သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တောရိုင်းတိရစ္ဆာန်စားတဲ့ နိုင်ငံတွေနဲ့ ကိုရိုနာအန္တရာယ်


တရုတ်နိုင်ငံ၊ ၀ူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ တောရိုင်းသတ္တ၀ါ အရှင်တွေ ရောင်းချတဲ့ဈေးတခုမှာ စဖြစ်ခဲ့တာလို့ ကျွမ်းကျင်ပညာရှင်တချို့က ပြောဆိုထားပါတယ်။ ၀ူဟန်မြို့မှာစတင်ခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာ့နေရာအနှံ့ဖြစ်ပွားတဲ့ ကပ်ရောဂါဘေးဆိုးကြီး ဖြစ်လာနေတာပါ။ ဒီလို အခြေအနေကြောင့်ပဲ တောရိုင်းသတ္တ၀ါတွေ တရားမ၀င် ကုန်သွယ်တာနဲ့ စားသုံးတာတွေကို တရုတ်အစိုးရက တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံအတော်များများကတော့ ခုချိန်ထိ တရုတ်မှာဖြစ်ခဲ့တဲ့ သင်ခန်းစာ မယူနိုင်ကြသေးတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Julie Taboh ပေးပို့တဲ့သတင်းကို မခွာညိုက ပြောပြပေးပါမယ်။

XS
SM
MD
LG