သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမရှိရင် Covid-19 ကြောင့် လူသန်းချီ သေဆုံးနိုင်


(Zawgyi/Unicode)

နိုင်ငံတွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေမရှိဘူးဆိုရင်ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေသန်းနဲ့ချီ အသက် ဆုံးရှုံး ရနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကြာသပတေးနေ့က သတိပေးလိုက်ပါတယ်။

“ ခုခံစွမ်းရည် နည်းပါးတဲ့ဒေသတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် တောမီးလို ပျံ့နှံ့သွားတာကို ခွင့်ပေးလိုက်မယ်ဆိုရင် လူတွေ သန်းနဲ့ချီ အသက် ဆုံးရှုံးကြရပါလိမ့်မယ်။ ဗိုင်းရပ်စ်ကို မပျံ့အောင် ထိန်းလို့ရတယ်ဆိုရင် ကျွန်တော်တို့ ထိန်းကို ထိန်းရပါမယ်” လို့ အတွင်း ရေးမှူး ချုပ် Guterres က သတိပေး ပြောကြားသွားတာပါ။

ဒီ အချိန်ဟာ ကမ္ဘာ့လူသားတွေရဲ့ အကျပ်အတည်းကြီးတစ်ခုဖြစ်ပြီး စည်းစည်းလုံးလုံး ရှိကြဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ အခုကြုံတွေ့နေရတဲ့ကျန်းမာရေး ကပ်ဘေးကြီးဟာ တစ်နေရာက ကျန်းမာရေး စနစ်တစ်ခု စည်းပေါက်သွားတာနဲ့ စနစ်ကြီး တစ်ခု လုံးကို ပျက်စီးသွားစေနိုင်တဲ့ ကပ်ဘေးတစ်ခုပါတယ်လို့လည်း သူကသတိပေးလိုက်ပါတယ်။

ရောဂါတိုက်ဖျက်ရေး ချဉ်းကပ်ရာမှာ အဆင့် ၃ဆင့်နဲ့ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အခု ကြုံတွေ့နေရတဲ့ ကမ္ဘာ့ ကျန်းမာရေး အရေးပေါ် အခြေအနေကို ပထမဆုံး ဖြေရှင်းဖို့၊ အဲဒီ နောက် လူမှု အဖွဲ့အစည်းတွေ အပေါ် သက်ရောက်တဲ့ဒဏ်ကို ကုစားဖို့နဲ့ စီးပွားရေး ပြန်လည် နာလန်ထရေး လုပ်ဆောင်ဖို့တို့ကို တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးရေး လုပ်ဆောင်နေတဲ့တိုင်းပြည်တွေကို ကမ္ဘာ့ကျန်မာရေးအဖွဲ့ကြီးကတဆင့် အကူအညီပေးကြဖို့ကိုလည်း ကမ္ဘာ့နိုင်ငံ တွေကို တိုက်တွန်းလိုက်ပါတယ်။ လာမယ့် ၃ လအတွင်း သုံးစွဲဖို့ ကိုရိုနာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆၇၅ သန်း လက်ခံ ရရှိထားပေမယ့် ရောဂါ ကူးစက်ခံရတဲ့ နိုင်ငံတွေ များလာတာကြောင့် ဒီငွေ ပမာဏဟာ လုံလောက်မှု မရှိ သေးဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


......................


(Unicode)






XS
SM
MD
LG