သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင္႔ ကန္စီးပြားေရး ထိခိုက္ႏိုင္


New York Stock Exchange ၀န္ထမ္းတဦး

(Zawgyi/ Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ အေမရိကန္မွာ လုပ္ငန္းေတြကုိ ထိခုိက္လာရာက တုိင္းျပည္စီးပြားေရး က်ဆင္းတဲ့အထိ ႀကံဳရမွာကုိ စုိးရိမ္မႈေတြလည္း ႀကီးထြားလာေနပါတယ္။

ဒီအတြက္လည္း စီးပြားေရး ထိခုိက္ႏုိင္တဲ့ လုပ္ငန္းေတြ၊ အလုပ္သမားေတြ ဆုံး႐ႈံးမႈေတြကေန သက္သာရာ ရေစဖုိ႔ ေရတုိ အစီအစဥ္ေတြကုိလည္း သမၼတအိမ္ျဖဴေတာ္က စဥ္းစားေနပါတယ္။

ဒါေပမဲ့လည္း ဗုိင္းရပ္စ္ကူးစက္မႈေတြ မ်ားလာတာနဲ႔အမွ် စီးပြားေရးအေပၚ ႐ုိက္ခတ္မႈေတြ ႀကီးထြားလာႏုိင္တဲ့အတြက္ ျပန္လည္နာလန္ထူဖုိ႔ ပုိအခ်ိန္ယူရႏုိင္တယ္လုိ႔လည္း ကၽြမ္းက်င္သူေတြ သတိေပး ေနၾကတဲ့အေၾကာင္း ဗြီအုိေအ သတင္းေထာက္ Brian Padden ရဲ႕ သတင္းေဆာင္းပါးကုိေတာ့ ကုိေအာင္လြင္ဦးက ေျပာျပေပးမွာ ျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ တုိးလာေနတဲ့ အေမရိကန္မွာ စီးပြားေရးအရ ထိခုိက္မႈေတြ ႀကံဳရမွာကုိလည္း စုိးရိမ္မႈေတြ ႀကီးထြားလာေနတာပါ။ ၀ါရွင္တန္အေျခစုိက္ Bipartisan Policy Center က စီးပြားေရး ေလ့လာဆန္းစစ္သူ William Hoagland ကေတာ့ စီးပြားေရးအေပၚ ႐ုိက္ခတ္လာဖုိ႔ ေသခ်ာ သေလာက္ ရွိေနတယ္လုိ႔ သုံးသပ္ပါတယ္။

“အေမရိကန္ ျပည္ေထာင္စုမွာ စီးပြားေရး အားနည္းတဲ့ ကာလတခုနဲ႔ ႀကံဳရလိမ့္မယ္လုိ႔ ခန္႔မွန္းရပါတယ္။ ႀကိဳတင္တြက္ခ်က္ထားတဲ့ ဖြံ႔ၿဖိဳးမႈမ်ဳိးေတာ့ ေတြ႔ရမွာမဟုတ္ပါဘူး။”

အေပ်ာ္စီး သေဘၤာေတြမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ႀကံဳခဲ့ရသလုိ၊ ေလယာဥ္ခရီးစဥ္ေတြ အႀကီးအက်ယ္ ဖ်က္သိမ္းခဲ့ရတာေတြေၾကာင့္ ခရီးသြားလုပ္ငန္းမွာ ဆုိရင္လည္း အႀကီးအက်ယ္ အထိနာေနတာပါ။ လူစုလူေ၀း မလုပ္ၾကဖုိ႔ တုိက္တြန္းခ်က္ေတြေၾကာင့္ စီစဥ္ထားတဲ့ ညီလာခံေတြ၊ ဂီတပဲြေတြ၊ အားကစားပဲြေတြကုိ ဖ်က္ေနၾကရသလုိ၊ စားေသာက္ဆုိင္ေတြ၊ ေဖ်ာ္ေျဖေရး လုပ္ငန္းေတြဟာလည္း ဆက္လက္ ရပ္တည္ႏုိင္ဖုိ႔ ႀကိဳးပမ္းေနရပါတယ္။

ကားပစၥည္းထုတ္လုပ္တဲ့ တ႐ုတ္ႏုိင္ငံက စက္႐ုံေတြမွာ လုပ္ငန္းတခ်ဳိ႕ရပ္ဆုိင္းရတဲ့အတြက္ အေမရိကန္ ကားလုပ္ငန္းေတြ ထုတ္လုပ္မႈ ေလွ်ာ့ခ်ရမွာကုိလည္း စုိးရိမ္ေနၾကတာပါ။ ဘ႑ာေရးေစ်းကြက္ေတြမွာလည္း မေရမရာ အေျခအေနေတြအေပၚ စုိးရိမ္မႈေတြနဲ႔အတူ စေတာ့ခ္ရွယ္ယာေစ်းေတြ၊ ေရနံေစ်းေတြ စံခ်ိန္ခ်ဳိးေအာင္ ထုိးက်ေနပါတယ္။

သမၼတ Donald Trump ကေတာ့ ဗုိင္းရပ္စ္ ကူးစက္မႈေတြကုိ ဟန္႔တားဖုိ႔ ရည္ရြယ္ၿပီး ဥေရာပႏုိင္ငံ အားလုံးနီးပါးက ခရီးသြားေတြကုိ တားျမစ္လုိက္သလုိ၊ စီးပြားေရး ထိခုိက္မယ့္ လုပ္ငန္းေတြ၊ အလုပ္သမားေတြ သက္သာရာ ရေစမယ့္ အစီအစဥ္ကုိလည္း ေၾကညာခဲ့တာပါ။ တခ်ိန္တည္းမွာပဲ တုိင္းျပည္စီးပြားေရး အေျခအေနအေပၚ မစုိးရိမ္ၾကဖုိ႔လည္း ႏွစ္သိမ့္ခဲ့ပါတယ္။

“ဒါက ဘ႑ာေရးအက်ပ္အတည္း မဟုတ္ပါဘူး၊ ယာယီ အခုိက္အတန္႔သာျဖစ္ၿပီး၊ ႏုိင္ငံတႏုိင္ငံ အေနနဲ႔ေရာ၊ ကမာၻႀကီးတခုလုံး အေနနဲ႔ပါ အတူတကြ ေက်ာ္လႊားႏုိင္မွာပါ။”

သမၼတ Trump ကေတာ့ ယာယီအားျဖင့္ အခြန္ေတြေလွ်ာ့ခ်ေပးဖုိ႔၊ ထိခုိက္လာမယ့္ စီးပြားေရး လုပ္ငန္းေတြ၊ အလုပ္သမားေတြကုိ ေခ်းေငြထုတ္ေပးဖုိ႔လည္း အဆုိျပဳထားတာပါ။ ေနထုိင္မေကာင္းတဲ့ အလုပ္သမားေတြအတြက္ လစာအျပည့္နဲ႔ခြင့္ ခံစားခြင့္ရေရး ထည့္သြင္းဖုိ႔လည္း စဥ္းစားထားပါတယ္။ ဒါေပမဲ့လည္း လက္ေတြ႔မွာ ဘယ္လုိအေကာင္အထည္ ေဖာ္မလဲဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိဘူးလုိ႔လည္း တကၠဆက္ တကၠသုိလ္က စီးပြားေရးပညာ ကထိကဆရာ Bradley Gold ကေျပာပါတယ္။

“ျဖစ္ေလ့ျဖစ္ထ ရွိတာကေတာ့ စီးပြားေရး ေလာကမွာ ဒါမ်ဳိးကုိ လုပ္ငန္းရွင္ေတြက အင္မတန္မွ စိတ္ပူတတ္ၾကသလုိ၊ ႀကိဳက္လည္း မႀကိဳက္ၾကပါဘူး။ ဒါေပမဲ့လည္း အခုအခ်ိန္မွာက လူထုက်န္းမာေရး ျပႆနာနဲ႔ ရင္ဆုိင္ေနရတဲ့ အခ်ိန္ပါ။”

သမၼတရဲ႕ အေရးေပၚ အသုံးစရိတ္ကုိ အတည္ျပဳႏုိင္ဖုိ႔ကေတာ့ ကြန္ဂရက္လႊတ္ေတာ္က အတုိက္အခံ ဒီမုိကရက္ေတြရဲ႕ ေထာက္ခံမႈေတြ ရဖုိ႔လည္း လုိပါတယ္။ ဒီမုိကရက္ေတြကေတာ့ ေဆးဘက္ဆုိင္ရာ စမ္းသပ္စစ္ေဆးမႈေတြ၊ ျပဳစုေစာင့္ေရွာက္မႈေတြ၊ အလုပ္လက္မဲ့ ခံစားခြင့္နဲ႔ လူမႈဖူလုံေရး အစီအစဥ္ေတြအတြက္ တုိးျမွင့္သုံးစဲြဖုိ႔ေတြကုိပါ ထည့္သြင္းဖုိ႔ လုိလားေနၾကတာပါ။ Bipartisan Policy Center က စီးပြားေရး ေလ့လာဆန္းစစ္သူ Hoagland ကေတာ့ အက်ဳိးရွိမယ့္ အသုံးစရိတ္လုိ႔ ျမင္ပါတယ္။

“ေရတုိအားျဖင့္ လုိေငြျပေနတဲ့ အစုိးရအသုံးစရိတ္ ပုိမ်ားသြားႏုိင္ပါတယ္။ ဒါေပမဲ့လည္း အေမရိကန္လူထု ေဘးကင္းလုံၿခံဳေအာင္ အကာအကြယ္ေပးဖုိ႔နဲ႔ လုိအပ္ေနတဲ့ စီးပြားေရးအေပၚ ယုံၾကည္မႈေတြကုိ ျပန္လည္တည္ေဆာက္ဖုိ႔ ဆုိရင္ေတာ့ ဒါကအေရးႀကီးပါတယ္။”

ကၽြမ္းက်င္သူေတြကေတာ့ ထိခုိက္ နစ္နာသူေတြ လုိအပ္ေနတဲ့ အကူအညီေတြ ခ်က္ခ်င္းရႏုိင္ဖုိ႔နဲ႔ ေရာဂါကူးစက္မႈေတြ အဆုံးသတ္တဲ့အခါ စီးပြားေရး ျမန္ျမန္ဆန္ဆန္ နာလန္ထူဖုိ႔အတြက္ ဆုိရင္ေတာ့ အေရးေပၚ အစီအမံေတြကုိ အျမန္ဆုံး စဥ္းစားဆုံးျဖတ္ဖုိ႔ လုိတယ္လုိ႔လည္း သတိေပးထားၾကပါတယ္။

Coronavirus ေၾကာင္႔ ကန္စီးပြားေရး ထိခိုက္ႏိုင္
please wait

No media source currently available

0:00 0:04:00 0:00
တိုက္႐ိုက္ လင့္ခ္


..................

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်မှာ လုပ်ငန်းတွေကို ထိခိုက်လာရာက တိုင်းပြည်စီးပွားရေး ကျဆင်းတဲ့အထိ ကြုံရမှာကို စိုးရိမ်မှုတွေလည်း ကြီးထွားလာနေပါတယ်။

ဒီအတွက်လည်း စီးပွားရေး ထိခိုက်နိုင်တဲ့ လုပ်ငန်းတွေ၊ အလုပ်သမားတွေ ဆုံးရှုံးမှုတွေကနေ သက်သာရာ ရစေဖို့ ရေတို အစီအစဉ်တွေကိုလည်း သမ္မတအိမ်ဖြူတော်က စဉ်းစားနေပါတယ်။

ဒါပေမဲ့လည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ များလာတာနဲ့အမျှ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ ကြီးထွားလာနိုင်တဲ့အတွက် ပြန်လည်နာလန်ထူဖို့ ပိုအချိန်ယူရနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေ သတိပေး နေကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden ရဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ အမေရိကန်မှာ စီးပွားရေးအရ ထိခိုက်မှုတွေ ကြုံရမှာကိုလည်း စိုးရိမ်မှုတွေ ကြီးထွားလာနေတာပါ။ ဝါရှင်တန်အခြေစိုက် Bipartisan Policy Center က စီးပွားရေး လေ့လာဆန်းစစ်သူ William Hoagland ကတော့ စီးပွားရေးအပေါ် ရိုက်ခတ်လာဖို့ သေချာ သလောက် ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး အားနည်းတဲ့ ကာလတခုနဲ့ ကြုံရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကြိုတင်တွက်ချက်ထားတဲ့ ဖွံ့ဖြိုးမှုမျိုးတော့ တွေ့ရမှာမဟုတ်ပါဘူး။”

အပျော်စီး သင်္ဘောတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ကြုံခဲ့ရသလို၊ လေယာဉ်ခရီးစဉ်တွေ အကြီးအကျယ် ဖျက်သိမ်းခဲ့ရတာတွေကြောင့် ခရီးသွားလုပ်ငန်းမှာ ဆိုရင်လည်း အကြီးအကျယ် အထိနာနေတာပါ။ လူစုလူဝေး မလုပ်ကြဖို့ တိုက်တွန်းချက်တွေကြောင့် စီစဉ်ထားတဲ့ ညီလာခံတွေ၊ ဂီတပွဲတွေ၊ အားကစားပွဲတွေကို ဖျက်နေကြရသလို၊ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေဟာလည်း ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်။

ကားပစ္စည်းထုတ်လုပ်တဲ့ တရုတ်နိုင်ငံက စက်ရုံတွေမှာ လုပ်ငန်းတချို့ရပ်ဆိုင်းရတဲ့အတွက် အမေရိကန် ကားလုပ်ငန်းတွေ ထုတ်လုပ်မှု လျှော့ချရမှာကိုလည်း စိုးရိမ်နေကြတာပါ။ ဘဏ္ဍာရေးဈေးကွက်တွေမှာလည်း မရေမရာ အခြေအနေတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ စတော့ခ်ရှယ်ယာဈေးတွေ၊ ရေနံဈေးတွေ စံချိန်ချိုးအောင် ထိုးကျနေပါတယ်။

သမ္မတ Donald Trump ကတော့ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တားဖို့ ရည်ရွယ်ပြီး ဥရောပနိုင်ငံ အားလုံးနီးပါးက ခရီးသွားတွေကို တားမြစ်လိုက်သလို၊ စီးပွားရေး ထိခိုက်မယ့် လုပ်ငန်းတွေ၊ အလုပ်သမားတွေ သက်သာရာ ရစေမယ့် အစီအစဉ်ကိုလည်း ကြေညာခဲ့တာပါ။ တချိန်တည်းမှာပဲ တိုင်းပြည်စီးပွားရေး အခြေအနေအပေါ် မစိုးရိမ်ကြဖို့လည်း နှစ်သိမ့်ခဲ့ပါတယ်။

“ဒါက ဘဏ္ဍာရေးအကျပ်အတည်း မဟုတ်ပါဘူး၊ ယာယီ အခိုက်အတန့်သာဖြစ်ပြီး၊ နိုင်ငံတနိုင်ငံ အနေနဲ့ရော၊ ကမ္ဘာကြီးတခုလုံး အနေနဲ့ပါ အတူတကွ ကျော်လွှားနိုင်မှာပါ။”

သမ္မတ Trump ကတော့ ယာယီအားဖြင့် အခွန်တွေလျှော့ချပေးဖို့၊ ထိခိုက်လာမယ့် စီးပွားရေး လုပ်ငန်းတွေ၊ အလုပ်သမားတွေကို ချေးငွေထုတ်ပေးဖို့လည်း အဆိုပြုထားတာပါ။ နေထိုင်မကောင်းတဲ့ အလုပ်သမားတွေအတွက် လစာအပြည့်နဲ့ခွင့် ခံစားခွင့်ရရေး ထည့်သွင်းဖို့လည်း စဉ်းစားထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာ ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိဘူးလို့လည်း တက္ကဆက် တက္ကသိုလ်က စီးပွားရေးပညာ ကထိကဆရာ Bradley Gold ကပြောပါတယ်။

“ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ စီးပွားရေး လောကမှာ ဒါမျိုးကို လုပ်ငန်းရှင်တွေက အင်မတန်မှ စိတ်ပူတတ်ကြသလို၊ ကြိုက်လည်း မကြိုက်ကြပါဘူး။ ဒါပေမဲ့လည်း အခုအချိန်မှာက လူထုကျန်းမာရေး ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ပါ။”

သမ္မတရဲ့ အရေးပေါ် အသုံးစရိတ်ကို အတည်ပြုနိုင်ဖို့ကတော့ ကွန်ဂရက်လွှတ်တော်က အတိုက်အခံ ဒီမိုကရက်တွေရဲ့ ထောက်ခံမှုတွေ ရဖို့လည်း လိုပါတယ်။ ဒီမိုကရက်တွေကတော့ ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေ၊ ပြုစုစောင့်ရှောက်မှုတွေ၊ အလုပ်လက်မဲ့ ခံစားခွင့်နဲ့ လူမှုဖူလုံရေး အစီအစဉ်တွေအတွက် တိုးမြှင့်သုံးစွဲဖို့တွေကိုပါ ထည့်သွင်းဖို့ လိုလားနေကြတာပါ။ Bipartisan Policy Center က စီးပွားရေး လေ့လာဆန်းစစ်သူ Hoagland ကတော့ အကျိုးရှိမယ့် အသုံးစရိတ်လို့ မြင်ပါတယ်။

“ရေတိုအားဖြင့် လိုငွေပြနေတဲ့ အစိုးရအသုံးစရိတ် ပိုများသွားနိုင်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်လူထု ဘေးကင်းလုံခြုံအောင် အကာအကွယ်ပေးဖို့နဲ့ လိုအပ်နေတဲ့ စီးပွားရေးအပေါ် ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ဖို့ ဆိုရင်တော့ ဒါကအရေးကြီးပါတယ်။”

ကျွမ်းကျင်သူတွေကတော့ ထိခိုက် နစ်နာသူတွေ လိုအပ်နေတဲ့ အကူအညီတွေ ချက်ချင်းရနိုင်ဖို့နဲ့ ရောဂါကူးစက်မှုတွေ အဆုံးသတ်တဲ့အခါ စီးပွားရေး မြန်မြန်ဆန်ဆန် နာလန်ထူဖို့အတွက် ဆိုရင်တော့ အရေးပေါ် အစီအမံတွေကို အမြန်ဆုံး စဉ်းစားဆုံးဖြတ်ဖို့ လိုတယ်လို့လည်း သတိပေးထားကြပါတယ်။

XS
SM
MD
LG