သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုင္းရပ္စ္ ဂယက္ေၾကာင့္ စီးပြားေရး အခက္ေတြ႔ခ်ိန္ ေရႊေစ်း အတက္အက် အေျခအေန


လက္၀တ္ရတနာဆိုင္ (ဓာတ္ပံု ေက်ာ္ႀကီး MDY)

(Zawgyi / Unicode)

ျမန္မာ့ ေငြေၾကး ေစ်းကြက္မွာ အေမရိကန္ ေဒၚလာ ေစ်းက်သလို ေရႊေစ်းကလည္း အနည္းငယ္ က်သြားပါတယ္။ ကမၻာ့ေရႊေစ်း တက္လာေပမယ့္လည္း ျမန္မာႏုိင္ငံတြင္းမွာေတာ့ နယ္စပ္ေတြကေန ေရႊ အထြက္ကလည္း နည္းေနၿပီး ေဒၚလာေစ်းကလည္း က်ေနလို႔ ေစ်း အနည္းငယ္ ဆက္က်ဦးမယ္လို႔ ေရႊလုပ္ငန္း အသိုင္းအ၀ိုင္းၾကား သံုးသပ္ ေစာင့္ၾကည့္ေနၾကပါတယ္။ မႏၱေလး အေျခစိုက္ ေရႊေစ်းကြက္ အနီးကပ္ ေစာင့္ၾကည့္ ေလ႔လာေနသူ ကိုသူရထြန္းနဲ႔ မသိဂၤ ီထိုက္ ေဆြးေႏြးၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ တင္ျပထားပါတယ္။

ကိုသူရထြန္း ။ ။ လက္ရွိကေတာ့ ဒီတပတ္ အတြင္းကေတာ့ ေရႊ ေစ်းကေတာ့ ၄ ေသာင္း၊ ၅ ေသာင္း ၀န္းက်င္ကေတာ့ က်သြားတာေပါ့ေနာ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အဓိက ကေတာ့ ျပည္တြင္း ေဒၚလာ ေစ်းေပါ့၊ ျပည္တြင္း ေဒၚလာေစ်းက ၁,၄၀၀ ေအာက္ကို ေဖာက္ဆင္းၿပီးေတာ့ လက္ရွိ ၁,၃၇၀ ၀န္းက်င္ထိက်သြားတာေပါ့။ အဲဒီ အတြက္ေၾကာင့္ ျမန္မာေရႊေစ်းကလည္း လိုက္က်တဲ႔ ပံုစံ ျဖစ္သြားတာေပါ့။

သိဂၤ ီထိုက္။ ။ ျမန္မာ ေစ်းကြက္မွာ ေဒၚလာေစ်းလည္းက်တယ္ဈ၊ ႏုိင္ငံျခား ေငြ ေပါက္ေစ်းလည္း ေတာ္ေတာ္ က်တယ္ အေျခအေနမ်ိဳး ရွိတယ္၊ ေရႊေစ်းကလည္း လိုက္ က်တယ္ဆိုေတာ့ ေငြစုမယ့္သူေတြ အေနနဲ႔ ဘယ္ဟာကို ၀ယ္ထားလို႔ အဆင္ေျပမလဲ၊ ေဒၚလာကို ၀ယ္ထားရင္ အဆင္ေျပမလား၊ ေရႊကို ၀ယ္ထားရင္ အဆင္ေျပမလား။

ကိုသူရထြန္း ။ ။ လက္ရွိ အေနအထား အရေတာ့ ေဒၚလာေစ်းကေတာ့ ဒီ က်ေနာ္တို႔ အိမ္နီးနားခ်င္း ႏုိင္ငံေတြရဲ႕ ေငြေၾကး တန္ဖိုး ထပ္ၿပီးေတာ့ ေလွ်ာ့ႏုိင္ မေလွ်ာ့ႏုိင္ေပါ့ အဲဒီေပၚမွာ မူတည္တာေပါ့။ လက္ရွိကေတာ့ ေဒၚလာေစ်းကေတာ့ အမ်ား ခန္႔မွန္းတာကေတာ့ လက္ရွိ ၁,၃၀၀ နားထိကို ဆင္းႏုိင္တယ္ေပါ့။ ေနာက္တခုက ေရႊနဲ႔ ပတ္သက္ရင္ေတာ့ ေရႊေစ်းကေတာ့ လက္ရွိကေတာ့ ၁၂ သိန္း ေအာက္ကို ေလွ်ာ့သြားတာေပါ့။ လက္ရွိ အေျခအေနမွာေတာ့ ေငြရွိတဲ႔သူေတြ အတြက္ကေတာ့ က်ေနာ္ ကေတာ့ ပိုၿပီး တိုက္တြန္းတာေတာ့ ေရႊကို ၀ယ္စုဖို႔ ပိုတိုက္တြန္းတာေပါ့ေနာ္။
ဘာေၾကာင့္လဲ ဆိုေတာ့ ေရႊ ေစ်းဆိုတာကေတာ့ အတက္အက် ကေတာ့ ဒီ ေဒၚလာေစ်းေလာက္ေတာ့ လက္ရွိမွာ မၾကမ္းဘူးေပါ့ေနာ္။ ေနာက္တခု ေရႊဆိုတာလည္း ေနာင္တခ်ိန္ Long Term Investment (ေရရွည္ ရင္းႏွီးျမွဳပ္ႏွံမႈ) အတြက္ေတာ့ ပိုၿပီးေတာ့ ေကာင္းတဲ႔ သေဘာမွာ ရွိပါတယ္။

သိဂၤ ီထိုက္။ ။ အစုရွယ္ယာ ေစ်းႏႈန္းေတြက က်သြားပါတယ္၊ တခ်ိန္တည္းမွာဘဲ ေရႊေစ်းကေတာ့ တက္လာတယ္ေပါ့ေနာ္။ ဆိုေတာ့ ျမန္မာႏုိင္ငံတြင္းမွာေရာ ကမၻာ့ေရႊေစ်းနဲ႔ လိုက္ၿပီးေတာ့ တက္လာႏုိင္တဲ႔ အေနအထား ရွိပါသလား။

ကိုသူရထြန္း ။ ။ လက္ရွိကေတာ့ က်ေနာ္တို႔ ဒီ ေရႊ ၀ယ္စုမယ္ ဆိုရင္ေတာ့ ေရရွည္ ရင္းႏွီးျမွဳပ္ႏွံမႈ အတြက္ေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ပံုမွန္ အေရာင္းအ၀ယ္ လုပ္တဲ႔ လူေတြ အတြက္ေတာ့ လက္ရွိ ေရႊေစ်းက အနည္းငယ္ ထပ္ၿပီးေတာ့ က်ႏုိင္ေျခ ရွိေသးတာေပါ့ေနာ္။ အဲဒါေၾကာင့္ က်ေနာ္႔ အေနနဲ႔ အႀကံျပဳတယ္ ဆိုရင္ေတာ့ လက္ရွိ ေဒၚလာေရာ ေရႊေရာ လက္ရွိ မ၀ယ္ေသးတာေတာ့ ပိုၿပီးေတာ့ သင့္ေတာ္မယ္လို႔ေတာ့ ယူဆပါတယ္။

သိဂၤ ီထိုက္။ ။ အဲေတာ့ ေရႊ ၀ယ္ခ်င္တဲ႔ သူေတြ အတြက္ေရာ အထည္၀ယ္ရင္ ေကာင္းမလား ဒါမွမဟုတ္ အသားလိုင္း ဘက္ကို ၀ယ္ရင္ ေကာင္းမလား။

ကိုသူရထြန္း ။ ။ သံုးႏုိင္တဲ႔ ေငြေပၚ မူတည္ၿပီးေတာ့ေပါ့ေနာ္ ဥပမာ က်ေနာ္တို႔ အထည္လိုင္းက်ေတာ့လည္း ျပည္တြင္းမွာ အထည္လုိင္းက်ေတာ့လည္း အေလ်ာ့တြက္ ေတြ ရွိတဲ႔ အတြက္ေၾကာင့္ အက်ိဳးအျမတ္ တခု အေနနဲ႔ ၀ယ္ယူစုေဆာင္းမယ္ ဆိုရင္ေတာ့ အထည္လိုင္းကေတာ့ သိပ္ၿပီးေတာ့ အက်ိဳးအျမတ္ မရႏုိင္ဘူးေပါ့ေနာ္။ က်ေနာ္တို႔ ဒီ အတံုး အခဲလိုင္းကေတာ့ အေလ်ာ့တြက္ မရွိတဲ႔ အတြက္ေၾကာင့္ ေနာက္ ေငြျပန္ေဖာ္ရင္ လြယ္တဲ႔ အတြက္ေၾကာင့္ အခ်ိန္မေရြး ျပန္လည္ ေရာင္းခ်ရင္ ကိုယ့္အတြက္ ပိုအဆင္ေျပတာေပါ့ေနာ္။ အဲေတာ့ တကယ္လို႔ ၀ယ္ယူစုေဆာင္းတဲ႔ သူမ်ား အတြက္ေတာ့ က်ေနာ္ကေတာ့ အတံုးလိုင္းကို အခဲေပါ့ေနာ္ အခဲကို ပိုၿပီးေတာ့ အားေပးပါတယ္။

သိဂၤ ီထိုက္။ ။ ျမန္မာႏုိင္ငံရဲ႕ ေရႊေစ်းႏႈန္း သတ္မွတ္ခ်က္က ဘယ္သူေတြက သတ္မွတ္ေနတာပါလဲ။

ကိုသူရထြန္း ။ ။ လက္ရွိ က်ေနာ္တို႔ ျမန္မာႏုိင္ငံ ေရႊေစ်းကြက္ကို အပိုင္း ၂ ပိုင္း ရွိတာေပါ့ေနာ္။ က်ေနာ္တို႔ ဒီ ရန္ကုန္ မွာ ေရႊေစ်းကြက္ တခု ရွိတယ္။ မႏၱေလးမွာ ေရႊေစ်းကြက္ တခု ရွိတယ္။ အဲေတာ့ ဒါကေတာ့ တရား၀င္ ဖြဲ႔စည္းထားတဲ႔ အစိုးရ အသိအမွတ္ျပဳ အဖြဲ႔အစည္းေတြ ေပါ့ေနာ္။ ေနာက္ က်ေနာ္တို႔ ျမန္မာႏုိင္ငံ ေရႊလုပ္ငန္းရွင္မ်ား အသင္း ဆိုတာလည္း ရွိပါတယ္။ ေရႊေစ်းကြက္ကို အဓိက ဖြင့္တာေတာ့ ရန္ကုန္တုိင္း ေရႊလုပ္ငန္းရွင္မ်ား အသင္းက မနက္ ၁၀ နာရီခြဲမွာ ေရႊေစ်း စဖြင့္ပါတယ္။
ၿပီးရင္ မႏၱေလးတိုင္း ေရႊလုပ္ငန္းရွင္မ်ား အသင္းက ေန႔လည္း ၁၂နာရီခြဲ ဆိုရင္ ေစ်းကြက္ စဖြင့္ပါတယ္။ အဲေတာ့ ညေန ၄ နာရီခြဲ ၀န္းက်င္ ဆိုရင္ေတာ့ ေစ်းကြက္ ပိတ္သိမ္း တာေပါ့ေနာ္။ ေစ်း ပိတ္တဲ႔ အခ်ိန္ေပါ့။ အဲဒီေတာ့ ျမန္မာႏုိင္ငံမွာေတာ့ လက္ရွိ ေရႊအေရာင္းအ၀ယ္ လုပ္သူေတြကေတာ့ ေရႊအသင္းက ထုတ္ျပန္တဲ႔ ေရႊအသင္းမွာ အေရာင္းအ၀ယ္ ျဖစ္တဲ႔ ေစ်းႏႈနး္ကိုဘဲ စံနမူနာ ယူၾကတာေပါ့ေနာ္။
အခုေနာက္ပိုင္းမွာေတာ့ ေရႊေစ်းကြက္ကို လက္၀ါးႀကီး အုပ္တာတို႔ ေနာက္ ေရႊကစားတဲ႔ ပံုစံမ်ိဳးေတြကေတာ့ အခုေနာက္ပိုင္းမွာေတာ့ သိပ္မရွိေတာ့ပါဘူး။ မေတြ႔ရေတာ့ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ လြတ္လပ္စြာ ၀ယ္ယူ ေရာင္းခ်ႏုိင္ခြင့္ ေတာ္ေတာ္မ်ားမ်ားလည္း လုပ္ေနၾကတဲ႔ ခြင့္ျပဳ ေပးထားတဲ႔ အတြက္ေၾကာင့္ မို႔လို႔လည္း အဲလိုမ်ိဳး ကေတာ့ ေနာက္ပိုင္း သိပ္မေတြ႔ရေတာ့ပါဘူး။

သိဂၤ ီထိုက္။ ။ ဒီ ေရႊလုပ္ငန္းငန္း ရွင္မ်ား အသင္းေတြကေန သတ္မွတ္ေနတဲ႔ ေစ်းႏႈန္းေတြ ကေရာ ဘယ္အေပၚမွာ မူတည္ၿပီး သတ္မွတ္ပါသလဲ။

ကိုသူရထြန္း ။ ။ က်ေနာ္တို႔ ေစ်းကြက္ စဖြင့္တဲ႔ အခ်ိန္မွာေတာ့ ဒီ ကမၻာ႔ေရႊေစ်းရယ္၊ ျပည္တြင္း ေဒၚလာ ေစ်းရယ္ ေနာက္ ဒီ ေစ်းကြက္ထဲက ၀ယ္လိုအား ေရာင္းလိုအား အေျခအေန ေပၚ မူတည္ၿပီးေတာ့မွ ေရႊေစ်း စဖြင့္ၾကတာေပါ့ေနာ္။

သိဂၤ ီထိုက္။ ။ တကယ္လို႔ ျမန္မာႏုိင္ငံတြင္းကေန ၿပီးေတာ့ ေရႊေစ်းက်သြားတဲ႔ အခါမွာ ဒီ အိမ္နီးခ်င္း ႏုိင္ငံေတြကေန လွမ္းၿပီးေတာ့ ၀ယ္လိုက္တဲ႔ ၊ အေနအထားမ်ိဳး ေပါ့ေနာ္၊ ကမၻာ့ေစ်းနဲ႔ ျမန္မာ့ ေရႊေစ်းနဲ႔ ကြာဟတဲ႔ အခါမွာ အျမတ္ထြက္ႏုိင္တဲ႔ အခါမွာ အိမ္နီးခ်င္း ႏုိင္ငံေတြက လွမ္းၿပီး ၀ယ္တယ္ ဆိုတဲ႔ ေစ်းကြက္ တခု ရွိထားတယ္လို႔လည္း က်မ သိထားပါတယ္။ ဆိုေတာ့ အခု အေနအထားမွာေရာ ျမန္မာ့ ေရႊေစ်းက က်ေနတယ္၊ အိမ္နီးခ်င္း ႏုိင္ငံေတြက အ၀ယ္လိုက္လာတဲ႔ အေနအထားေရာ ရွိပါသလား လက္ရွိ ေရႊ ေစ်းကြက္ထဲမွာ။

ကိုသူရထြန္း ။ ။ လက္ရွိကေတာ့ ျပည္တြင္း ေရႊေစ်းကြက္မွာေတာ့ လက္ရွိကေတာ့ ေတာ္ေတာ္မ်ားမ်ားက အေရာင္းအ၀ယ္ေတာ့ သိပ္မလုပ္ၾကေတာ့ဘူးေပါ့ေနာ္။ ဒီရက္ပိုင္းက အတက္အက် ၾကမ္းတဲ႔ ေရႊေစ်းေရာ ေဒၚလာေစ်းေရာ အတက္အက် ၾကမ္းတာ ျဖစ္တဲ႔ အတြက္ေၾကာင့္ ဒီ ၀ယ္ယူ စုေဆာင္း အေရာင္းအ၀ယ္ လုပ္တဲ႔ သူေတြ အေနနဲ႔ကေတာ့ လက္တေလာမွာ ေစာင့္ၾကည့္ေနၾကတာ မ်ားပါတယ္။

ေနာက္တခုကေတာ့ နယ္စပ္က တဆင့္ ေရႊ သြင္းတာ တို႔ ေရႊ ျပန္ထြက္တာတို႔မွာလည္း လက္တေလာ အေနအထားကေတာ့ က်ေနာ္တို႔ ၾကားရ သေလာက္ကေတာ့ ေလာေလာဆယ္ေတာ့ မရွိေသးပါဘူး။ ဘာလို႔ ဆိုေတာ့ နယ္စပ္မွာလည္း ကိုရိုနာ ဗိုင္းရပ္စ္ ေၾကာင့္ ကုန္သြယ္ေရးေတြ အကုန္ပိတ္ ထားတဲ႔ အတြက္ေၾကာင့္ေလ လက္ရွိ အေနအထားကေတာ့ ဒီ နယ္စပ္ အ၀င္ အထြက္ကေတာ့ က်ေနာ္တို႔ လက္ရွိ အေနအထားမွာေတာ့ မရွိဘူးလို႔ ယူဆပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဗိုင်းရပ်စ် ဂယက်ကြောင့် စီးပွားရေး အခက်တွေ့ချိန် ရွှေဈေး အတက်အကျ အခြေအနေ

မြန်မာ့ ငွေကြေး ဈေးကွက်မှာ အမေရိကန် ဒေါ်လာ ဈေးကျသလို ရွှေဈေးကလည်း အနည်းငယ် ကျသွားပါတယ်။ ကမ္ဘာ့ရွှေဈေး တက်လာပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာတော့ နယ်စပ်တွေကနေ ရွှေ အထွက်ကလည်း နည်းနေပြီး ဒေါ်လာဈေးကလည်း ကျနေလို့ ဈေး အနည်းငယ် ဆက်ကျဦးမယ်လို့ ရွှေလုပ်ငန်း အသိုင်းအဝိုင်းကြား သုံးသပ် စောင့်ကြည့်နေကြပါတယ်။ မန္တလေး အခြေစိုက် ရွှေဈေးကွက် အနီးကပ် စောင့်ကြည့် လေ့လာနေသူ ကိုသူရထွန်းနဲ့ မသိင်္ဂ ီထိုက် ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

ကိုသူရထွန်း ။ ။ လက်ရှိကတော့ ဒီတပတ် အတွင်းကတော့ ရွှေ ဈေးကတော့ ၄ သောင်း၊ ၅ သောင်း ဝန်းကျင်ကတော့ ကျသွားတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ အဓိက ကတော့ ပြည်တွင်း ဒေါ်လာ ဈေးပေါ့၊ ပြည်တွင်း ဒေါ်လာဈေးက ၁,၄၀၀ အောက်ကို ဖောက်ဆင်းပြီးတော့ လက်ရှိ ၁,၃၇၀ ဝန်းကျင်ထိကျသွားတာပေါ့။ အဲဒီ အတွက်ကြောင့် မြန်မာရွှေဈေးကလည်း လိုက်ကျတဲ့ ပုံစံ ဖြစ်သွားတာပေါ့။

သိင်္ဂ ီထိုက်။ ။ မြန်မာ ဈေးကွက်မှာ ဒေါ်လာဈေးလည်းကျတယ်ဈ၊ နိုင်ငံခြား ငွေ ပေါက်ဈေးလည်း တော်တော် ကျတယ် အခြေအနေမျိုး ရှိတယ်၊ ရွှေဈေးကလည်း လိုက် ကျတယ်ဆိုတော့ ငွေစုမယ့်သူတွေ အနေနဲ့ ဘယ်ဟာကို ဝယ်ထားလို့ အဆင်ပြေမလဲ၊ ဒေါ်လာကို ဝယ်ထားရင် အဆင်ပြေမလား၊ ရွှေကို ဝယ်ထားရင် အဆင်ပြေမလား။

ကိုသူရထွန်း ။ ။ လက်ရှိ အနေအထား အရတော့ ဒေါ်လာဈေးကတော့ ဒီ ကျနော်တို့ အိမ်နီးနားချင်း နိုင်ငံတွေရဲ့ ငွေကြေး တန်ဖိုး ထပ်ပြီးတော့ လျှော့နိုင် မလျှော့နိုင်ပေါ့ အဲဒီပေါ်မှာ မူတည်တာပေါ့။ လက်ရှိကတော့ ဒေါ်လာဈေးကတော့ အများ ခန့်မှန်းတာကတော့ လက်ရှိ ၁,၃၀၀ နားထိကို ဆင်းနိုင်တယ်ပေါ့။ နောက်တခုက ရွှေနဲ့ ပတ်သက်ရင်တော့ ရွှေဈေးကတော့ လက်ရှိကတော့ ၁၂ သိန်း အောက်ကို လျှော့သွားတာပေါ့။ လက်ရှိ အခြေအနေမှာတော့ ငွေရှိတဲ့သူတွေ အတွက်ကတော့ ကျနော် ကတော့ ပိုပြီး တိုက်တွန်းတာတော့ ရွှေကို ဝယ်စုဖို့ ပိုတိုက်တွန်းတာပေါ့နော်။
ဘာကြောင့်လဲ ဆိုတော့ ရွှေ ဈေးဆိုတာကတော့ အတက်အကျ ကတော့ ဒီ ဒေါ်လာဈေးလောက်တော့ လက်ရှိမှာ မကြမ်းဘူးပေါ့နော်။ နောက်တခု ရွှေဆိုတာလည်း နောင်တချိန် Long Term Investment (ရေရှည် ရင်းနှီးမြှုပ်နှံမှု) အတွက်တော့ ပိုပြီးတော့ ကောင်းတဲ့ သဘောမှာ ရှိပါတယ်။

သိင်္ဂ ီထိုက်။ ။ အစုရှယ်ယာ ဈေးနှုန်းတွေက ကျသွားပါတယ်၊ တချိန်တည်းမှာဘဲ ရွှေဈေးကတော့ တက်လာတယ်ပေါ့နော်။ ဆိုတော့ မြန်မာနိုင်ငံတွင်းမှာရော ကမ္ဘာ့ရွှေဈေးနဲ့ လိုက်ပြီးတော့ တက်လာနိုင်တဲ့ အနေအထား ရှိပါသလား။

ကိုသူရထွန်း ။ ။ လက်ရှိကတော့ ကျနော်တို့ ဒီ ရွှေ ဝယ်စုမယ် ဆိုရင်တော့ ရေရှည် ရင်းနှီးမြှုပ်နှံမှု အတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ပုံမှန် အရောင်းအဝယ် လုပ်တဲ့ လူတွေ အတွက်တော့ လက်ရှိ ရွှေဈေးက အနည်းငယ် ထပ်ပြီးတော့ ကျနိုင်ခြေ ရှိသေးတာပေါ့နော်။ အဲဒါကြောင့် ကျနော့် အနေနဲ့ အကြံပြုတယ် ဆိုရင်တော့ လက်ရှိ ဒေါ်လာရော ရွှေရော လက်ရှိ မဝယ်သေးတာတော့ ပိုပြီးတော့ သင့်တော်မယ်လို့တော့ ယူဆပါတယ်။

သိင်္ဂ ီထိုက်။ ။ အဲတော့ ရွှေ ဝယ်ချင်တဲ့ သူတွေ အတွက်ရော အထည်ဝယ်ရင် ကောင်းမလား ဒါမှမဟုတ် အသားလိုင်း ဘက်ကို ဝယ်ရင် ကောင်းမလား။

ကိုသူရထွန်း ။ ။ သုံးနိုင်တဲ့ ငွေပေါ် မူတည်ပြီးတော့ပေါ့နော် ဥပမာ ကျနော်တို့ အထည်လိုင်းကျတော့လည်း ပြည်တွင်းမှာ အထည်လိုင်းကျတော့လည်း အလျော့တွက် တွေ ရှိတဲ့ အတွက်ကြောင့် အကျိုးအမြတ် တခု အနေနဲ့ ဝယ်ယူစုဆောင်းမယ် ဆိုရင်တော့ အထည်လိုင်းကတော့ သိပ်ပြီးတော့ အကျိုးအမြတ် မရနိုင်ဘူးပေါ့နော်။ ကျနော်တို့ ဒီ အတုံး အခဲလိုင်းကတော့ အလျော့တွက် မရှိတဲ့ အတွက်ကြောင့် နောက် ငွေပြန်ဖော်ရင် လွယ်တဲ့ အတွက်ကြောင့် အချိန်မရွေး ပြန်လည် ရောင်းချရင် ကိုယ့်အတွက် ပိုအဆင်ပြေတာပေါ့နော်။ အဲတော့ တကယ်လို့ ဝယ်ယူစုဆောင်းတဲ့ သူများ အတွက်တော့ ကျနော်ကတော့ အတုံးလိုင်းကို အခဲပေါ့နော် အခဲကို ပိုပြီးတော့ အားပေးပါတယ်။

သိင်္ဂ ီထိုက်။ ။ မြန်မာနိုင်ငံရဲ့ ရွှေဈေးနှုန်း သတ်မှတ်ချက်က ဘယ်သူတွေက သတ်မှတ်နေတာပါလဲ။

ကိုသူရထွန်း ။ ။ လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံ ရွှေဈေးကွက်ကို အပိုင်း ၂ ပိုင်း ရှိတာပေါ့နော်။ ကျနော်တို့ ဒီ ရန်ကုန် မှာ ရွှေဈေးကွက် တခု ရှိတယ်။ မန္တလေးမှာ ရွှေဈေးကွက် တခု ရှိတယ်။ အဲတော့ ဒါကတော့ တရားဝင် ဖွဲ့စည်းထားတဲ့ အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်းတွေ ပေါ့နော်။ နောက် ကျနော်တို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဆိုတာလည်း ရှိပါတယ်။ ရွှေဈေးကွက်ကို အဓိက ဖွင့်တာတော့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းက မနက် ၁၀ နာရီခွဲမှာ ရွှေဈေး စဖွင့်ပါတယ်။
ပြီးရင် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းက နေ့လည်း ၁၂နာရီခွဲ ဆိုရင် ဈေးကွက် စဖွင့်ပါတယ်။ အဲတော့ ညနေ ၄ နာရီခွဲ ဝန်းကျင် ဆိုရင်တော့ ဈေးကွက် ပိတ်သိမ်း တာပေါ့နော်။ ဈေး ပိတ်တဲ့ အချိန်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာတော့ လက်ရှိ ရွှေအရောင်းအဝယ် လုပ်သူတွေကတော့ ရွှေအသင်းက ထုတ်ပြန်တဲ့ ရွှေအသင်းမှာ အရောင်းအဝယ် ဖြစ်တဲ့ ဈေးနှုန်းကိုဘဲ စံနမူနာ ယူကြတာပေါ့နော်။
အခုနောက်ပိုင်းမှာတော့ ရွှေဈေးကွက်ကို လက်ဝါးကြီး အုပ်တာတို့ နောက် ရွှေကစားတဲ့ ပုံစံမျိုးတွေကတော့ အခုနောက်ပိုင်းမှာတော့ သိပ်မရှိတော့ပါဘူး။ မတွေ့ရတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လွတ်လပ်စွာ ဝယ်ယူ ရောင်းချနိုင်ခွင့် တော်တော်များများလည်း လုပ်နေကြတဲ့ ခွင့်ပြု ပေးထားတဲ့ အတွက်ကြောင့် မို့လို့လည်း အဲလိုမျိုး ကတော့ နောက်ပိုင်း သိပ်မတွေ့ရတော့ပါဘူး။

သိင်္ဂ ီထိုက်။ ။ ဒီ ရွှေလုပ်ငန်းငန်း ရှင်များ အသင်းတွေကနေ သတ်မှတ်နေတဲ့ ဈေးနှုန်းတွေ ကရော ဘယ်အပေါ်မှာ မူတည်ပြီး သတ်မှတ်ပါသလဲ။

ကိုသူရထွန်း ။ ။ ကျနော်တို့ ဈေးကွက် စဖွင့်တဲ့ အချိန်မှာတော့ ဒီ ကမ္ဘာ့ရွှေဈေးရယ်၊ ပြည်တွင်း ဒေါ်လာ ဈေးရယ် နောက် ဒီ ဈေးကွက်ထဲက ဝယ်လိုအား ရောင်းလိုအား အခြေအနေ ပေါ် မူတည်ပြီးတော့မှ ရွှေဈေး စဖွင့်ကြတာပေါ့နော်။

သိင်္ဂ ီထိုက်။ ။ တကယ်လို့ မြန်မာနိုင်ငံတွင်းကနေ ပြီးတော့ ရွှေဈေးကျသွားတဲ့ အခါမှာ ဒီ အိမ်နီးချင်း နိုင်ငံတွေကနေ လှမ်းပြီးတော့ ဝယ်လိုက်တဲ့ ၊ အနေအထားမျိုး ပေါ့နော်၊ ကမ္ဘာ့ဈေးနဲ့ မြန်မာ့ ရွှေဈေးနဲ့ ကွာဟတဲ့ အခါမှာ အမြတ်ထွက်နိုင်တဲ့ အခါမှာ အိမ်နီးချင်း နိုင်ငံတွေက လှမ်းပြီး ဝယ်တယ် ဆိုတဲ့ ဈေးကွက် တခု ရှိထားတယ်လို့လည်း ကျမ သိထားပါတယ်။ ဆိုတော့ အခု အနေအထားမှာရော မြန်မာ့ ရွှေဈေးက ကျနေတယ်၊ အိမ်နီးချင်း နိုင်ငံတွေက အဝယ်လိုက်လာတဲ့ အနေအထားရော ရှိပါသလား လက်ရှိ ရွှေ ဈေးကွက်ထဲမှာ။

ကိုသူရထွန်း ။ ။ လက်ရှိကတော့ ပြည်တွင်း ရွှေဈေးကွက်မှာတော့ လက်ရှိကတော့ တော်တော်များများက အရောင်းအဝယ်တော့ သိပ်မလုပ်ကြတော့ဘူးပေါ့နော်။ ဒီရက်ပိုင်းက အတက်အကျ ကြမ်းတဲ့ ရွှေဈေးရော ဒေါ်လာဈေးရော အတက်အကျ ကြမ်းတာ ဖြစ်တဲ့ အတွက်ကြောင့် ဒီ ဝယ်ယူ စုဆောင်း အရောင်းအဝယ် လုပ်တဲ့ သူတွေ အနေနဲ့ကတော့ လက်တလောမှာ စောင့်ကြည့်နေကြတာ များပါတယ်။
နောက်တခုကတော့ နယ်စပ်က တဆင့် ရွှေ သွင်းတာ တို့ ရွှေ ပြန်ထွက်တာတို့မှာလည်း လက်တလော အနေအထားကတော့ ကျနော်တို့ ကြားရ သလောက်ကတော့ လောလောဆယ်တော့ မရှိသေးပါဘူး။ ဘာလို့ ဆိုတော့ နယ်စပ်မှာလည်း ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် ကုန်သွယ်ရေးတွေ အကုန်ပိတ် ထားတဲ့ အတွက်ကြောင့်လေ လက်ရှိ အနေအထားကတော့ ဒီ နယ်စပ် အဝင် အထွက်ကတော့ ကျနော်တို့ လက်ရှိ အနေအထားမှာတော့ မရှိဘူးလို့ ယူဆပါတယ်။

XS
SM
MD
LG