သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းသံရုံးရှေ့ ကန်ရောက် မြန်မာတွေ ဆန္ဒပြ


ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်မပို့ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ ထိုင်းသံရုံးရှေ့တောင်းဆိုကြ။ (Photo: ADB DC)
ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်မပို့ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ ထိုင်းသံရုံးရှေ့တောင်းဆိုကြ။ (Photo: ADB DC)


မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံထဲ လာရောက် ခိုလှုံနေကြတဲ့ ရွှေ့ပြောင်းမြန်မာ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေကဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်ပို့နေတဲ့လုပ်ရပ်ကို ချက်ချင်းရပ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းနေ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေက ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။


ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်မပို့ဖို့ အိတ်ဖွင့်ပေးစာကို ထိုင်းသံရုံး တာဝန်ရှိသူတွေကိုပေးအပ်။ (Photo: ADB_DC)
ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်မပို့ဖို့ အိတ်ဖွင့်ပေးစာကို ထိုင်းသံရုံး တာဝန်ရှိသူတွေကိုပေးအပ်။ (Photo: ADB_DC)


“ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းတဲ့ ဥပဒေကြောင့် ထွက်ပြေးခိုလှုံလာကြတဲ့ ကျနော်တို့ရဲ့ လူငယ်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေကို ထိုင်းအစိုးရအနေနဲ့ ဖမ်းဆီးပြီးတော့ မြန်မာပြည် ပြန်ပို့တဲ့ကိစ္စ၊ အဲဒီလို ပြန်ပို့တဲ့အတွက်ကြောင့် လူငယ်တွေ အကုန်လုံးဟာ စစ်ကောင်စီက စစ်သားစုဆောင်းတဲ့ဆီကို တန်းပို့တာ ခံနေရတာကို ကျနော်တို့ သက်သေ အထောက်ထားတွေ တွေ့နေရပါတယ်။ အင်မတန်စိုးရိမ်ရတဲ့ အခြေနေမျိုးပါ။ ဒါကြောင့် အခုလို ဖမ်းဆီးပြီး ပြန်ပို့တာကို ခဏ ရပ်ထားဖို့။ နောက်ပြီး ထွက်ပြေးလာကြတဲ့ သူတွေကို တရားဝင် အစီစဉ်တွေ စီစဉ်ပေးဖို့ဆိုတဲ့ အချက်အလက်တွေ ကျနော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ”

ဝါရှင်တန်ဒီစီက ထိုင်းသံရုံးရှေ့မှာ ဆန္ဒထုတ်ဖေါ်ကြတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ကိုရင်အေးက ပြောသွားတာပါ။


ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်မပို့ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ ထိုင်းသံရုံးရှေ့တောင်းဆိုကြ။ (Photo: ADB)
ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်မပို့ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ ထိုင်းသံရုံးရှေ့တောင်းဆိုကြ။ (Photo: ADB)


မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အာဏာသိမ်း ဆန့်ကျင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချတာ၊ ဖိနှိပ်တာ၊ သတ်ဖြတ်တာနဲ့ လူ့အခွင့်ရေး အချိုးဖေါက်ခံရတာတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာနေချိန်မှာ သူတို့ကို ဖမ်းပြီး ပြန်မပို့ဖို့ ပန်ကြားလွှာ စာတစောင်ကိုလည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူက ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေဆီကို လိပ်မူပြီး သံရုံးကတဆင့် ပေးပို့လိုက်တာပါ။

ထိုင်းအစိုးရဟာ ခေတ်အဆက်ဆက် မြန်မာဘက်က ထွက်ပြေး ခိုလှုံလာသူတွေကို အကူအညီပေးခဲ့တဲ့အတိုင်း ခုလည်း ဆက်လက် ကူညီပေးဖို့ စာမှာ ပန်ကြားထားပါတယ်။

ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကို လက်မှတ်ရေးထိုးထားတဲ့ ထိုင်းအစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေကို နှင်မထုတ်ပဲ အကူအညီနဲ့ အကာအကွယ်တွေ ပေးဖို့အပြင်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာဒုက္ခသည်တွေကို သွားရောက် ကူညီခွင့်ပြုဖို့ကိုလည်း ဝါရှင်တန်ဒီစီ မြန်မာ့အရေးလှုပ်ရှားမှု အသိုင်းအဝိုင်းရဲ့ ပန်ကြားလွှာမှာ ဖေါ်ပြထားပါတယ်။


တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG