သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကြောင့် ဒီမိုကရက်သမ္မတလောင်း မဲဆွယ်စည်းရုံးမှုတချို့ ဖျက်သိမ်း


Coronavirus ကြောင့် ဗားမောင့် အထက်လွှတ်တော် အမတ် Bernie Sanders ဒီမိုကရက်သမ္မတလောင်း မဲဆွယ်စည်းရုံးမှု ဖျက်ခဲ့ရ
Coronavirus ကြောင့် ဗားမောင့် အထက်လွှတ်တော် အမတ် Bernie Sanders ဒီမိုကရက်သမ္မတလောင်း မဲဆွယ်စည်းရုံးမှု ဖျက်ခဲ့ရ

(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စု အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု အပေါ် စိုးရိမ်ချက်တွေကြောင့် အခု အင်္ဂါညမှာ ကျင်းပဖို့ စီစဉ်ခဲ့ကြတဲ့ ဒီမိုကရက်ပါတီ ရွေးကောက်ပွဲည စည်းရုံးရေး ပွဲတွေကို ဖျက်သိမ်းလိုက်ပါတယ်။

ဒီမိုကရက် ပါတီ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေကြတဲ့ ဗားမောင့် အထက်လွှတ်တော် အမတ် Bernie Sanders နဲ့ ဒုတိယ သမ္မတဟောင်း Joe Biden တို့က စည်းရုံးရေး ပွဲတွေ ဖျက်လိုက်တာပါ။ ပြည်သူ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု ဆိုင်ရာ စိုးရိမ်ချက်ကြောင့် Cleveland မှာ ဒီညလုပ်မယ့် လူထု စည်းရုံးရေး ပွဲကို ဖျက်ကြောင်း အထက်လွှတ်တော် အမတ် Sanders ရဲ့ စည်းရုံးရေး အဖွဲ့ ပြောခွင့်ရ Mike Casca က ပြောဆိုခဲ့တာပါ။

အထက်လွှတ်တော် အမတ် Sander ရဲ့ Bernie 2020 လို့ အမည်ပေးထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး ပွဲတွေ နောက်ပိုင်းမှာ ကျင်းပမယ့် အရေးကိုလည်း အခြေအနေကြည့်ပြီး သုံးသပ်သွားမယ်လို့ ပြောခွင့်ရ Casca က ပြောပါတယ်။ ဒုတိယ သမ္မတဟောင်း Joe Biden ရဲ့ စည်းရုံးရေး အဖွဲ့ကလည်း အင်္ဂါနေ့ ညနေခင်းပိုင်းမှာ အလားတူ ကြေညာချက် ထုတ်ပါတယ်။ အိုဟိုင်းယိုး ပြည်နယ် Cleveland မှာ ဒီညလုပ်မယ့် စည်းရုံးရေး ပွဲကို တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီဘဲ ဖျက်သိမ်းကြောင်း ဒုတိယ သမ္မတဟောင်း Biden ရဲ့ ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Kate Bedingfield က ပြောဆိုခဲ့ပါတယ်။

အခု အင်္ဂါနေ့ ဒီမိုကရက် ပါတီရဲ့ ပြည်နယ် ၆ ခုမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ Vermont အထက်လွှတ်တော် အမတ် Bernie Sanders ထက် ပိုပြီး အခိုင်အမာ အနိုင်ရဖို့ ဒုတိယ သမ္မတ Joe Biden က မျှော်လင့်နေပါတယ်။ ဒီမိုကရက် သမ္မတလောင်း ရွေးကောက်ခံရသူက လာမယ့် နိုဝင်ဘာလမှာ လက်ရှိ သမ္မတ Donald Trump နဲ့ ယှဉ်ပြိုင် ရွေးကောက်ခံရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လုပ်တဲ့ ပါတီရဲ့ သမ္မတလောင်း ရွေးကောက်ပွဲ ၁၄ ခုထဲက ၁၀ ခုမှာ ဒု သမ္မတဟောင်း Biden က အထက်လွှတ်တော် အမတ် Sanders ကို အနိုင်ရခဲ့ပါတယ်။ အနောက်အလယ်ပိုင်း ပြည်နယ် Michigan မှာလည်း မစ္စတာ Biden အခြေအနေ ကောင်းနေတယ်လို့ လူထု သဘောထား ဆန္ဒ ကောက်ယူမှုမှာ ဖော်ပြပါတယ်။ နိုင်ငံရဲ့ အဓိက ကားထုတ်လုပ်မှု အချက်အချာ ဖြစ်တဲ့ မစ်ရှီဂန် ပြည်နယ်က ဒီမိုကရက် ပါတီ ညီလာခံ ကိုယ်စားလှယ်မဲ ၁၂၅ မဲ ရှိနေတာ ဖြစ်ပြီး အင်္ဂါနေ့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရမယ့် ပြည်နယ် ဖြစ်ပါတယ်။

Mississippi ၊ Missouri ၊ North Dakota ၊ Idaho နဲ့ Washington ပြည်နယ် တို့မှာလည်း ဒုတိယ သမ္မတဟောင်း Biden က ဆိုရှယ် ဒီမိုကရက်လို့ သူ့ကိုယ်သူ ကြေညာထားတဲ့ အထက်လွှတ်တော် အမတ် Sanders ထက် ပိုပြီး အခြေအနေ ကောင်းနေတာမျိုး ဒါမှမဟုတ်လည်း ထောက်ခံမှု အတူတူ နီးပါး ရှိနေတယ်လို့ လူထု သဘောထား ကောက်ယူမှုမှာ တွေ့ရပါတယ်။ ဒီပြည်နယ် ၅ ခုနဲ့ ပြည်ပမှာ နေကြတဲ့ ဒီမိုကရက် ပါတီဝင်တွေရဲ့ စုစုပေါင်း ပါတီ ညီလာခံ ကိုယ်စားလှယ်မဲက ၂၄၀ ရှိပါတယ်။

၂၀၁၆ ခုနှစ်တုန်းကတော့ မစ်ရှီဂန် ပြည်နယ်မှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton နဲ့ ယှဉ်ပြိုင်မှုမှာ အထက်လွှတ်တော် အမတ် Sanders အနိုင်ရခဲ့တာပါ။ ဒါပေမယ့်လည်း လတ်တလော ကောက်ယူတဲ့ စစ်တမ်းတွေမှာတော့ မစ်ရှီဂန် ပြည်နယ်မှာ Biden က ဦးဆောင်နေပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG