သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏိုင္မူ ျပင္ဆင္ေရး


Coronavirus ေၾကာင့္ အီတလီျပည္နယ္တခ်ိဳ႕ သြားလာခြင့္ပိတ္ပင္
တိုက္႐ိုက္ လင့္ခ္

ကို႐ိုနာဗိုင္းရပ္စ္ အဆုပ္ေရာင္ေရာဂါ (COVID-19) ကူးစက္ခံရတဲ့ ႏိုင္ငံေတြ တစ္ေန႔တျခား တိုးလာေနခ်ိန္မွာ၊ ျမန္မာႏိုင္ငံကိုလည္း ဝင္ေရာက္ကူးစက္လာႏိုင္တာကို က်န္းမာေရးတာဝန္ရွိသူေတြ စိုးရိမ္တြက္ဆထားပါတယ္။

ျမန္မာႏိုင္ငံထဲ လက္ရွိအခ်ိန္ထိ ဒီ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စစ္ေဆးေတြ႕ရွိမူ မရွိေသးေသာ္လည္း၊ အခ်ိန္မေ႐ြး ကူးစက္ခံရႏိုင္တာအတြက္ ျပင္ဆင္မူေတြ လုပ္ေဆာင္ေနပါတယ္။ အထူးသျဖင့္ အႀကီးအက်ယ္စျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာ ေနာက္ဆုံး ကူးစက္မူအသစ္ တဟုန္ထိုးက်လာခ်ိန္မွာ၊ အျခားႏိုင္ငံတခ်ိဳ.မွာေတာ့ သူ႔ျပည္တြင္းမွာ အခ်င္းခ်င္းကူးစက္တာ (Local Transmission) မ်ားလာၿပီး၊ ကူးစက္မူနဲ႔ေသဆုံးမူႏႈန္း တဟုန္ထိုး ျမင့္မားလာေနတာမို႔၊ ဒီႏိုင္ငံေတြကေန ကူးစက္ဝင္ေရာက္လာမွာကို ပိုးစိုးရိမ္လာေနရပါတယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနအေနနဲ႔ အေရးေပၚျပင္ဆင္မူ (Contingency Plan) ကို ေရးဆြဲထားရာမွာ လက္ရွိလုပ္ေဆာင္ဖို႔အျပင္၊ ေရာဂါရွိသူကို စတင္စစ္ေဆးေတြ႕ရွိလွ်င္ေတြ႕ရွိခ်င္း၊ ကူးစက္ျဖစ္ပြားမူနည္းေအာင္ ဘာေတြေဆာင္႐ြက္မွာကိုပါ ျပင္ဆင္ထားပါတယ္။ ဒီအထဲမွာ လိုအပ္တဲ့ ေဆးပစၥည္းကိရိယာနဲ႔ အေထာက္အပံ့ပစၥည္းေတြ စုေဆာင္းထားတာလည္း ပါဝင္ပါတယ္။

လက္ရွိမွာ ေလဆိပ္က ဝင္လာသူေတြကို အဖ်ားတိုင္း ကိရိယာနဲ႔ စစ္ေဆးေနေပမဲ့၊ ေရာဂါပ်ိဳးခ်ိန္ အဖ်ားမရွိေသးတာေၾကာင့္ လြတ္သြားႏိုင္ပါတယ္။ ခုလို လြတ္သြားခဲ့တာေၾကာင့္ အျခားႏိုင္ငံေတြမွာ ႐ုတ္တရက္ အစုလိုက္အၿပဳံလိုက္ျဖစ္လာတဲ့ သင္ခန္းစာရွိထားတာကိုလည္း ႀကိဳတြက္ထားပါတယ္။ ဒီလြတ္သြားသူေတြအေနနဲ႔ ေရာဂါပ်ိဳးခ်ိန္ (Incubation Period) ၁၄ ရက္အတြင္း ေရာဂါလကၡဏာျပလာတာကို တည္းခိုရာေဟာ္တယ္နဲ႔ ေနထိုင္ရာအိမ္ေတြမွာ ေတြ႕ရွိႏိုင္တာမို႔၊ ဒီေရာဂါအျဖစ္မ်ားေနတဲ့ ႏိုင္ငံေတြက ျပန္လာသူေတြ (သို႔မဟုတ္) ဒီေရာဂါရွိထားသူေတြနဲ႔ အတူေနထိုင္ခဲ့သူေတြမွာ သံသယလကၡဏာေတြေပၚလာလွ်င္ နီးစပ္ရာ က်န္းမာေရးဌာနေတြကို အျမန္ဆုံး အေၾကာင္းၾကား ကုသမူခံယူသင့္ပါတယ္။ ဒီ သံသယလကၡဏာေတြကေတာ့ အဖ်ားႀကီးတာ (၃၈ံ စင္တီဂရိတ္နဲ႔အထက္)၊ ေခ်ာင္းဆိုးတာ၊ အသက္ရႈၾကပ္တာနဲ႔ အားအင္ကုန္ခမ္းတာေတြပါ။ ခုလို လကၡဏာရွိတဲ့ လူနာေတြကို ေစာေစာေတြ႕ရွိ စစ္ေဆးႏိုင္ဖို႔ (Early Detection) က အထူးကို အေရးႀကီးေနပါတယ္။

ျပည္သူေတြအေနနဲ႔လည္း အသက္ရႈလမ္းေၾကာင္းကတစ္ဆင့္နဲ႔ လက္နဲ႔ထိေတြ႕ကတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ဒီေရာဂါကေန ကာကြယ္ႏိုင္ဖို႔၊ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကို အတတ္ႏိုင္ဆုံး ေရွာင္က်ဥ္သင့္ပါတယ္။ မျဖစ္မေန လူစုလူေဝးေတြလုပ္ရ၊ သြားရလွ်င္လည္း၊ အတတ္ႏိုင္ဆုံး လူအေရအတြက္ အနည္းဆုံးျဖစ္ေအာင္စီမံတာအျပင္၊ ဖ်ားနာ ေခ်ာင္းဆိုးေနသူေတြကို တားျမစ္တာ၊ လာတဲ့သူေတြကိုလည္း လက္ေဆးဖို႔ ေရနဲ႔ဆပ္ျပာ အသင့္ျပင္ထားတာ၊ ျဖစ္ႏိုင္လွ်င္ လက္ေဆးရည္ပ်စ္ (Hand Sanitizer) အသင့္ခ်ထားေပးတာေတြ လုပ္ေဆာင္ေပးသင့္ပါတယ္။ ဒါ့အျပင္ စျဖစ္ခဲ့တဲ့ တ႐ုတ္ျပည္နဲ႔ ေနာက္ပိုင္းကူးစက္မူႏႈန္းျမင့္မားလာတဲ့ႏိုင္ငံေတြမွာ မိသားစုတြင္း အနီးကပ္ကူးစက္ခံရတာ မ်ားခဲ့တာေၾကာင့္ တစ္ဦးခ်င္း ကာကြယ္ေရးကလည္း အေရးႀကီးပါတယ္။ အဓိက အေနနဲ႔ ဒီေရာဂါလကၡဏာခံစားေနရသူကို ေရွာင္က်ဥ္ၿပီး၊ လက္ကို စင္ၾကယ္ေအာင္ မၾကာခဏေဆးပါ။ ႏွာေစး၊ ေခ်ာင္းဆိုးလွ်င္ ႏွာေခါင္းနဲ႔ပါးစပ္ကို လုံေအာင္ဖုံးအုပ္ေပးၿပီး၊ တစ္႐ူးစကၠဴသုံးလွ်င္လည္း အမႈိက္ပုံးထဲ တစ္တက်လႊင့္ပစ္ကာ ေရျပန္ေဆးၿပီး၊ တကိုယ္ေရသန႔္ရွင္းမူ အထူးဂ႐ုျပဳေပးပါ။

ဒါ့အျပင္ ကိုယ္ခံအားေကာင္းေနဖို႔ အာဟာရျပည့္ေအာင္စားၿပီး၊ အိပ္ေရးဝေအာင္အိပ္ပါ။ လူေနထူထပ္တဲ့ ေနရာေတြကို အတတ္ႏိုင္ဆုံးေရွာင္ပါ။ တရိစာၦန္ေတြနဲ႔ တိုက္႐ိုက္ထိေတြ႕တာကိုလည္း ေရွာင္က်ဥ္ပါ။ တကယ္လို႔ ကို႐ိုနာဗိုင္းရပ္ေရာဂါျဖစ္ပြားႏိုင္တဲ့ သံသယဝင္လာလွ်င္ နီးစပ္ရာက်န္းမာေရးဌာနကို အျမန္ဆုံးသတင္းပို႔ၿပီး ကုသမူ ခံယူပါ။ ဘယ္လို က်န္းမာေရးဌာနေတြကို ဆက္သြယ္သင့္တာအပါအဝင္ အထက္ပါအခ်က္ေတြကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန အင္တာနက္စာမ်က္ႏွာ (Website) မွာ ေဖာ္ျပထားပါတယ္။ ျပည္တြင္း၊ ျပည္ပ ခရီးသြားေတြအေနနဲ႔လည္း ဒီ အင္တာနက္စာမ်က္ႏွာမွာ အႀကံျပဳထားတာေတြကို ဖတ္႐ူလိုက္နာက်င့္သုံးဖို႔ အေရးႀကီးေနပါတယ္။ ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနအေနနဲ႔လည္း ခရီးသြားလူနာေတြမွာ သံသယလကၡဏာေတြေပၚလာလွ်င္ ပူးေပါင္းေဆာင္႐ြက္ အေၾကာင္းၾကားေပးၿပီး၊ ကုသမူခံယူႏိုင္ေရးကူညီေပးေနခ်ိန္မွာ၊ ဟိုတယ္လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ဝိုင္းကူေပးဖို႔ အေရးႀကီးပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီေရာဂါပိုး အခ်ိန္မေ႐ြး ဝင္ေရာက္ကူူးစက္လာႏိုင္တာမို႔၊ အားလုံး ဝိုင္းဝန္းပူးေပါင္ေဆာင္႐ြက္ဖို႔ အထူးလိုအပ္ေနပါတယ္။

ေရာဂါရွိသူေတြကို ေစာေစာေတြႏိုင္ဖို႔ က်န္းမာေရးတာဝန္ရွိသူေတြအေနနဲ႔လည္း စစ္ေဆးႏိုင္တဲ့ ကိရိယာေတြကို အသင့္ျပင္ထားရာမွာ စမ္းသပ္စစ္ေဆးေရးကိရိယာ (၄၀၀၀) ေက်ာ္ စာ ရွိေနၿပီး၊ ႏိုင္ငံတကာကလည္း ဆက္လက္ကူညီႏိုင္ပါတယ္။ သံသယလူနာနဲ႔ ေစာင့္ၾကည့္လူနာေတြ တျဖည္းျဖည္း မ်ားလာႏိုင္တာအတြက္လည္း၊ သီးသန႔္ခြဲထားႏိုင္တဲ့ေနရာသစ္ေၾတ တိုးခ်ဲ.ျပင္ဆင္ေနပါတယ္။ ဘတ္ဂ်က္ပိုင္းအတြက္လည္း ေလာေလာဆယ္ အေရးေပၚရန္ပုံေငြ သိန္း သုံးေထာင္ရွိထားၿပီး၊ လိုအပ္တာေတြ ဝယ္ယူျဖည့္တင္းေနတာအျပင္၊ ထပ္မံလိုအပ္လာလွ်င္ ႏိုင္ငံေတာ္ သဘာဝေဘးအေရးေပၚရန္ပုံေငြကို သုံးႏိုင္ဖို႔လည္း ညႇိဳႏႈိင္းထားၿပီး ျဖစ္ပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွႏိုင္ဖို႔ ကိုဝင္းမင္းက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲက ဒုတိယၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

==Unicode==

ကိုရိုနာဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါ (COVID-19) ကူးစက်ခံရတဲ့ နိုင်ငံတွေ တစ်နေ့တခြား တိုးလာနေချိန်မှာ၊ မြန်မာနိုင်ငံကိုလည်း ဝင်ရောက်ကူးစက်လာနိုင်တာကို ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်တွက်ဆထားပါတယ်။

မြန်မာနိုင်ငံထဲ လက်ရှိအချိန်ထိ ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စစ်ဆေးတွေ့ရှိမူ မရှိသေးသော်လည်း၊ အချိန်မရွေး ကူးစက်ခံရနိုင်တာအတွက် ပြင်ဆင်မူတွေ လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် အကြီးအကျယ်စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာ နောက်ဆုံး ကူးစက်မူအသစ် တဟုန်ထိုးကျလာချိန်မှာ၊ အခြားနိုင်ငံတချို.မှာတော့ သူ့ပြည်တွင်းမှာ အချင်းချင်းကူးစက်တာ (Local Transmission) များလာပြီး၊ ကူးစက်မူနဲ့သေဆုံးမူနှုန်း တဟုန်ထိုး မြင့်မားလာနေတာမို့၊ ဒီနိုင်ငံတွေကနေ ကူးစက်ဝင်ရောက်လာမှာကို ပိုးစိုးရိမ်လာနေရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ အရေးပေါ်ပြင်ဆင်မူ (Contingency Plan) ကို ရေးဆွဲထားရာမှာ လက်ရှိလုပ်ဆောင်ဖို့အပြင်၊ ရောဂါရှိသူကို စတင်စစ်ဆေးတွေ့ရှိလျှင်တွေ့ရှိချင်း၊ ကူးစက်ဖြစ်ပွားမူနည်းအောင် ဘာတွေဆောင်ရွက်မှာကိုပါ ပြင်ဆင်ထားပါတယ်။ ဒီအထဲမှာ လိုအပ်တဲ့ ဆေးပစ္စည်းကိရိယာနဲ့ အထောက်အပံ့ပစ္စည်းတွေ စုဆောင်းထားတာလည်း ပါဝင်ပါတယ်။

လက်ရှိမှာ လေဆိပ်က ဝင်လာသူတွေကို အဖျားတိုင်း ကိရိယာနဲ့ စစ်ဆေးနေပေမဲ့၊ ရောဂါပျိုးချိန် အဖျားမရှိသေးတာကြောင့် လွတ်သွားနိုင်ပါတယ်။ ခုလို လွတ်သွားခဲ့တာကြောင့် အခြားနိုင်ငံတွေမှာ ရုတ်တရက် အစုလိုက်အပြုံလိုက်ဖြစ်လာတဲ့ သင်ခန်းစာရှိထားတာကိုလည်း ကြိုတွက်ထားပါတယ်။ ဒီလွတ်သွားသူတွေအနေနဲ့ ရောဂါပျိုးချိန် (Incubation Period) ၁၄ ရက်အတွင်း ရောဂါလက္ခဏာပြလာတာကို တည်းခိုရာဟော်တယ်နဲ့ နေထိုင်ရာအိမ်တွေမှာ တွေ့ရှိနိုင်တာမို့၊ ဒီရောဂါအဖြစ်များနေတဲ့ နိုင်ငံတွေက ပြန်လာသူတွေ (သို့မဟုတ်) ဒီရောဂါရှိထားသူတွေနဲ့ အတူနေထိုင်ခဲ့သူတွေမှာ သံသယလက္ခဏာတွေပေါ်လာလျှင် နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြား ကုသမူခံယူသင့်ပါတယ်။ ဒီ သံသယလက္ခဏာတွေကတော့ အဖျားကြီးတာ (၃၈ံ စင်တီဂရိတ်နဲ့အထက်)၊ ချောင်းဆိုးတာ၊ အသက်ရှုကြပ်တာနဲ့ အားအင်ကုန်ခမ်းတာတွေပါ။ ခုလို လက္ခဏာရှိတဲ့ လူနာတွေကို စောစောတွေ့ရှိ စစ်ဆေးနိုင်ဖို့ (Early Detection) က အထူးကို အရေးကြီးနေပါတယ်။

ပြည်သူတွေအနေနဲ့လည်း အသက်ရှုလမ်းကြောင်းကတစ်ဆင့်နဲ့ လက်နဲ့ထိတွေ့ကတစ်ဆင့် ကူးစက်နိုင်တဲ့ ဒီရောဂါကနေ ကာကွယ်နိုင်ဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။ မဖြစ်မနေ လူစုလူဝေးတွေလုပ်ရ၊ သွားရလျှင်လည်း၊ အတတ်နိုင်ဆုံး လူအရေအတွက် အနည်းဆုံးဖြစ်အောင်စီမံတာအပြင်၊ ဖျားနာ ချောင်းဆိုးနေသူတွေကို တားမြစ်တာ၊ လာတဲ့သူတွေကိုလည်း လက်ဆေးဖို့ ရေနဲ့ဆပ်ပြာ အသင့်ပြင်ထားတာ၊ ဖြစ်နိုင်လျှင် လက်ဆေးရည်ပျစ် (Hand Sanitizer) အသင့်ချထားပေးတာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါ့အပြင် စဖြစ်ခဲ့တဲ့ တရုတ်ပြည်နဲ့ နောက်ပိုင်းကူးစက်မူနှုန်းမြင့်မားလာတဲ့နိုင်ငံတွေမှာ မိသားစုတွင်း အနီးကပ်ကူးစက်ခံရတာ များခဲ့တာကြောင့် တစ်ဦးချင်း ကာကွယ်ရေးကလည်း အရေးကြီးပါတယ်။ အဓိက အနေနဲ့ ဒီရောဂါလက္ခဏာခံစားနေရသူကို ရှောင်ကျဉ်ပြီး၊ လက်ကို စင်ကြယ်အောင် မကြာခဏဆေးပါ။ နှာစေး၊ ချောင်းဆိုးလျှင် နှာခေါင်းနဲ့ပါးစပ်ကို လုံအောင်ဖုံးအုပ်ပေးပြီး၊ တစ်ရူးစက္ကူသုံးလျှင်လည်း အမှိုက်ပုံးထဲ တစ်တကျလွှင့်ပစ်ကာ ရေပြန်ဆေးပြီး၊ တကိုယ်ရေသန့်ရှင်းမူ အထူးဂရုပြုပေးပါ။

ဒါ့အပြင် ကိုယ်ခံအားကောင်းနေဖို့ အာဟာရပြည့်အောင်စားပြီး၊ အိပ်ရေးဝအောင်အိပ်ပါ။ လူနေထူထပ်တဲ့ နေရာတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ တရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့တာကိုလည်း ရှောင်ကျဉ်ပါ။ တကယ်လို့ ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားနိုင်တဲ့ သံသယဝင်လာလျှင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးသတင်းပို့ပြီး ကုသမူ ခံယူပါ။ ဘယ်လို ကျန်းမာရေးဌာနတွေကို ဆက်သွယ်သင့်တာအပါအဝင် အထက်ပါအချက်တွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန အင်တာနက်စာမျက်နှာ (Website) မှာ ဖော်ပြထားပါတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအနေနဲ့လည်း ဒီ အင်တာနက်စာမျက်နှာမှာ အကြံပြုထားတာတွေကို ဖတ်ရူလိုက်နာကျင့်သုံးဖို့ အရေးကြီးနေပါတယ်။ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့လည်း ခရီးသွားလူနာတွေမှာ သံသယလက္ခဏာတွေပေါ်လာလျှင် ပူးပေါင်းဆောင်ရွက် အကြောင်းကြားပေးပြီး၊ ကုသမူခံယူနိုင်ရေးကူညီပေးနေချိန်မှာ၊ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝိုင်းကူပေးဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ဒီရောဂါပိုး အချိန်မရွေး ဝင်ရောက်ကူူးစက်လာနိုင်တာမို့၊ အားလုံး ဝိုင်းဝန်းပူးပေါင်ဆောင်ရွက်ဖို့ အထူးလိုအပ်နေပါတယ်။

ရောဂါရှိသူတွေကို စောစောတွေနိုင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့လည်း စစ်ဆေးနိုင်တဲ့ ကိရိယာတွေကို အသင့်ပြင်ထားရာမှာ စမ်းသပ်စစ်ဆေးရေးကိရိယာ (၄၀၀၀) ကျော် စာ ရှိနေပြီး၊ နိုင်ငံတကာကလည်း ဆက်လက်ကူညီနိုင်ပါတယ်။ သံသယလူနာနဲ့ စောင့်ကြည့်လူနာတွေ တဖြည်းဖြည်း များလာနိုင်တာအတွက်လည်း၊ သီးသန့်ခွဲထားနိုင်တဲ့နေရာသစ်တြေ တိုးချဲ.ပြင်ဆင်နေပါတယ်။ ဘတ်ဂျက်ပိုင်းအတွက်လည်း လောလောဆယ် အရေးပေါ်ရန်ပုံငွေ သိန်း သုံးထောင်ရှိထားပြီး၊ လိုအပ်တာတွေ ဝယ်ယူဖြည့်တင်းနေတာအပြင်၊ ထပ်မံလိုအပ်လာလျှင် နိုင်ငံတော် သဘာဝဘေးအရေးပေါ်ရန်ပုံငွေကို သုံးနိုင်ဖို့လည်း ညှိုနှိုင်းထားပြီး ဖြစ်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG