သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာစီးပြားေရး လုပ္ငန္းရွင္ေတြပါ ထိခိုက္လာ


(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မွာကို စိုးရိမ္ၿပီး စီးပြားေရးလုပ္ငန္းေတြ အခက္အခဲေတြ ၾကဳံလာရတဲ့အတြက္ လုပ္ငန္းေတြ ရပ္တန္႔မသြားေအာင္နဲ႔ အလုပ္လက္မဲ့ ျပႆနာ ပိုႀကီးမလားေအာင္ ပ့ံပိုးဖို႔နဲ႔၊ ျပည္တြင္း ေငြလဲႏႈန္း တည္ၿငိမ္ေအာင္ လုပ္ေပးဖို႔ ျမန္မာအစိုးရကို စီးပြားေရး လုပ္ငန္းရွင္ေတြက ေတာင္းဆိုလိုက္ပါတယ္။ အပါအဝင္ အခ်က္ ၁၀ခ်က္ ေက်ာ္ကို စီးပြားေရး လုုပ္ငန္းရွင္ေတြဘက္က တင္ျပေတာင္းဆိုထားပါတယ္။ ဒီသတင္းအျပည့္အစံုကို ဗီြအိုေအ သတင္းေထာက္ေမခက ေပးပို႔ထားပါတယ္။

ဗိုင္းရပ္စ္ပိုး ကူးစက္မွာ စိုးရိမ္မႈေတြ ရွိေနတဲ့အခ်ိန္မွာ သက္သာတဲ့ အတိုးႏႈန္း သတ္မွတ္တာေတြအပါအ၀င္ စီးပြားေရးလုပ္ငန္းေတြကို ပ့ံပိုးေပးဖို႔ အခ်က္ ၁၀ ခ်က္ကို ေတာင္းဆိုထားတဲ့အေၾကာင္း ဒီကေန႔ ျမန္မာႏုိင္ငံကုန္သည္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ားအသင္း UMFCCI မွာ က်င္းပတဲ့ အခမ္းအနားမွာ လုပ္ငန္းရွင္ေတြဘက္က ေျပာဆိုသြားပါတယ္။

အစိုးရဘက္ကလည္း ညႇိႏိႈင္းေဆာင္ရြက္မယ့္အေၾကာင္းနဲ႔ လုပ္ငန္းလည္ပတ္ႏိုင္ေအာင္ စည္းမ်ဥ္းစည္းကမ္း၊ ေျဖေလွ်ာ့သင့္တာေတြကို ေဆာင္ရြက္ေပးမယ့္ အေၾကာင္း အေၾကာင္းျပန္ထားတယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

ပို႔ကုန္ေတြအျပင္ ေရာဂါပိုးေၾကာင့္ ေဒၚလာေစ်း က်ဆင္းလာလို့ သြင္းကုန္သမားေတြ ပါအထိနာလာတယ္လို႔ ဦးေအး ဝင္းကဆိုပါတယ္။ ဒီအခ်ိန္မွာ ဗဟိုဘဏ္အေနနဲ႔ ျပည္တြင္း ေငြလဲႏႈန္း တည္ၿငိမ္ေအာင္ လုပ္ေပးဖို႔လိုတယ္လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ အေထြေထြ အတြင္းေရးမွဴး ဦးေအးဝင္း ကေျပာပါတယ္။

"ဒီအတိုးႏႈန္းပါထက္ၿပီးေတာ့ က်ေနာ္တို႔က ၀န္ထုပ္၊ ၀န္ပိုး ျဖစ္ေနတယ္ဆိုရင္ ဒါက က်ေနာ္တို႔ ဒီလုပ္ငန္းရွင္ေတြဘက္ကို ပိုၿပီးေတာ့ ခက္ခဲတဲ့ အေျခအေနတရပ္ကို ပိုၿပီးေတာ့ ရင္ဆိုင္ရမွာ ျဖစ္တယ္ေပါ့ေနာ္။ အခက္ခဲနဲ႔ ရင္ဆိုင္ေနရတဲ့ ကာလတခု ၃လလား၊ ၆ လလား၊ က်ေနာ္တို႔ ဒီ tax rate ေတြကအစ က်ေနာ္တို႔ အစိုးရအေနနဲ႔ က်ေနာ္တို႔က ဘယ္လိုစဥ္းစားမလဲေပါ့။ က်ေနာ္တို႔ ဒီ exchange rate ကို fluctuation တခုတည္းေတာင္ မဟုတ္ပါဘူး။ က်ေနာ္တို႔ ဒီ bank interest rate ေတြက က်ေနာ္တို႔ လက္ရွိ ျပည္တြင္းစီးပြားေရးကို ဘယ္ေလာက္ထိ က်ေနာ္တို႔ impact ျဖစ္ေနလဲေပါ့ေနာ္။ ဒါကိုလည္း က်ေနာ္တို႔က တဲြဖက္ၿပီးေတာ့ က်ေနာ္တို႔ တင္ျပသြားဖို႔ ရွိပါတယ္။"

ေတြ႔ဆံုတာမွာ နိုုင္ငံျခားရင္းနွီးျမွဳပ္ႏွံသူေတြပါ ပါဝင္တယ္လို႔ ဆိုပါတယ္။ နိုုင္ငံျခားရင္းနွီးျမွဳပ္ႏွံ သူေတြ ဘက္ကေတာ့ က်န္းမာေရးဆိုုင္ရာ သတင္းအခ်က္အလက္နဲ႔ စစ္ေဆးမႈ ကာကြယ္မႈပိုင္းကို တိက်စြာ ေဖာ္ျပေပးဖိုု႔၊ သတင္းအခ်က္အလက္မွန္ေတြ အခ်ိန္နဲ႔ တေျပးညီ ေဖာ္ျပေပးဖို႔ ေတာင္းဆိုုထားတယ္လိုု႔ သူကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္မႈေတြ ရွိေနတယ္လို႔ အတည္ျပဳႏိုင္ေသးတာ မရွိေပမဲ့လည္း ေရာဂါ စတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးကို အဓိကအားထားေနရၿပီး ကုန္ၾကမ္းျပတ္ေတာက္တဲ့အတြက္ လုပ္ငန္းတခ်ဳိ႕ ရပ္ဆိုင္းရမယ့္ အေျခအေန ရင္ဆိုင္းေနရပါတယ္။ အဓိက အထည္ခ်ဳပ္စက္႐ုံေတြအပါ၀င္ အလုပ္လက္မဲ့ ၅,၀၀၀ ေလာက္ အလုပ္လက္မဲ့ ျပႆနာေတြ ရင္ဆိုင္ေနရပါတယ္။

ကုန္ၾကမ္း ျပတ္လတ္တာလို႔ဆိုၿပီး ေဖေဖာ္ဝါရီလ အတြင္းမွာ ဟန္တာ အထည္ခ်ဳပ္၊ လက္ကီးစကိုင္း အိတ္စက္ရံုနဲ႔ ဧရာဝတီ တိုင္းတြင္းက ဟြာမႈန္ အထည္ခ်ဳပ္ လုပ္ငန္း တို႔ ပိတ္လိုက္ပါတယ္။ တကယ္ကုန္ၾကမ္းေၾကာင့္ ပိတ္သိမ္းတာဟုတ္၊ မဟုတ္နဲ႔ လုပ္ငန္းဘယ္နွစ္ခု အတိအက် ရပ္ဆိုင္းလဲဆိုတာ စာရင္းေကာက္ယူေနဆဲ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ အလုပ္သမား သမဂၢမ်ား အဖြဲ႔ခ်ဳပ္ ဥကၠ႒ ဦးေမာင္ေမာင္က ေျပာပါတယ္။

အလုပ္သမားေတြအတြက္ အလုပ္လက္မဲ့ ျပႆနာနဲ႔ ထပ္ရင္ဆိုင္ရဖြယ္ရွိ ေနတာမို့ ဒီျပႆနာကို ဘယ္လိုေျဖရွင္းဖို႔ အစိုးရနဲ႔ ညိွႏိႈင္းခဲ့သလဲ ဆိုတာနဲ႔ ပတ္သတ္လို႔ ဦးေမာင္ေမာင္က အခုလို ေျပာျပပါတယ္။

"အက်မနာေအာင္။ ၿပီးေတာ့လည္း က်ေနာ္တို႔က တျပိဳင္နက္တည္း recovery ေပါ့... ျပန္လည္ေကာင္းမြန္လာမႈ ျဖစ္ဖို႔အတြက္ကို ေကာင္းဖို႔အတြက္ကို က်ေနာ္တို႔ အခု ၀ိုင္းၿပီးေတာ့ ေဆြးေႏြးေနတာေပါ့ဗ်ာ။ အဲ့ဒီေတာ့ အလုပ္သမားကိစၥေတြခ်ည္းပဲ ေျပာလို႔မရဘူး။ အလုပ္ရွင္ကိစၥခ်ည္းပဲ ေျပာလို႔မရဘူး။ ႏိုင္ငံအေနနဲ႔ National Crisis
အဲ့ဒီလို က်ေနာ္တို႔... က်ေနာ္တို႔ကေတာ့ ၾကည့္တယ္။ က်ေနာ္တို႔ ေဆြးေႏြးေပးေနတယ္။ ဥပမာေပါ့ solution ေတြကေတာ့ အေျဖေတြေတာ့ အမ်ားၾကီးရွိတယ္။ ဘယ္ဟာက က်ေနာ္တို႔နဲ႔ ကိုက္မွာလဲ။ အဲဒီေတာ့ က်ေနာ္တို႔ကေတာ့ ဘယ္ဟာနဲ႔ ကိုက္မလဲဆိုတာကို ၾကည့္ဖို႔ အခ်ိန္ရမယ္လို႔ က်ေနာ္ကထင္တယ္။"

လုပ္ငန္းရွင္ေတြဘက္က အခ်က္ ၁၀ခ်က္ေက်ာ္ ေတာင္းဆိုုထားတယ္လိုု့ ဆိုုေပမယ့္ ဘယ္အခ်က္ေတြကဘာဆိုုတာကိုုေတာ့ လုုပ္ငန္းရွင္ေတြဘက္က တိတိက်က် ေျပာဆိုုထုုတ္ျပန္တာမရွိပါဘူး။ ေတာင္းဆိုုမႈေတြကိုု အစိုုးရဘက္က ညိွႏိႈင္းေဆာင္ရြက္ဖို႔နဲ႔ စီးပြားေရးနဲ႔ ပတ္သတ္ျပီး ရင္းႏွီးျမွဳပ္ႏွံမႈ အသစ္ရွာေဖြဖို႔၊ လုုပ္ငန္းလည္ပတ္နိုုင္ေအာင္ ေျဖေလ်ာ့သင့္တာေတြ ထပ္လုုပ္ေပးဖို႔ ေဆာင္ရြက္ေပးမယ္လို႔ အစိုးရဘက္က ျပန္လည္ေျပာဆိုထားတယ္လို႔ဆိုေပမယ့္ ဘယ္လို လုပ္ေဆာင္ မလဲဆိုတာကို လုပ္ငန္းရွင္ေတြဘက္က ရွင္းရွင္းလင္းလင္း ထုတ္ေျပာတာ မရွိပါဘူး။

ခုညိွႏိႈင္းထားတဲ့ ေျဖရွင္းမယ့္ နည္းလမ္းက ပူးေပါင္းလုုပ္ေဆာင္ အေျဖရွာဖို႔ တိုင္ပင္ထားတယ္လို႔သာ လုပ္ငန္းရွင္ေတြဘက္က ေျပာပါတယ္။ ဒီနည္းလမ္းက မွန္ကန္တဲ့ ေျဖရွင္းမႈ ျဖစ္မျဖစ္ကို လာမယ့္ သၾကၤန္ကာလအျပီးအထိ ေစာင့္ ၾကည့္မွာ ျဖစ္ကာ မွန္ကန္တဲ့ ေျဖရွင္းမႈမ်ိဳး မဟုတ္ရင္ ျပန္လည္ေဆြးေႏြးအေျဖရွာဖို႔ လုပ္မယ္လို႔ ဦးေအးဝင္းကေျပာပါတယ္။

"ျဖစ္လာတဲ့ ကိစၥရပ္တိုင္း ေတာ္ေတာ္မ်ားမ်ားမွာ အစိုးရဘက္ကေနၿပီး အလ်င္အျမန္ေပါ့.... က်ေနာ္တို႔ တံု႔ျပန္ၿပီးေတာ့ ေဆာင္ရြက္ေပးဖို႔ေပါ့ေနာ္။ ဒါကိုေတာ့ က်ေနာ္တို႔က လုပ္ငန္းရွင္တေယာက္အေနနဲ႔ ပိုၿပီးေတာ့ လိုလားပါတယ္။ ေနာက္တခုကလည္း က်ေနာ္တို႔ ဒီ information update ျဖစ္ေအာင္ information ကို က်ေနာ္တို႔က ျမန္ျမန္ဆန္ဆန္ က်ေနာ္တို႔ update ျဖစ္ေအာင္လို႔ ေဆာင္ရြက္ေပးဖို႔ကိုလည္း က်ေနာ္တို႔က လိုလားပါတယ္။"

စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးက ထုတ္ျပန္ထားတဲ့ စာရင္းေတြ အရ တရုတ္ႏိုင္ငံနဲ႔ နယ္စပ္ကုန္သြယ္ေရး ပမာဏဟာ အရင္ႏွစ္ ကုန္သြယ္တန္ဖိုး ထက္ အေမရိကန္ ေဒၚလာ သန္း ၂၀၀ေက်ာ္ က်သြားတယ္လို႔ ေဖာ္ျပထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေပါ ထိခိုက်လာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်ပြီး စီးပွားရေးလုပ်ငန်းတွေ အခက်အခဲတွေ ကြုံလာရတဲ့အတွက် လုပ်ငန်းတွေ ရပ်တန့်မသွားအောင်နဲ့ အလုပ်လက်မဲ့ ပြဿနာ ပိုကြီးမလားအောင် ပံ့ပိုးဖို့နဲ့၊ ပြည်တွင်း ငွေလဲနှုန်း တည်ငြိမ်အောင် လုပ်ပေးဖို့ မြန်မာအစိုးရကို စီးပွားရေး လုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။အပါအဝင် အချက် ၁၀ချက် ကျော်ကို စီးပွားရေးလုပ်ငန်းရှင်တွေဘက်က တင်ပြတောင်းဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက်မေခက ပေးပို့ထားပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်မှာ စိုးရိမ်မှုတွေ ရှိနေတဲ့အချိန်မှာ သက်သာတဲ့ အတိုးနှုန်း သတ်မှတ်တာတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ အချက် ၁၀ ချက်ကို တောင်းဆိုထားတဲ့အကြောင်း ဒီကနေ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI မှာ ကျင်းပတဲ့ အခမ်းအနားမှာ လုပ်ငန်းရှင်တွေဘက်က ပြောဆိုသွားပါတယ်။

အစိုးရဘက်ကလည်း ညှိနှိုင်းဆောင်ရွက်မယ့်အကြောင်းနဲ့ လုပ်ငန်းလည်ပတ်နိုင်အောင် စည်းမျဉ်းစည်းကမ်း၊ ဖြေလျှော့သင့်တာတွေကို ဆောင်ရွက်ပေးမယ့် အကြောင်း အကြောင်းပြန်ထားတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပို့ကုန်တွေအပြင် ရောဂါပိုးကြောင့် ဒေါ်လာဈေး ကျဆင်းလာလို့ သွင်းကုန်သမားတွေ ပါအထိနာလာတယ်လို့ ဦးအေး ဝင်းကဆိုပါတယ်။ ဒီအချိန်မှာ ဗဟိုဘဏ်အနေနဲ့ ပြည်တွင်း ငွေလဲနှုန်း တည်ငြိမ်အောင် လုပ်ပေးဖို့လိုတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအေးဝင်း ကပြောပါတယ်။

"ဒီအတိုးနှုန်းပါထက်ပြီးတော့ ကျနော်တို့က ဝန်ထုပ်၊ ဝန်ပိုး ဖြစ်နေတယ်ဆိုရင် ဒါက ကျနော်တို့ ဒီလုပ်ငန်းရှင်တွေဘက်ကို ပိုပြီးတော့ ခက်ခဲတဲ့ အခြေအနေတရပ်ကို ပိုပြီးတော့ ရင်ဆိုင်ရမှာ ဖြစ်တယ်ပေါ့နော်။ အခက်ခဲနဲ့ ရင်ဆိုင်နေရတဲ့ ကာလတခု ၃လလား၊ ၆ လလား၊ ကျနော်တို့ ဒီ tax rate တွေကအစ ကျနော်တို့ အစိုးရအနေနဲ့ ကျနော်တို့က ဘယ်လိုစဉ်းစားမလဲပေါ့။ ကျနော်တို့ ဒီ exchange rate ကို fluctuation တခုတည်းတောင် မဟုတ်ပါဘူး။ ကျနော်တို့ ဒီ bank interest rate တွေက ကျနော်တို့ လက်ရှိ ပြည်တွင်းစီးပွားရေးကို ဘယ်လောက်ထိ ကျနော်တို့ impact ဖြစ်နေလဲပေါ့နော်။ ဒါကိုလည်း ကျနော်တို့က တွဲဖက်ပြီးတော့ ကျနော်တို့ တင်ပြသွားဖို့ ရှိပါတယ်။"

တွေ့ဆုံတာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေ ဘက်ကတော့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ စစ်ဆေးမှု ကာကွယ်မှုပိုင်းကို တိကျစွာ ဖော်ပြပေးဖို့၊ သတင်းအချက်အလက်မှန်တွေ အချိန်နဲ့ တပြေးညီ ဖော်ပြပေးဖို့ တောင်းဆိုထားတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေ ရှိနေတယ်လို့ အတည်ပြုနိုင်သေးတာ မရှိပေမဲ့လည်း ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကို အဓိကအားထားနေရပြီး ကုန်ကြမ်းပြတ်တောက်တဲ့အတွက် လုပ်ငန်းတချို့ ရပ်ဆိုင်းရမယ့် အခြေအနေ ရင်ဆိုင်းနေရပါတယ်။ အဓိက အထည်ချုပ်စက်ရုံတွေအပါဝင် အလုပ်လက်မဲ့ ၅,၀၀၀ လောက် အလုပ်လက်မဲ့ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။

ကုန်ကြမ်း ပြတ်လတ်တာလို့ဆိုပြီး ဖေဖော်ဝါရီလ အတွင်းမှာ ဟန်တာ အထည်ချုပ်၊ လက်ကီးစကိုင်း အိတ်စက်ရုံနဲ့ ဧရာဝတီ တိုင်းတွင်းက ဟွာမှုန် အထည်ချုပ် လုပ်ငန်း တို့ ပိတ်လိုက်ပါတယ်။ တကယ်ကုန်ကြမ်းကြောင့် ပိတ်သိမ်းတာဟုတ်၊ မဟုတ်နဲ့ လုပ်ငန်းဘယ်နှစ်ခု အတိအကျ ရပ်ဆိုင်းလဲဆိုတာ စာရင်းကောက်ယူနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

အလုပ်သမားတွေအတွက် အလုပ်လက်မဲ့ ပြဿနာနဲ့ ထပ်ရင်ဆိုင်ရဖွယ်ရှိ နေတာမို့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းဖို့ အစိုးရနဲ့ ညှိနှိုင်းခဲ့သလဲ ဆိုတာနဲ့ ပတ်သတ်လို့ ဦးမောင်မောင်က အခုလို ပြောပြပါတယ်။

"အကျမနာအောင်။ ပြီးတော့လည်း ကျနော်တို့က တပြိုင်နက်တည်း recovery ပေါ့... ပြန်လည်ကောင်းမွန်လာမှု ဖြစ်ဖို့အတွက်ကို ကောင်းဖို့အတွက်ကို ကျနော်တို့ အခု ဝိုင်းပြီးတော့ ဆွေးနွေးနေတာပေါ့ဗျာ။ အဲ့ဒီတော့ အလုပ်သမားကိစ္စတွေချည်းပဲ ပြောလို့မရဘူး။ အလုပ်ရှင်ကိစ္စချည်းပဲ ပြောလို့မရဘူး။ နိုင်ငံအနေနဲ့ National Crisis
အဲ့ဒီလို ကျနော်တို့... ကျနော်တို့ကတော့ ကြည့်တယ်။ ကျနော်တို့ ဆွေးနွေးပေးနေတယ်။ ဥပမာပေါ့ solution တွေကတော့ အဖြေတွေတော့ အများကြီးရှိတယ်။ ဘယ်ဟာက ကျနော်တို့နဲ့ ကိုက်မှာလဲ။ အဲဒီတော့ ကျနော်တို့ကတော့ ဘယ်ဟာနဲ့ ကိုက်မလဲဆိုတာကို ကြည့်ဖို့ အချိန်ရမယ်လို့ ကျနော်ကထင်တယ်။"

လုပ်ငန်းရှင်တွေဘက်က အချက် ၁၀ချက်ကျော် တောင်းဆိုထားတယ်လို့ ဆိုပေမယ့် ဘယ်အချက်တွေကဘာဆိုတာကိုတော့ လုပ်ငန်းရှင်တွေဘက်က တိတိကျကျ ပြောဆိုထုတ်ပြန်တာမရှိပါဘူး။ တောင်းဆိုမှုတွေကို အစိုးရဘက်က ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ စီးပွားရေးနဲ့ ပတ်သတ်ပြီး ရင်းနှီးမြှုပ်နှံမှု အသစ်ရှာဖွေဖို့၊ လုပ်ငန်းလည်ပတ်နိုင်အောင် ဖြေလျော့သင့်တာတွေ ထပ်လုပ်ပေးဖို့ ဆောင်ရွက်ပေးမယ်လို့ အစိုးရဘက်က ပြန်လည်ပြောဆိုထားတယ်လို့ဆိုပေမယ့် ဘယ်လို လုပ်ဆောင် မလဲဆိုတာကို လုပ်ငန်းရှင်တွေဘက်က ရှင်းရှင်းလင်းလင်း ထုတ်ပြောတာမရှိပါဘူး။

ခုညှိနှိုင်းထားတဲ့ ဖြေရှင်းမယ့် နည်းလမ်းက ပူးပေါင်းလုပ်ဆောင် အဖြေရှာဖို့ တိုင်ပင်ထားတယ်လို့သာ လုပ်ငန်းရှင်တွေဘက်က ပြောပါတယ်။ ဒီနည်းလမ်းက မှန်ကန်တဲ့ ဖြေရှင်းမှု ဖြစ်မဖြစ်ကို လာမယ့် သင်္ကြန်ကာလအပြီးအထိ စောင့် ကြည့်မှာ ဖြစ်ကာ မှန်ကန်တဲ့ ဖြေရှင်းမှုမျိုး မဟုတ်ရင် ပြန်လည်ဆွေးနွေးအဖြေရှာဖို့ လုပ်မယ်လို့ ဦးအေးဝင်းကပြောပါတယ်။

"ဖြစ်လာတဲ့ ကိစ္စရပ်တိုင်း တော်တော်များများမှာ အစိုးရဘက်ကနေပြီး အလျင်အမြန်ပေါ့.... ကျနော်တို့ တုံ့ပြန်ပြီးတော့ ဆောင်ရွက်ပေးဖို့ပေါ့နော်။ ဒါကိုတော့ ကျနော်တို့က လုပ်ငန်းရှင်တယောက်အနေနဲ့ ပိုပြီးတော့ လိုလားပါတယ်။ နောက်တခုကလည်း ကျနော်တို့ ဒီ information update ဖြစ်အောင် information ကို ကျနော်တို့က မြန်မြန်ဆန်ဆန် ကျနော်တို့ update ဖြစ်အောင်လို့ ဆောင်ရွက်ပေးဖို့ကိုလည်း ကျနော်တို့က လိုလားပါတယ်။"

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးက ထုတ်ပြန်ထားတဲ့ စာရင်းတွေ အရ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ပမာဏဟာ အရင်နှစ် ကုန်သွယ်တန်ဖိုး ထက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ကျော် ကျသွားတယ်လို့ ဖော်ပြထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG