သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံ အချိန်ကိုက် မြန်မာတွေ ဆန္ဒပြ


ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လွှတ်တော်အဆောက်အဦးရှေ့က Parliament Square ရင်ပြင်မှာ ဗြိတိန်တဝန်းက မြန်မာတွေ စုဝေးဆန္ဒပြခဲ့ကြ။ (Photo: CJ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လွှတ်တော်အဆောက်အဦးရှေ့က Parliament Square ရင်ပြင်မှာ ဗြိတိန်တဝန်းက မြန်မာတွေ စုဝေးဆန္ဒပြခဲ့ကြ။ (Photo: CJ)

အမေရိကန်ပြည်ထောင်စု New York မြို့မှာ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေချိန်မှာ အမေရိကန်နဲ့ ဗြိတိန်က မြန်မာပြည်သူတွေ အချိန်ကိုက် စုဝေးဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံအရေးကို အလေးအနက်ထား ကိုင်တွယ်ဖို့နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာဆိုင်ရာ ကိုယ်စားပြုသံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုဖို့ တောင်းဆိုဆန္ဒပြနေကြတာပါ။

New York မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့က ပန်းခြံမှာ အမေရိကန်ပြည်နယ်စုံက မြန်မာတွေစုပြီး ဒေသစံတော်ချိန် နေ့လည်ပိုင်းကနေ ညနေပိုင်းအထိ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်မှာလည်း ဗြိတိန်တဝန်းက မြန်မာတွေ စုဝေးပြီး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

"ကျနော်တို့ တော်လှန်ရေးကြီးကတော့ ဆက်လက်ပြီးတော့သွားမှာ ဖြစ်တယ်။ အမြန်ဆုံးပြီးအောင်လည်း အားလုံးပါဝင်ဖို့ လိုတယ်။"

လွှတ်တော်အဆောက်အဦးရှေ့က Parliament Square ရင်ပြင်နဲ့ ဗြိတိန်ဝန်ကြီးချုပ်နေတဲ့ Downing လမ်းမှာ ဆန္ဒပြမှုအတွင်း မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိူးစုံ စုစုပေါင်း ၄၀၀ လောက် ပါဝင်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။ ဦိးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး၊ စစ်ကောင်စီကို အသိအမှတ် မပြုရေးနဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တံ့အောင် တွန်းအားပေးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

အခုလို ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်မှာ နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေက မြန်မာ့အရေးကို စုပေါင်း တောင်းဆိုနေကြတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ကုလသမဂ္ဂမှာ အမြဲတမ်းကိုယ်စားလှယ်အဖြစ်နဲ့ ဆက်ပြီးအသိအမှတ်ပြုထားမယ့်ပုံရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောထားပါတယ်။ ဒီနေ့ New York မြို့ကုလသမဂ္ဂရုံးချုပ်ရှေ့က မြန်မာပြည်သူတွေရဲ့ ဆန္ဒပြပွဲကို အဲဒီမှာရောက်နေတဲ့ VOA မြန်မာပိုင်းသတင်းထောက်က တိုက်ရိုက်ထုတ်လွှင့် သတင်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG