သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covid-19 ကြောင့် အမေရိကန်မှာ အလုပ်လက်မဲ့ ဦးရေတိုး


New York ပြည်နယ်အတွင်း အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းသူများ
New York ပြည်နယ်အတွင်း အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းသူများ

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကြီးကြောင့် စီးပွားရေး လုပ်ငန်းတွေ အထိလာနာတာနဲ့အမျှ အမေရိကန် နိုင်ငံအတွင်း ပြီးခဲ့တဲ့ အပတ်အတွင်း အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းသူ ဦးရေ တဟုန်တိုး မြင့်တက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ် မတိုင်ခင် တစ်ပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၇ သောင်း ရှိရာကနေ အခုအခါ ၂ သိန်း ၈ သောင်း ၁ ထောင်အထိ မြင့်တက်သွားတယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောပါတယ်။

စီးပွားရေးပညာရှင်တွေက မတ်လကုန်မှာ အမေရိကန် လုပ်သား ၁ သန်းကျော် အလုပ် ဆုံးရှုံးကြရလိမ့်မယ်လို့ခန့်မှန်းထားတာပါ။ ဆိုင်တွေပိတ် လုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် အခြေအနေ ရှိတာကြောင့် ကုန်ပဒေသာဆိုင်၊ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်း တွေက နာရီစား လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်မယ့်အခြေအနေကို အများဆုံး ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအတွက် ပြည်နယ်နဲ့ ဒေသခံ အာဏာပိုင်တွေကလည်း ဒီ လုပ်ငန်းတွေ ပိတ်ပစ်ဖို့ အမိန့်ပေးလာ နိုင်တဲ့ အခြေအနေကလည်း ရှိနေပါတယ်။ ပြည်နယ် တစ်ခုချင်းစီမှာ အလုပ်လက်မဲ့ အာမခံ ခံစားခွင့် လျှောက်ထားမှု တရှိန်ထိုး တက်နေပြီး အဲဒီ ခံစားခွင့်ဟာလည်း အလုပ် ဆုံးရှုံးချိန် ယာယီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ငွေကြေးပမာဏ ဖြစ်တာကြောင့် ပုံမှန် ရနေကျ လစာငွေထက် အများကြီး လျော့နည်းပါတယ်။

ဗာဂျီးနီးယား ပြည်နယ်မှာ အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ အဆ ၃၃ ဆ မြင့်တက်သွားပြီး ပင်ဆယ်လ်ဗေးနီးယားနဲ့ ကိုလိုရာဒို ပြည်နယ်တွေမှာ အဆ ၂၀ မြင့်တက်သွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ဗဟို၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရတွေနဲ့ ပုဂ္ဂလိက လုပ်ငန်း အများအပြားကတော့ သူတို့ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)





XS
SM
MD
LG