်လိုက်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေဟာ ဒီ ၃ နိုင်ငံစလုံးက ပြည်သူတွေရဲ့ ကျန်းမာရေးကို အကာအကွယ် ပေးမှာ ဖြစ်သလို လူအများ အမေရိကန်နိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်တာကြောင့် ကျန်းမာရေးဝန်ဆောင်မှု စွမ်းအား ကျဆင်းတာကိုလည်း လျော့ကျစေမှာ ဖြစ်ပါတယ်” လို့ ပြောသွားတာပါ။

တတိုင်းပြည်လုံး အသွားအလာတွေ ပိတ်ပင်မယ့် ကိစ္စကိုတော့ လိုအပ်လာလိမ့်မယ်လို့ မထင်ကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ကယ်လီဖိုးနီးယား၊ နယူးယောက်၊ Illinois နဲ့ Connecticut ပြည်နယ်တွေကမှာတော့ အရေးပေါ် အခြေအနေကို ထုတ်ပြန်ကြေညာခဲ့ကြပြီး ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က သန်း ၄၀ ရှိတဲ့ ပြည်နယ်သူ ပြည်နယ် သားတွေကို အိမ် အပြင်မထွက်ကြဖို့ ကြာသပတေးနေ့ က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သောကြာနေ့အထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၂၃၃ ဦး ရှိသွားခဲ့ပြီး ရောဂါပိုး ကူးစက်သူ အရေအတွက်က ၁၇၇၀၀ ရှိလာတာကြောင့် အခုလို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။

နယ်စပ်တွေကိုပိတ်ပစ်မယ့် ကြေညာချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံသားတွေ ခရီးသွားလာမှုနဲ့ ပတ်သက်လို့ သတိပေးချက်ကို မကြုံစဖူး အဆင့် ၄ အထိ မြှင့်တင်ခဲ့အပြီးမှာ ကြေညာခဲ့တာပါ။ အဆင့် ၄ အရ အမေရိကန် နိုင်ငံသား တွေ ပြည်ပခရီးမသွားကြဖို့နဲ့ ပြည်ပရောက်အမေရိကန် တွေကို လည်း တိုင်းပြည်ကို အမြန်ဆုံး ပြန်လာဖို့သတိပေးထား တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)






XS
SM
MD
LG