သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင့္ စီးပြားထိခုိက္သူေတြကုိ ကန္ အစုိးရ ကူညီဖုိ႔ျပင္


အေမရိကန္သမၼတ Donald Trump

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရး ထိခုိက္မႈ သက္သာေစေရးအတြက္ အေမရိကန္ ျပည္သူေတြ လက္ထဲကို အျမန္ဆံုး ေငြေၾကး ေပးအပ္ႏုိင္ဖို႔ ျပည္ေထာင္စု အစိုးရက ႀကိဳးစားေနပါတယ္။ အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲအတြင္း သမၼတ Donald Trump က အခုလို ေျပာပါတယ္။

တတ္ႏုိင္သေလာက္ အခက္အခဲႀကံဳေနသူေတြလက္ထဲ အျမန္ဆံုး ေငြထည့္ေပးႏုိင္ဖို႔ တခုခု လုပ္မွာပါ။ ေငြသား ၁,၀၀၀ မရသင့္တဲ့သူေတြလည္း ဒီအထဲမွာ ပါႏုိင္တာေၾကာင့္ ဒီနည္းလမ္းက မွန္ခ်င္မွ မွန္ကန္ပါလိမ့္မယ္။ ဒါေပမဲ့ အဆုံးသတ္မွာေတာ့ ဘယ္နည္းလမ္းက အေကာင္းဆုံးျဖစ္မယ္ဆုိတာကုိ က်ေနာ္တုိ႔ သိရမွာပါ။


လိုအပ္ခ်က္ရွိမယ့္ အေမရိကန္ ျပည္သူေတြ လက္ထဲကို အျမန္ဆံုး ေငြအပ္ႏုိင္ဖို႔ အတြက္ သမၼတ က ညႊန္ၾကားထားေၾကာင္းနဲ႔ သီတင္း ၂ ပတ္ေလာက္အတြင္း ေဆာင္ရြက္မယ္လုိ႔လည္း ဘ႑ာေရး ၀န္ႀကီး Steven Mnuchin က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

အေမရိကန္ စီးပြားေရးကို အားျဖည့္ေပးဖို႔ အတြက္ ေဒၚလာ ၈၅၀ ဘီလီယံ လႊတ္ေတာ္ဘက္က အတည္ျပဳေပးဖို႔ သမၼတ Donald Trump အစိုးရက ႀကိဳးစားေနပါတယ္။ စီးပြားေရး ႏိႈးဆြေပးမယ့္ အေရးေပၚအစီအစဥ္ထဲမွာ အေသးစား စီးပြားေရး လုပ္ငန္းေတြ အတြက္ ေခ်းေငြ ေဒၚလာ ၂၅၀ ဘီလ်ံ၊ ေလေၾကာင္းလုိင္းေတြ အာမခံ အတြက္ ေဒၚလာ ၅၀ ဘီလ်ံ အသံုးျပဳဖို႔လည္း ပါ၀င္ပါတယ္။ ေနာက္ ေအာက္လႊတ္ေတာ္က အတည္ျပဳေပးထားတဲ႔ ေဒၚလာ ဘီလ်ံ ၁၀၀ အစီအစဥ္လည္း ရွိၿပီး ဒီထဲမွာေတာ့ လစာနဲ႔ နာမက်န္းခြင့္ ခံစားခြင့္၊ အလုပ္လက္မဲ႔ အာမခံနဲ႔ ႏုိင္ငံတ၀န္း COVID -19 ပ်ံ ႔ႏွံ႔ သက္ေရာက္မႈေၾကာင့္ ထိခိုက္ရတဲ႔ အလုပ္သမားေတြ အတြက္ အက်ိဳးခံစားခြင္႔ ပါ၀င္ပါတယ္။

အေမရိကန္ စီးပြားေရး လုပ္ငန္းေတြ အတြက္ ေဒၚလာ ၁ ထရီလီယံေက်ာ္ ခ်ေပးဖို႔ ႀကိဳးစားေနေၾကာင္းလည္း ဗဟိုဘဏ္က အဂၤါေန႔မွာ ေၾကညာသြားပါတယ္။ ဗဟိုဘဏ္ရဲ႕ ဒီေၾကညာခ်က္ေၾကာင့္ အေမရိကန္ အစုရွယ္ယာ အေရာင္းအ၀ယ္သမားေတြၾကား အားတက္ စရာ ျဖစ္ခဲ႔ၿပီး အရံႈးနဲ႔ ရင္ဆိုင္ခဲ႔ရတဲ႔ အစုရွယ္ယာေတြ အဂၤါေန႔ မနက္ခင္းမွာ အနည္းငယ္ စတက္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Coronavirus ကြောင့် စီးပွားထိခိုက်သူတွေကို ကန် အစိုးရ ကူညီဖို့ပြင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေးအတွက် အမေရိကန် ပြည်သူတွေ လက်ထဲကို အမြန်ဆုံး ငွေကြေး ပေးအပ်နိုင်ဖို့ ပြည်ထောင်စု အစိုးရက ကြိုးစားနေပါတယ်။ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သမ္မတ Donald Trump က အခုလို ပြောပါတယ်။

တတ်နိုင်သလောက် အခက်အခဲကြုံနေသူတွေလက်ထဲ အမြန်ဆုံး ငွေထည့်ပေးနိုင်ဖို့ တခုခု လုပ်မှာပါ။ ငွေသား ၁,၀၀၀ မရသင့်တဲ့သူတွေလည်း ဒီအထဲမှာ ပါနိုင်တာကြောင့် ဒီနည်းလမ်းက မှန်ချင်မှ မှန်ကန်ပါလိမ့်မယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ကျနော်တို့ သိရမှာပါ။

လိုအပ်ချက်ရှိမယ့် အမေရိကန် ပြည်သူတွေ လက်ထဲကို အမြန်ဆုံး ငွေအပ်နိုင်ဖို့ အတွက် သမ္မတ က ညွှန်ကြားထားကြောင်းနဲ့ သီတင်း ၂ ပတ်လောက်အတွင်း ဆောင်ရွက်မယ်လို့လည်း ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အမေရိကန် စီးပွားရေးကို အားဖြည့်ပေးဖို့ အတွက် ဒေါ်လာ ၈၅၀ ဘီလီယံ လွှတ်တော်ဘက်က အတည်ပြုပေးဖို့ သမ္မတ Donald Trump အစိုးရက ကြိုးစားနေပါတယ်။ စီးပွားရေး နှိုးဆွပေးမယ့် အရေးပေါ်အစီအစဉ်ထဲမှာ အသေးစား စီးပွားရေး လုပ်ငန်းတွေ အတွက် ချေးငွေ ဒေါ်လာ ၂၅၀ ဘီလျံ၊ လေကြောင်းလိုင်းတွေ အာမခံ အတွက် ဒေါ်လာ ၅၀ ဘီလျံ အသုံးပြုဖို့လည်း ပါဝင်ပါတယ်။ နောက် အောက်လွှတ်တော်က အတည်ပြုပေးထားတဲ့ ဒေါ်လာ ဘီလျံ ၁၀၀ အစီအစဉ်လည်း ရှိပြီး ဒီထဲမှာတော့ လစာနဲ့ နာမကျန်းခွင့် ခံစားခွင့်၊ အလုပ်လက်မဲ့ အာမခံနဲ့ နိုင်ငံတဝန်း COVID -19 ပျံ့နှံ့ သက်ရောက်မှုကြောင့် ထိခိုက်ရတဲ့ အလုပ်သမားတွေ အတွက် အကျိုးခံစားခွင့် ပါဝင်ပါတယ်။

အမေရိကန် စီးပွားရေး လုပ်ငန်းတွေ အတွက် ဒေါ်လာ ၁ ထရီလီယံကျော် ချပေးဖို့ ကြိုးစားနေကြောင်းလည်း ဗဟိုဘဏ်က အင်္ဂါနေ့မှာ ကြေညာသွားပါတယ်။ ဗဟိုဘဏ်ရဲ့ ဒီကြေညာချက်ကြောင့် အမေရိကန် အစုရှယ်ယာ အရောင်းအဝယ်သမားတွေကြား အားတက် စရာ ဖြစ်ခဲ့ပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အစုရှယ်ယာတွေ အင်္ဂါနေ့ မနက်ခင်းမှာ အနည်းငယ် စတက်လာပါတယ်။

XS
SM
MD
LG