ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား အများအပြား သေဆုံးခဲ့ရတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂအနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်း မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Marcoluigi Corsi က သောကြာနေ့ (ဇန်နဝါရီ ၁၀ ရက်) က ကြေညာချက်ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီက ဒီနေ့ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်တဲ့ ရခိုင်တောင်ပိုင်း ကျောက်နီမော် ကျေးရွာမှာ ဒီကနေ့ အထိ သေဆုံးသူ ၄၁ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ပြီလို့ ရခိုင်ဒေသခံ တဦးကပြောပြပါတယ်။
မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ၂၀၁၈ စာချုပ်အရ ရုရှားတိုက်လေယာဉ် ၆ စီးကို အကြွေးနဲ့ဝယ်ယူခဲ့တာ ဖြစ်ပြီး တိုက်လေယာဉ် ၂ စင်းက ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မိတ္ထီလာလေတပ်စခန်းကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအရေးအပါအဝင် အရှေ့နဲ့တောင်တရုတ်ပင်လယ်အရေးကိစ္စတွေမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba တို့ ဒီနေ့ မလေးရှားနိုင်ငံမှာ တွေ့ဆုံကြချိန် သဘောတူခဲ့ကြပါတယ်။
မြန်မာနိုင်ငံတဝန်း ပြန်ပေးဆွဲ၊ လုယက်၊ ဓါးပြတိုက် စတဲ့ဒုစရိုက်မှုတွေ အဖြစ်များလာပြီး လုံခြုံမှု မရှိသလို ခံစားနေကြရကြောင်း ရန်ကုန်၊ မန္တလေးဒေသခံတွေ ပြောကြပါတယ်။ စစ်ပွဲပဋိပက္ခကြောင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေကိုရင်ဆိုင်နေရချိန်မှာ ရာဇဝတ်မှုတွေ တိုးလာတဲ့အန္တရာယ်ကို တချိန်တည်းမှာ ရင်ဆိုင်နေရပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြနေတဲ့ ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်ရရှိတယ်ဆိုတဲ့သတင်းကိုတော့ KIA ဘက်က အတည်မပြုပါဘူး။
နောက်ထပ် တရုတ်နိုင်ငံသား နှစ်ယောက် ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့အတွက် ဆွေမျိုးတွေက ရှာပေးဖို့ အကူအညီတောင်းထားတာကြောင့် ထိုင်း ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဒီလအစောပိုင်းက စတင်ပြီး စစ်ကောင်စီလေတပ်က ဆက်တိုက်ဆိုသလို ဗုံးကြဲနေပြီး အရပ်သားထိခိုက် သေဆုံး တာတွေလည်း တိုးလာနေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်ထဲမှာရှိတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့မူသယ်စခန်းကို ကရင်အမျိုးသားများ ကာကွယ်ရေး တပ်-KNDO နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ ကေအန်ယူ ဘက်က ပြောပါတယ်။
မြန်မာနိုင်ငံကနေ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ နမူနာတွေကို သယ်ယူရောင်းချခဲ့တဲ့အတွက် အပြစ်ရှိကြောင်းဂျပန် ရာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တယောက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဖက်ဒရယ်တရားရုံးမှာ မနေ့က ဝန်ခံထွက်ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်