သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ကိစၥ သမၼတ Trump တိုင္းျပည္ကို မိန္႔ခြန္းေျပာမည္


(AP Photo/Andrew Harnik)

(Zawgyi/ Unicode)

Novel Coronavirus ဟာ ကမၻာအႏွံ႔ ပ်ံ႔ႏွံ႔တဲ့ ကပ္ေရာဂါႀကီးအျဖစ္ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ေၾကညာလုိက္ၿပီး အစုရွယ္ယာေစ်းေတြလည္း ဗုဒၶဟူးေန႔မွာ သိသိသာသာ ထပ္မံ ထုိးက်သြားတဲ့အခ်ိန္မွာဘဲ ဒီကိစၥနဲ႔ပတ္သက္လုိ႔ အေမရိကန္ သမၼတ Donald Trump က ဗုဒၶဟူးေန႔ညမွာ တုိင္းျပည္ကုိ မိန္႔ခြန္းေျပာၾကားမယ္လုိ႔ ဆုိပါတယ္။

အိမ္ျဖဴေတာ္မွာ အေမရိကန္က ထိပ္တန္း ဘဏ္အႀကီးအကဲေတြနဲ႔ ေတြ႔ဆုံအၿပီး သမၼတ Trump က ေျပာၾကားတာမွာ တုိင္းျပည္အတြင္း အေရးေပၚ အေျခအေနေၾကညာၿပီး ႏုိင္ငံတကာ ခရီးသြားလာမႈေတြကုိ ကန္႔သတ္ျခင္း လုပ္မလားဆုိတဲ့ ထင္ေၾကးေပး ေျပာဆုိေနမႈေတြနဲ႔ ပတ္သက္လုိ႔ တစုံတရာ ေျပာၾကားခဲ့ျခင္း မရွိပါဘူး။

သူ႔အေနနဲ႔ ဘာလုပ္ဖုိ႔ ဆုံးျဖတ္ထားတယ္ဆုိတဲ့ ကိစၥကုိ ၀ါရွင္တန္ စံေတာ္ခ်ိန္ ည ၉ နာရီမွာ သမၼတရဲ႕ Oval ရုံးခန္းကေန တုိင္းျပည္ကုိ ေျပာၾကားမယ့္ မိန္႔ခြန္းထဲမွာ ထည့္သြင္း ေျပာဆုိမယ္လုိ႔ သမၼတ Trump က ေျပာပါတယ္။

ဒီျပႆနာကုိ ေျပလည္ေအာင္ ေျဖရွင္းသြားမယ္လုိ႔ ဘဏ္အႀကီးအကဲေတြနဲ႔ ေတြ႔ဆုံမႈအတြင္း သတင္းေထာက္ေတြကုိ ေျပာၾကားခဲ့ပါတယ္။ Coronavirus ေၾကာင့္ ျဖစ္ေပၚလာမယ့္ စီးပြားေရး အၾကပ္အတည္းကုိ ေျဖရွင္းႏုိင္ဖုိ႔ သူတုိ႔ဘက္က အဆင္သင့္ရွိေၾကာင္း ဘဏ္လုပ္ငန္းရွင္ေတြက သမၼတကုိ ေျပာခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

ဗုဒၶဟူးေန႔ အစုရွယ္ယာေစ်းေတြ ပိတ္တဲ့အခ်ိန္မွာ နယူးေယာက္က Dow Jones အစုရွယ္ယာအညြန္းကိန္းေတြဟာ ၆ ရာခိုင္ႏႈန္း နီးပါးနဲ႔ ညီမွ်တဲ့ ၁,၅၀၀ နီးပါး က်သြားခဲ့ပါတယ္။ ဒါဟာ ၁၁ ႏွစ္ေလာက္ ဆက္တုိက္အျမတ္အစြန္း ေပၚလာခဲ့တဲ့ အစုရွယ္ယာေစ်းေတြ ပထမဆုံးအႀကိမ္ အမ်ားဆုံး ျပန္ထုိးက်ျခင္းလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

( Unicode)

Coronavirus ကိစ္စ သမ္မတ Trump တိုင်းပြည်ကို မိန့်ခွန်းပြောမည်

Novel Coronavirus ဟာ ကမ္ဘာအနှံ့ ပျံ့နှံ့တဲ့ ကပ်ရောဂါကြီးအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပြီး အစုရှယ်ယာဈေးတွေလည်း ဗုဒ္ဓဟူးနေ့မှာ သိသိသာသာ ထပ်မံ ထိုးကျသွားတဲ့အချိန်မှာဘဲ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့ညမှာ တိုင်းပြည်ကို မိန့်ခွန်းပြောကြားမယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်မှာ အမေရိကန်က ထိပ်တန်း ဘဏ်အကြီးအကဲတွေနဲ့ တွေ့ဆုံအပြီး သမ္မတ Trump က ပြောကြားတာမှာ တိုင်းပြည်အတွင်း အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတကာ ခရီးသွားလာမှုတွေကို ကန့်သတ်ခြင်း လုပ်မလားဆိုတဲ့ ထင်ကြေးပေး ပြောဆိုနေမှုတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောကြားခဲ့ခြင်း မရှိပါဘူး။

သူ့အနေနဲ့ ဘာလုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ ကိစ္စကို ဝါရှင်တန် စံတော်ချိန် ည ၉ နာရီမှာ သမ္မတရဲ့ Oval ရုံးခန်းကနေ တိုင်းပြည်ကို ပြောကြားမယ့် မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုမယ်လို့ သမ္မတ Trump က ပြောပါတယ်။

ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းသွားမယ်လို့ ဘဏ်အကြီးအကဲတွေနဲ့ တွေ့ဆုံမှုအတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ Coronavirus ကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ သူတို့ဘက်က အဆင်သင့်ရှိကြောင်း ဘဏ်လုပ်ငန်းရှင်တွေက သမ္မတကို ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ အစုရှယ်ယာဈေးတွေ ပိတ်တဲ့အချိန်မှာ နယူးယောက်က Dow Jones အစုရှယ်ယာအညွန်းကိန်းတွေဟာ ၆ ရာခိုင်နှုန်း နီးပါးနဲ့ ညီမျှတဲ့ ၁,၅၀၀ နီးပါး ကျသွားခဲ့ပါတယ်။ ဒါဟာ ၁၁ နှစ်လောက် ဆက်တိုက်အမြတ်အစွန်း ပေါ်လာခဲ့တဲ့ အစုရှယ်ယာဈေးတွေ ပထမဆုံးအကြိမ် အများဆုံး ပြန်ထိုးကျခြင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG