(Zawgyi/Unicode)
ေတာင္ကိုရီးယားႏိုင္ငံမွာ Coronavirus ပိုးကူးစက္သူ ဒီေန႔ ေနာက္ထပ္ ၅၀၀ ေက်ာ္႐ွိေနၿပီး၊ ကူးစက္မႈအမ်ားဆံုးျဖစ္တဲ့ Daegu ၿမိဳ႕မွာ လူနာ ၂,၀၀၀ ေက်ာ္ဟာ ေဆး႐ံုကုတင္ မေလာက္တဲ့အတြက္ ကုတင္လြတ္ေစာင့္ေနရာတယ္လို႔ က်န္းမာေရး တာဝန္႐ွိသူေတြက ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံၿပီးရင္ ကူးစက္မႈ အမ်ားဆုံးျဖစ္ေနတဲ့ ေတာင္ကိုရီးယားမွာ က်န္းမာေရးေစာင့္ေ႐ွာက္မႈနဲ႔ စီးပြားေရးထိခိုက္မႈကို က်ားကန္ေပးႏိုင္ဖုိ႔ ေဒၚလာ ၁၀ ဘီလ်ံသံုးစြဲမယ္လို႔ အစိုးရက ေၾကညာပါတယ္။
တ႐ုတ္မွာေတာ့ ပိုးကူးစက္သူဆက္ၿပီး က်ဆင္းေနတာမွာ ဒီကေန႔ေနာက္ထပ္ပိုးကူးသူ ၁၁၉ ေယာက္႐ွိတယ္လို႔ ေျပာပါတယ္။ အရင္ကဆို တ႐ုတ္မွာ ပုိးကူးသူ ေန႔စဥ္ ေထာင္ခ်ီ႐ွိခဲ့တာပါ။
၂ ႏို္င္ငံလံုးမွာ virus ပိုးကူးစက္သူ တျဖည္းျဖည္း တိုးလာေန႐ံုမက ကူးစက္မႈ႐ွိေနတ့ဲ ေနရာေတြကေန တျခားႏိုင္ငံေတြကို သြားတဲ့ အီတလီနဲ႔ အီရန္လူမ်ဳိးေတြမွာပါ ပိုးကူးစက္မႈေတြ ႐ွိေနပါတယ္။
အီတလီမွာ အဂၤါေန႔က ေသဆံုးသူ ၇၉ ေယာက္အထိ ႐ွိခဲ့တာပါ။ အီတလီ ကမာၻလွည့္ခရီးသည္ေတြကတဆင့္ ကူးေနပံုရတဲ့ India ႏိုင္ငံမွာလည္း Coronavirus ပိုးကူးသူ ၂၈ ေယာက္အထိ ႐ွိေနပါတယ္။
အီရတ္မွာေတာ့ COVID-19 ေရာဂါေၾကာင့္ ပထမဆံုး တေယာက္ ဒီေန႔ေသဆံုးသြားပါတယ္။ အီရတ္ကကူးစက္မႈအားလံုးဟာ အီရန္နဲ႔ဆက္ႏြယ္ေနပါတယ္။ ပိုးကူးတဲ့ႏိုင္ငံသစ္ေတြ တိုးေနတဲ့ထဲမွာ Jordan, Morocco, Senegal, Portugal နဲ႔ Saudi Arabia ႏိုင္ငံေတြ ပါဝင္ပါတယ္။
ေလာေလာဆယ္ ကမာၻတဝန္း Coronavirus ကူးစက္ေနသူေပါင္း ၉၃,၀၀၀ ေက်ာ္႐ွိၿပီး ေသဆံုးသူ ၃,၂၀၀ နီးပါး႐ွိပါတယ္။ ကူးစက္သူေရာ ေသဆံုးသူ အမ်ားဆုံုးက တ႐ုတ္ႏိုင္ငံမွာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာလည္း ေသဆံုးသူ ၉ ေယာက္႐ွိၿပီး ျပန္လည္ေနေကာင္းသူ ၈ ေယာက္႐ွိပါတယ္။
တခ်ိန္ထဲမွာပဲ ကမာၻတဝန္းက လူေတြအေနနဲ႔ က်န္းမာေရး ဝန္ထမ္းေတြလိုတဲ့ ႏွာေခါင္းစည္းအကာေတြ၊ တျခားအကာအကြယ္ေတြ ဝယ္စုမထားၾကဖို႔ WHO ကမာၻ႔က်န္းမာေရးအဖဲြ႔အႀကီးအကဲက ပန္ၾကားထားပါတယ္။
Coronavirus ပိုးကူးစက္မႈကို ႏွာေခါင္းစည္းအကာေတြက အကာအကြယ္ေပးႏိုင္မယ္လို႔ အာမ မခံႏိုင္ဘူးလို႔ ကၽြမ္းက်င္သူေတြကလည္း ေျပာေနၾကပါတယ္။
[Unicode Version]
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တိုးလာ
တောင်ကိုရီးယားနိုင်ငံမှာ Coronavirus ပိုးကူးစက်သူ ဒီနေ့ နောက်ထပ် ၅၀၀ ကျော်ရှိနေပြီး၊ ကူးစက်မှုအများဆုံးဖြစ်တဲ့ Daegu မြို့မှာ လူနာ ၂,၀၀၀ ကျော်ဟာ ဆေးရုံကုတင် မလောက်တဲ့အတွက် ကုတင်လွတ်စောင့်နေရာတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံပြီးရင် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စီးပွားရေးထိခိုက်မှုကို ကျားကန်ပေးနိုင်ဖို့ ဒေါ်လာ ၁၀ ဘီလျံသုံးစွဲမယ်လို့ အစိုးရက ကြေညာပါတယ်။
တရုတ်မှာတော့ ပိုးကူးစက်သူဆက်ပြီး ကျဆင်းနေတာမှာ ဒီကနေ့နောက်ထပ်ပိုးကူးသူ ၁၁၉ ယောက်ရှိတယ်လို့ ပြောပါတယ်။ အရင်ကဆို တရုတ်မှာ ပိုးကူးသူ နေ့စဉ် ထောင်ချီရှိခဲ့တာပါ။
၂ နိုင်ငံလုံးမှာ virus ပိုးကူးစက်သူ တဖြည်းဖြည်း တိုးလာနေရုံမက ကူးစက်မှုရှိနေတဲ့ နေရာတွေကနေ တခြားနိုင်ငံတွေကို သွားတဲ့ အီတလီနဲ့ အီရန်လူမျိုးတွေမှာပါ ပိုးကူးစက်မှုတွေ ရှိနေပါတယ်။
အီတလီမှာ အင်္ဂါနေ့က သေဆုံးသူ ၇၉ ယောက်အထိရှိခဲ့တာပါ။ အီတလီကမ္ဘာလှည့်ခရီးသည်တွေကတဆင့် ကူးနေပုံရတဲ့ India နိုင်ငံမှာလည်း Coronavirus ပိုးကူးသူ ၂၈ ယောက်အထိ ရှိနေပါတယ်။
အီရတ်မှာတော့ COVID-19 ရောဂါကြောင့် ပထမဆုံးတယောက် ဒီနေ့သေဆုံးသွားပါတယ်။ အီရတ်ကကူးစက်မှုအားလုံးဟာ အီရန်နဲ့ဆက်နွယ်နေပါတယ်။ ပိုးကူးတဲ့နိုင်ငံသစ်တွေ တိုးနေတဲ့ထဲမှာ Jordan, Morocco, Senegal, Portugal နဲ့ Saudi Arabia နိုင်ငံတွေပါဝင်ပါတယ်။
လောလောဆယ် ကမ္ဘာတဝန်း Coronavirus ကူးစက်နေသူပေါင်း ၉၃,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃,၂၀၀ နီးပါးရှိပါတယ်။ ကူးစက်သူရော သေဆုံးသူ အများဆုံးက တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း သေဆုံးသူ ၉ ယောက်ရှိပြီး ပြန်လည်နေကောင်းသူ ၈ ယောက်ရှိပါတယ်။
တချိန်ထဲမှာပဲ ကမ္ဘာတဝန်းကလူတွေအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေလိုတဲ့ နှာခေါင်းစည်းအကာတွေ၊ တခြားအကာအကွယ်တွေ ဝယ်စုမထားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပန်ကြားထားပါတယ်။
Coronavirus ပိုးကူးစက်မှုကို နှာခေါင်းစည်းအကာတွေက အကာအကွယ်ပေးနိုင်မယ်လို့ အာမ မခံနိုင်ဘူးလို့ ကျွမ်းကျင်သူတွေကလည်း ပြောနေကြပါတယ်။