သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလီဖိုးနီးယားလူထု အိမ်ထဲမှာပဲနေဖို့ အုပ်ချုပ်ရေးမှူး အမိန့်ထုတ်


California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom
California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စု California ပြည်နယ်ထဲမှာ Coronavirus ပိုးကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်ဖို့အတွက် ပြည်နယ်ထဲကလူပေါင်း သန်း ၄၀ လောက်ကို အိမ်ထဲမှာပဲနေဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အမိန့်ထုတ်လိုက်ပါတယ်။

ကြာသပတေးနေ့ ညပိုင်းကစလို့ California ပြည်နယ်တခုလုံးမှာ ရှိနေကြသူတွေကို နေအိမ်တွေမှာပဲ နေကြဖို့ အမိန့်ထုတ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီအမိန့်ကို ပြည်သူတွေလိုက်နာကြမယ်လို့ အခိုင်အမာယုံကြည်တယ်လို့လည်း ပြည်နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

California ပြည်နယ်တဝန်း Coronavirus ပိုးကူးစက်သူ ၁,၀၀၀ ကျော်နဲ့ ၁၉ ယောက် သေဆုံးခဲ့ပြီးနောက် မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ကန့်သတ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြည်နယ်ထဲမှာ ရောဂါပိုးကူးစက်သူအရေအတွက် တိုးမယ်လို့ ခန့်မှန်းထားချိန်မှာ ရေတပ်စစ်ဆေးရုံသင်္ဘော တစီးကို Los Angeles ဆိပ်ကမ်းကို စေလွှတ်ပေးဖို့အတွက်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom က သမ္မတ Donald Trump ဆီကို စာရေးသား တောင်းဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စုတဝန်းမှာတော့ ရောဂါပိုးကူးစက်သူ ၁၄,၀၀၀ ကျော်၊ သေဆုံးသူ ၂၀၀ ကျော်ရှိပါတယ်။ ကမ္ဘာတဝန်းမှာ Coronavirus ပိုးကြောင့် သေဆုံးသူ ဒီကနေ့ ၁၀,၀၀၀ ကျော်သွားပါပြီ။ COVID-19 ရောဂါဖြစ်နေသူကလည်း ၂၄၄,၀၀၀ ကျော်ဖြစ်နေပါတယ်။

ရောဂါပိုး စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ပိုးနောက်ထပ် ကူးစက်သူ မရှိတာ ၂ ရက်ရှိသွားပေမဲ့ လက်ရှိရောဂါပိုးကူးစက်မှု အများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာတော့ သေဆုံးသူအရေအတွက်ဟာ တရုတ်နိုင်ငံက သေဆုံးသူ အရေအတွက်ထက် ကျော်လွန်သွားပါပြီ။ အီတလီနိုင်ငံမှာ သေဆုံးသူ ၃,၄၀၅ ယောက်ရှိတယ်လို့ အီတလီတာဝန်ရှိသူတွေက ကြာသပတေးနေ့က ကြေညာပါတယ်။

တရုတ်နိုင်ငံမှာတော့ စုစုပေါင်းသေဆုံးသူက ၃,၂၄၈ ယောက်ဖြစ်ပါတယ်။ တရုတ်ပြီးရင် အာရှမှာ ကူးစက်သူအများဆုံး တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ်ပိုးကူးစက်သူအရေအတွက် ၁၀၀ အောက်ရောက်နေရာက ပြန်များနေပြီး ကြာသပတေးနေ့က ကူးစက်သူ ၁၅၂ ယောက် ရှိခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ကြာသပတေးနေ့က ရောဂါပိုးကူးစက်သူအသစ် ၂,၈၀၀ အထိတိုးသွားခဲ့ပါတယ်။ တယောက်နဲ့တယောက် ခပ်ခွာခွာမနေကြတာအပါအဝင် ပိုးမကူးအောင် ရှောင်ကြဉ်သင့်တဲ့ကိစ္စတွေကို အသေအချာ မလိုက်နာဘူးဆိုရင် ဂျာမန် ၁၀ သန်းလောက်အထိ ရောဂါပိုးကူးစက်နိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Australia နဲ့ New Zealand နိုင်ငံတို့မှာတော့ Coronavirus ပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူမဟုတ်ရင် နိုင်ငံထဲဝင်ခွင့်ကို ဒီကနေ့ကစပြီး တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG