သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝူဟန် (Wuhan) ဗိုင်းရပ်စ် နောက်တဆင့် သတိပြုစရာ


တိုက်ရိုက် လင့်ခ်

ဝူဟန်ဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါ ကူးစက်မှုနှုန်းဟာ စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထဲမှာထက် ကူးစက်ခံရတဲ့ ပြင်ပနိုင်ငံတချို့မှာ ပိုများလာနေတာကို အထူးသတိပြုဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

၂၀၁၉ ကိုရိုနာဗိုင်းရပ်(စ်) ပိုးလို့လည်းခေါ်ပြီး COVID-19 လို့ အမည်ပေးထားတဲ့ ဒီပိုး ကူးစက်ဖြစ်ပွားမှုနှုန်းက တရုတ်နိုင်ငံ အပြင်ဘက်မှာ ရုတ်တရက် တဟုန်ထိုး မြင့်မားလာရခြင်းအကြောင်းရင်းက ယခင် တရုတ်နဲ့ တခြား စဖြစ်တဲ့နိုင်ငံတွေကနေ ပြန်လာသူတွေနဲ့ ဒီလူတွေနဲ့ ထိတွေ့ခဲ့သူတွေက တဆင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ရပ်ရွာအသိုင်းအဝိုင်း (Community) အကြားမှာ အချင်းချင်း ဆက်ကူးစက်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အခုလို ရပ်ရွာအသိုင်းအဝိုင်းအတွင်း ရုတ်တရက် တဟုန်ထိုး ကူးစက်ရတာကလည်း ဘယ်နိုင်ငံမှ မသွားခဲ့ဘဲ ဒီရောဂါပိုးကူးခံရတဲ့ နိုင်ငံတွင်းက သူတွေကို မသိရှိ မစစ်ဆေးနိုင်ခဲ့ဘဲ ရပ်ရွာအတွင်း အချင်းချင်း အထိအတွေ့များပြီး မသိမသာ ထပ်ဆင့် ကူးစက်နေရကနေ နောက်ဆုံးဝုန်းကနဲ ထပေါ်လာတာ ဖြစ်နိုင်ပါတယ်။ အခုလို မသိမသာ တိတ်တဆိတ် ကူးစက်ခဲ့ရခြင်းကလည်း ဒီရောဂါပိုး ကူးစက်ခံရသူတွေ တချို့မှာ ရောဂါလက္ခဏာ မပြပေမယ့် တခြားသူတွေကို ကူးစက်နေနိုင်တာကြောင့်ပါ။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာပိုး စစ်ဆေးတွေ့ရှိခြင်း မရှိသေးပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ကူးလူးဆက်ဆံမူများတဲ့ မြန်မာနိုင်ငံထဲမှာလည်း အားလုံးကို မစစ်ဆေးနိုင်ချိန်မှာ အလားတူ မသိမသာ စရှိနေနိုင်ပြီး နောက်ပိုင်းမှ ရုတ်တရက် ထဖြစ်မှာကို စိုးရိမ်မူတွေ စရှိလာနေပါတယ်။

အခုလို မဖြစ်အောင် ကာကွယ်နိုင်ရေးအတွက် ယေဘုယျအားဖြင့် လက်ကို မကြာခဏဆေးတာ (ဖြစ်နိုင်လျှင် လက်ဆေးရည်ပျစ် Hand Sanitizer သုံးတာ)၊ လက်ရှိ ဖျားနာသူတွေနဲ့ အနီးကပ်မနေဘဲ ခပ်ခွာခွာနေတာ ( ၆ ပေခန့်)၊ လက်ရှိ ဖျားနာနေသူတွေ အနေနဲ့လည်း နှာခေါင်းဖုံး (Mask) တပ်ထားပြီး ဆရာဝန်ပြတာ၊ ဖျားတာကြာလာပြီး ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာချေတာ များလာရင်တော့ အိမ်တွင်းနဲ့ အလုပ်ခွင်အတွင်း အခြားသူတွေနဲ့ နီးနီးကပ်ကပ် မနေတော့ဘဲ ဖြစ်နိုင်ရင် သီးသန့်အခန်းထဲ သီးသန့်အသုံးအဆောင်တွေ သုံးကာ နှာချေ၊ ချောင်းဆိုးရာမှာ သုံးတဲ့ တစ်ရှူးစက္ကူတွေကို သီးသန့်ခွဲလွှင့်ပစ်တာ၊ ချောင်းဆိုး နှာချေချိန် တစ်ရှူး စက္ကူ မရှိရင်တောင် မိမိလက်နဲ့ ကာထားတာ၊ ဖျားနာလာလျှင် အလုပ်နဲ့ ကျောင်းမသွားဘဲ အိမ်မှာအနားယူတာ (Home Quarantine)၊ အားလုံးအနေနဲ့ မလိုအပ်ဘဲ ခရီးမထွက်တာ (အထူးသဖြင့် နိုင်ငံခြားခရီးနဲ့ လက်ရှိအဖြစ်များနေတဲ့ နိုင်ငံတွေမသွားတာ)၊ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ မလိုအပ်ဘဲ မလုပ်တာတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

အခုလိုအချိန်မှာ ကိုရိုနာပိုး ကူးစက်လာနိုင်တာကို ပေါ့ပေါ့ထားမိစေနိုင်တဲ့ အမြင်မှားမူတွေကိုလည်း သတိပြုသင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဘုန်းကံကြီးတာကြောင့်နဲ့ အရင် ဆိုးဝါးတဲ့ပိုးမျိုးစုံး ခံစားခဲ့ပြီး ခံနိုင်ရည်ကောင်းလာတာကြောင့် ဒီရောဂါပိုး ကူးစက်မခံရတာလို့ မှားယွင်းယူဆနေကြတာ ရှိနေပါတယ်။ တကယ်က အခု ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုးက အရင်ပိုးတွေနဲ့ မတူတဲ့ ပိုးအသစ်ဖြစ်တာမို့ အလွယ်တကူ ကူးနိုင်ပါတယ်။

ဒါ့အပြင် ဒီရောဂါပိုး ဝင်တာကို မသိလိုက်ဘဲ ကိုယ်ခံအားကြောင့် ပြန်ကောင်းသွားသူတွေကလည်း နောက် တခြားသူတွေကို ကူးနိုင်ပါသေးတယ်။ အကြောင်းက ကိုယ်ခံအားကောင်းတဲ့သူတွေ (အထူးသဖြင့် လူငယ်တွေ) မှာ ဒီရောဂါက နည်းနည်းပါးပါးသာဖြစ်ပြီး (Mild အဆင့်) ပျောက်သွားပေမယ့် ပိုးက ဆက်ကျန်နေနိုင်လို့ပါ။ ဒါပေမဲ့ ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ အဆုပ်ရောဂါ စတာတွေ) ရှိထားပြီးသူတွေမှာတော့ ဒီပိုး ကူးစက်ခံရရင် ရောဂါဒဏ် ပြင်းပြင်းထန်ထန် ခံစားရပြီး သေဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

(Unicode)








XS
SM
MD
LG