(Zawgyi/Unicode)
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြကို ထိန္းခ်ဳပ္ႏုိင္ေအာင္ ၾကိဳးပမ္းတဲ့အေနနဲ႔ အီးယူ ဥေရာပသမဂၢ အဖြဲ႔၀င္ႏို္င္ငံေတြထဲ ႏိုင္ငံျခားသား ခရီးသြားေတြ ၀င္ေရာက္ခြင့္ကို အီးယူက တားျမစ္လုိက္သလို မေလးရွားႏုိင္ငံမွာလည္း ခရီးသြားလာမႈေတြအေပၚ ကန္႔သတ္ခ်က္သစ္ေတြ ဒီကေန႔ ခ်မွတ္လုိက္ပါတယ္။
မေလးရွားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၅၀၀ ေက်ာ္ရွိလာျပီးတဲ့ေနာက္ ႏိုင္ငံအတြင္း ခရီးသြားလာမႈ တခ်ိဳ႕ကို သီတင္း ႏွစ္ပတ္ၾကာ ယာယီပိတ္ပစ္လိုက္တာပါ။
တ႐ုတ္ႏုိင္ငံျပီးရင္ ကမၻာေပၚမွာ ဒီေရာဂါကူးစက္မႈ အဆိုးဆံုးျဖစ္ေနတဲ့ အီတလီ၊ စပိန္နဲ႔ ျပင္သစ္ေတြမွာလည္း လူအမ်ား သြားလာလႈပ္ရွားမႈေတြကို တင္းတင္းက်ပ္က်ပ္ ကန္႔သတ္ထားပါတယ္။
ေဆာ္ဒီအာေရးဗီးယားႏိုင္ငံမွာေတာ့ ပုဂၢလိက လုပ္ငန္းေတြအေနနဲ႔ သူတို႔ရဲ႕ ၀န္ထမ္းေတြကို ျဖစ္ႏုိင္ရင္ အိမ္ကေနပဲ အလုပ္လုပ္ခုိင္းဖို႔နဲ႔ အလုပ္ကိုမျဖစ္မေန သြားရမယ့္ သူေတြ အေနနဲ႔လည္း အခ်င္းခ်င္း နီးနီးကပ္ကပ္ မေနၾကဖို႔ တာ၀န္ရွိသူေတြက ညြန္ၾကားထားပါတယ္။
ၾသစေၾတးလ် ၀န္ႀကီးခ်ဳပ္ Scott Morrison ကလည္း လက္ရွိအေျခအေနကို “လူသားေတြရဲ႕ က်န္းမာေရး ေဘးကင္းလံုျခံဳမႈဆိုင္ရာ အေရးေပၚအေျခအေန” အျဖစ္ ေၾကညာ ထားျပီး သီးျခားခြဲ ေနထိုင္မႈေတြနဲ႔ ညမထြက္ရ curfew အမိန္႔ေတြ ထုတ္ျပန္ထားပါတယ္။
ေရာဂါကူးစက္မႈေပါင္း ၃၀၀ ေက်ာ္ရွိေနတဲ့ ဘရာဇီးႏိုင္ငံမွာလည္း လူစုလူေ၀းၾကား သြားလာမႈေတြ ေရွာင္ၾကဥ္ၾကဖုိ႔ က်န္းမာေရး တာ၀န္ရွိသူေတြက သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။
တ႐ုတ္ႏုိင္ငံ ၀ူဟန္ျမိဳ႕မွာ စတင္ျဖစ္ပြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ အခုဆိုရင္ ႏုိင္ငံေပါင္း ၁၆၀ ေလာက္က လူေပါင္း ၁၈၅,၀၀၀ ေက်ာ္မွာ ကူးစက္ျဖစ္ပြားေနျပီး ေသဆံုးသူ ၇,၅၀၀ ေက်ာ္ ရွိေနျပီျဖစ္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က အတည္ျပဳထားပါတယ္။
ကူးစက္မႈေတြနဲ႔ ေသဆံုးမႈေတြ အမ်ားစုက တ႐ုတ္နုိင္ငံမွာျဖစ္သလို ေရာဂါကူးစက္ခံရျပီး ျပန္ေကာင္းလာသူကေတာ့ ၈၀,၀၀၀ ေက်ာ္ ရွိပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ ဒီကေန႔အထိ ေရာဂါကူးစက္သူမရိွေသးေၾကာင္း ထုတ္ျပန္ထားပါတယ္။
[Unicode Version]
COVID-19 ကာကွယ်တားဆီးရေး ကမ္ဘာတဝန်းမှာ ကန့်သတ်ချက်တွေ ချမှတ်ထား
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေထဲ နိုင်ငံခြားသား ခရီးသွားတွေ ဝင်ရောက်ခွင့်ကို အီးယူက တားမြစ်လိုက်သလို မလေးရှားနိုင်ငံမှာလည်း ခရီးသွားလာမှုတွေအပေါ် ကန့်သတ်ချက်သစ်တွေ ဒီကနေ့ ချမှတ်လိုက်ပါတယ်။
မလေးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀ ကျော်ရှိလာပြီးတဲ့နောက် နိုင်ငံအတွင်း ခရီးသွားလာမှု တချို့ကို သီတင်း နှစ်ပတ်ကြာ ယာယီပိတ်ပစ်လိုက်တာပါ။
တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ အီတလီ၊ စပိန်နဲ့ ပြင်သစ်တွေမှာလည်း လူအများ သွားလာလှုပ်ရှားမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံမှာတော့ ပုဂ္ဂလိက လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို ဖြစ်နိုင်ရင် အိမ်ကနေပဲ အလုပ်လုပ်ခိုင်းဖို့နဲ့ အလုပ်ကိုမဖြစ်မနေ သွားရမယ့် သူတွေ အနေနဲ့လည်း အချင်းချင်း နီးနီးကပ်ကပ် မနေကြဖို့ တာဝန်ရှိသူတွေက ညွန်ကြားထားပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison ကလည်း လက်ရှိအခြေအနေကို “လူသားတွေရဲ့ ကျန်းမာရေး ဘေးကင်းလုံခြုံမှုဆိုင်ရာ အရေးပေါ်အခြေအနေ” အဖြစ် ကြေညာ ထားပြီး သီးခြားခွဲ နေထိုင်မှုတွေနဲ့ ညမထွက်ရ curfew အမိန့်တွေ ထုတ်ပြန်ထားပါတယ်။
ရောဂါကူးစက်မှုပေါင်း ၃၀၀ ကျော်ရှိနေတဲ့ ဘရာဇီးနိုင်ငံမှာလည်း လူစုလူဝေးကြား သွားလာမှုတွေ ရှောင်ကြဉ်ကြဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၆၀ လောက်က လူပေါင်း ၁၈၅,၀၀၀ ကျော်မှာ ကူးစက်ဖြစ်ပွားနေပြီး သေဆုံးသူ ၇,၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်ပြုထားပါတယ်။
ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ အများစုက တရုတ်နိုင်ငံမှာဖြစ်သလို ရောဂါကူးစက်ခံရပြီး ပြန်ကောင်းလာသူကတော့ ၈၀,၀၀၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီကနေ့အထိ ရောဂါကူးစက်သူမရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။