သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင္႔ ျမန္မာအထည္ခ်ဳပ္ လုပ္သားေတြ အလုပ္ျပဳတ္


႔ ျမန္မာအထည္ခ်ဳပ္အလုပ္သမ တဦး (မွတ္တမ္းဓါတ္ပံု- စက္တင္ဘာလ ၁၈ ရက္ ၂၀၁၅)

(Zawgyi/Unicode)

Coronavirus ေၾကာင့္ ျမန္မာႏုိင္ငံက အထည္ခ်ဳပ္စက္ရုံေတြ ပိတ္လုိက္ရၿပီး ေထာင္နဲ႔ခ်ီတဲ့ အလုပ္သမားေတြလည္း အလုပ္ ျပဳတ္ကုန္ၾကပါတယ္။ ကမၻာတ၀ွမ္းက လုပ္ငန္းေပါင္းစုံအတြက္ ကုန္ၾကမ္းပစၥည္းအမ်ားစု တင္ပုိ႔ေပးေနတဲ့ တရုတ္ႏုိင္ငံမွာ Coronavirus ျဖစ္ေနတာေၾကာင့္ ကုန္ပစၥည္း တင္ပုိ႔မႈေတြကုိလည္း ပိတ္ပင္ထားတာေၾကာင့္ အခုလုိ စက္ရုံေတြ ပိတ္ပစ္ရတဲ့အထိ ျဖစ္လာတာပါ။ ဒီအေၾကာင္း ရုိက္တာသတင္းေဆာင္းပါးကုိ အေျခခံၿပီး ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

တရုတ္ႏုိင္ငံမွာ စတင္တဲ့ Coronavirus ဟာ အေစာပုိင္းမွာ တျခားႏုိင္ငံေတြရဲ႕ စီးပြားေရးကုိ ထိခုိက္ေစမႈ မရွိေပမယ့္လည္း အခုေတာ့ တရုတ္ကတင္သြင္းတဲ့ ကုန္ၾကမ္းပစၥည္းေတြအေပၚ မွီခုိ အားထားေနရတဲ့ စက္ရုံ၊ အလုပ္ရုံေတြ ပိတ္ပစ္ရတဲ့အထိ အေျခအေနေတြ ဆုိးရြားလာေနတာေၾကာင့္ ကမၻာ့စီးပြားေရးကုိ တုိက္ရုိက္ ထိခုိက္လာေနတာပါ။

တရုတ္က တင္သြင္းတဲ့ ကုန္ၾကမ္းပစၥည္းေတြအေပၚ ကန္႔သတ္မႈေတြ လုပ္ေဆာင္လာတာေၾကာင့္ အာရွတလႊားက အထည္ခ်ဳပ္စက္ရုံ အမ်ားအျပားလည္း ပိတ္ပစ္လုိက္ရၿပီး ဒီကရတဲ့ ၀င္ေငြအေပၚ မွီခုိေနရတဲ့ အေျခခံ အလုပ္သမားအမ်ားအျပားရဲ႕ လူေနမႈ ဘ၀ေတြကုိပါ ထိခုိက္လာေနတာပါ။

ျမန္မာႏုိင္ငံ၊ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ Hunter အထည္ခ်ဳပ္စက္ရုံဟာလည္း Coronavirus ေၾကာင့္ ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က အပိတ္ခံလုိက္ရတဲ့ အထည္ခ်ဳပ္စက္ရုံေတြထဲ တခုအပါအ၀င္ ျဖစ္ပါတယ္။ Hunter အထည္ခ်ဳပ္စက္ရုံ ပိတ္လုိက္တာေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားၾကတဲ့ အလုပ္သမားေတြဟာ စက္ရုံျပန္ဖြင့္လာေလမလားဆုိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ သူတုိ႔ရဲ႕စက္ရုံကုိ အျပင္ကေန လာေခ်ာင္းၾကည့္ေနၾကပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ မေအးစုသန္းဟာ လြန္ခဲ့တဲ့ တပတ္ေက်ာ္ေလာက္က Hunter အထည္ခ်ဳပ္စက္ရုံ မေမွ်ာ္လင့္ဘဲ ပိတ္ပစ္လုိက္တာေၾကာင့္ အလုပ္ျပဳတ္သြားတဲ့ အလုပ္သမား ၉၀၀ ထဲက တဦးအပါအ၀င္ျဖစ္ပါတယ္။

“သူတို႔ကေတာ့ တရုတ္ျပည္မွာ ဗိုင္းရပ္စ္ ေရာဂါျဖစ္လို႔ စက္ရံု ပိတ္သိမ္းရတယ္ဆိုတဲ့အေၾကာင္းကို ေျပာပါတယ္။ Buyer ေတြလည္း အခက္အခဲျဖစ္တယ္ေပါ့။ ေရာဂါကိစၥေတြနဲ႔ ပတ္သက္လို႔ order ေတြမ၀င္ဘူး။ Buyer ေတြလည္း မလာဘူးဆိုၿပီးေတာ့ အဲလိုမ်ိဳးေတြေျပာၿပီးေတာ့ စက္ရံုပိတ္သြားတာေပါ့ေနာ္။ ဒါေပမယ့္ ဒီအလုပ္သမားေတြ ျဖစ္ေစခ်င္တာကေတာ့ စက္ရံုကေတာ့ ဘယ္ေန႔ ဘယ္ရက္ ပိတ္မယ္ အဲလိုမ်ိဳးေလး တလေလာက္ ႀကိဳေျပာေစခ်င္တာေပါ့ေနာ္။ သူတို႔က ျဗဳန္းတိုင္းႀကီး ပိတ္လိုက္တဲ့အခါက်ေတာ့ အကုန္လံုးက အလုပ္လက္မဲ့ေတြ ျဖစ္ၿပီးေတာ့ အကုန္လံုးက ဒုကၡေတြေရာက္ေနၾကတယ္ေလ။”

Hunter အထည္ခ်ဳပ္စက္ရုံ ပိတ္လုိက္တာေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ မေအးစုသန္း
Hunter အထည္ခ်ဳပ္စက္ရုံ ပိတ္လုိက္တာေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ မေအးစုသန္း

ဒီစက္ရုံဟာ အီတလီက နာမည္ႀကီးဖက္ရွင္ကုမၸဏီ အတြက္ အ၀တ္အထည္ေတြကုိ ခ်ဳပ္ေပးေနတာပါ။

အခုလုိ စက္ရုံကုိ ရုတ္တရက္ပိတ္ပစ္လုိက္ျခင္းက စက္ရုံ၀န္ထမ္းေတြထဲက သူမ အပါအ၀င္ ကုိယ္၀န္ေဆာင္ေတြအမ်ဳိးသမီးေတြအတြက္ ပုိၿပီး အခက္ျဖစ္ေစတယ္လုိ႔ မေအးစုသန္းက ေျပာပါတယ္။

“ကုိယ္၀န္ေဆာင္ေတြ ဒီအထဲမွာအားလံုး ၂၁ ေယာက္ရွိတယ္ အဲဒီ ၂၁ ေယာက္က အခုဆိုရင္ အလုပ္လက္မဲ့ေတြျဖစ္ၿပီးေတာ့ အခုဆိုရင္ အဆင္မေျပဘူးေပါ့ေနာ္။ အားလံုးကလည္း ပထမကတည္းက ဒီမွာပဲ မီးဖြားခြင့္နဲ႔ ေမြးမယ္၊ ဒီမွာပဲဆက္ၿပီးေတာ့ ဆက္ၿပီးအလုပ္လုပ္မယ္ဆိုၿပီးေတာ့ အားလံုးစီစဥ္ထားတာ အခုကေတာ့ ကိုယ္၀န္ေတြနဲ႔ဆိုေတာ့ အလုပ္လိုက္ေလွ်ာက္ရတာလည္း အဆင္မေျပဘူး။ ဒီျပင့္လူေတြေတာင္မွ အဆင္မေျပတာ ကိုယ္ေတြက ကိုယ္၀န္ေဆာင္ေတြဆိုေတာ့ ဘယ္လိုမွ အဆင္မေျပဘူး။

ႀကိဳတင္ အသိေပးျခင္းမရွိဘဲ စက္ရုံကုိ ရုတ္တရက္ပိတ္ပစ္လုိက္တဲ့အတြက္ မေအးစုသန္းလုိ ဒုကၡေရာက္ေနသူ ေနာက္ထပ္ စက္ရုံအလုပ္သမ တဦးကေတာ့ မမာမာခုိင္ပါ။

“ ဒီစက္ရံုလာတိုင္း အရမ္း၀မ္းနည္းတယ္။ ေဒါသလည္း ျဖစ္တယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ပံုမွန္ကိုယ့္အလုပ္ကို သူတို႔ မပိတ္သင့္ပဲနဲ႔ ပိတ္သြားတဲ့အေျခအေနမ်ိဳးအထိေအာင္ အဲလိုမ်ိဳးျဖစ္ေနတာ။ တရား၀င္ တလ၊ ႏွစ္လေလာက္ ႀကိဳၿပီးေတာ့ ေျပာတယ္ဆိုရင္ ခံႏိုင္ရည္ရွိတယ္ အခုက ရက္ပိုင္းအတြင္းနဲ႔ အဲလိုမ်ိဳးျဖစ္သြားေတာ့ အရမ္း၀မ္းနည္းတယ္။”

သူ႔အေနနဲ႔ လက္ေတြ႔ႀကံဳေတြ႔ေနရတဲ့ အခက္အခဲကုိဘဲ ရင္ဆုိင္ဖုိ႔ဆုံးျဖတ္ထားၿပီး ေမြးလာမယ့္ ရင္ေသြးအတြက္ ဘာမွ စီစဥ္ႏုိင္ေသးျခင္း မရွိေသးဘူးလုိ႔ မေအးစုသန္းကလည္း ေျပာပါတယ္။

“အခု ကိုယ္အခက္အခဲ ျဖစ္ေနတာကိုပဲ ၊ လက္တေလာျဖစ္ေနတာကိုပဲ အရင္ဆံုး ေျဖရွင္းလုိက္တယ္။ အဲလိုမ်ိဳးပဲ လုပ္ပါတယ္။ ေနာက္ ၁၀ ႏွစ္စာကို ႀကိဳမေတြးဘူး။ ကိုယ္ေမြးၿပီးသြားရင္ ဘယ္လိုလုပ္ရမလဲ ဒီကေလးကို ဘယ္လို ျပဳစုရမလဲ အဲဒါပဲ ေတြးတယ္ေပါ့။”

တကမၻာလုံးကုိ ကုန္ၾကမ္းပစၥည္းေတြ တင္ပုိ႔ေနတဲ့ တရုတ္ႏုိင္ငံအတြင္း ခရီးသြားလာခြင့္ကန္႔သတ္တာ၊ ဗုိင္းရပ္စ္ပုိး ကူးစက္ေနတဲ့သူေတြနဲ႔ အဲဒီေဒသမွာရွိေနသူေတြကုိ အျပင္ကုိ သြားလာခြင့္မျပဳဘဲ သီးျခား ထိန္းခ်ဳပ္ ကန္႔သတ္ထားတာေတြေၾကာင့္ ကုန္ပစၥည္း စီးဆင္းမႈေတြ ရပ္ဆုိင္းကုန္တာပါ။ အဲဒီလုိ ခရီးသြားလာမႈနဲ႔ ကုန္ပစၥည္း တင္ပုိ႔မႈေတြ ရပ္ဆုိင္းကုန္တဲ့အတြက္ ေနာက္ဆက္တြဲ အက်ဳိးဆက္အျဖစ္နဲ႔ ေဒသတြင္းတင္သာမကဘဲ တကမၻာလုံးမွာရွိတဲ့ စက္ရုံအေတာ္မ်ားမ်ားမွာ ကုန္္ၾကမ္းပစၥည္း ျပတ္လပ္မႈနဲ႔ ရင္ဆုိင္ရၿပီး အခုလုိ စက္ရုံ၊ အလုပ္ရုံေတြ ပိတ္ပစ္ရတဲ့အထိ ျဖစ္လာခဲ့ပါ။

Coronavirus ေၾကာင့္ တရုတ္ႏုိင္ငံက ကုန္ၾကမ္းပစၥည္းေတြ ေရာက္မလာတဲ့အတြက္ ထုိင္းႏုိင္ငံမွာ စက္ရုံေတြပိတ္လုိက္ရလုိ႔ ရာနဲ႔ခ်ီတဲ့ ျမန္မာ ေရြ႕ေျပာင္းအလုပ္သမားေတြလည္း အလုပ္ျပဳကုန္ၾကပါတယ္။ ထုိင္းအလုပ္ရွင္တခ်ဳိ႕ကေတာ့ စက္ရုံပိတ္လုိက္ရတဲ့အတြက္ အလုပ္သမားေတြကုိ နစ္နာေၾကးေပးမယ္လုိ႔ ကတိေပးထားေၾကာင္း ထုိင္းမွာရွိတဲ့ ျမန္မာအလုပ္သမားေတြအေရး ေဆာင္ရြက္ေနသူေတြက ဗီြအုိေအကုိ ေျပာပါတယ္။

ဒါေပမယ့္ ျမန္မာႏုိင္ငံမွာေတာ့ အထည္ခ်ဳပ္နဲ႔ တျခား စက္ရုံအေတာ္မ်ားမ်ား ပိတ္ပစ္လုိက္လုိ႔ အလုပ္လက္မဲ့ျဖစ္ကုန္ၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ အလုပ္သမားေတြကုိ အလုပ္ရွင္ေတြက နစ္နာေၾကးေပးမယ္လုိ႔ ေျပာဆုိျခင္းမရွိေသးပါတယ္္။ အစုိးရဘက္ကလည္း အလုပ္သမားေတြ နစ္နာေၾကးရေအာင္ ၾကား၀င္ေဆာင္ရြက္ေပးတာမ်ဳိး မရွိဘူးလုိ႔ အလုပ္သမားအေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ အလုပ္သမားေတြကုိယ္တုိင္က ေျပာပါတယ္ ။

တိုက္႐ိုက္ လင့္ခ္


...............

Coronavirus ကြောင့် မြန်မာအထည်ချုပ်လုပ်သားတွေ အလုပ်ပြုတ်

(Unicode)

Coronavirus ကြောင့် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေ ပိတ်လိုက်ရပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေလည်း အလုပ် ပြုတ်ကုန်ကြပါတယ်။ ကမ္ဘာတဝှမ်းက လုပ်ငန်းပေါင်းစုံအတွက် ကုန်ကြမ်းပစ္စည်းအများစု တင်ပို့ပေးနေတဲ့ တရုတ်နိုင်ငံမှာ Coronavirus ဖြစ်နေတာကြောင့် ကုန်ပစ္စည်း တင်ပို့မှုတွေကိုလည်း ပိတ်ပင်ထားတာကြောင့် အခုလို စက်ရုံတွေ ပိတ်ပစ်ရတဲ့အထိ ဖြစ်လာတာပါ။ ဒီအကြောင်း ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တရုတ်နိုင်ငံမှာ စတင်တဲ့ Coronavirus ဟာ အစောပိုင်းမှာ တခြားနိုင်ငံတွေရဲ့ စီးပွားရေးကို ထိခိုက်စေမှု မရှိပေမယ့်လည်း အခုတော့ တရုတ်ကတင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေအပေါ် မှီခို အားထားနေရတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ပစ်ရတဲ့အထိ အခြေအနေတွေ ဆိုးရွားလာနေတာကြောင့် ကမ္ဘာ့စီးပွားရေးကို တိုက်ရိုက် ထိခိုက်လာနေတာပါ။

တရုတ်က တင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေအပေါ် ကန့်သတ်မှုတွေ လုပ်ဆောင်လာတာကြောင့် အာရှတလွှားက အထည်ချုပ်စက်ရုံ အများအပြားလည်း ပိတ်ပစ်လိုက်ရပြီး ဒီကရတဲ့ ဝင်ငွေအပေါ် မှီခိုနေရတဲ့ အခြေခံ အလုပ်သမားအများအပြားရဲ့ လူနေမှု ဘဝတွေကိုပါ ထိခိုက်လာနေတာပါ။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ Hunter အထည်ချုပ်စက်ရုံဟာလည်း Coronavirus ကြောင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အပိတ်ခံလိုက်ရတဲ့ အထည်ချုပ်စက်ရုံတွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။ Hunter အထည်ချုပ်စက်ရုံ ပိတ်လိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်သွားကြတဲ့ အလုပ်သမားတွေဟာ စက်ရုံပြန်ဖွင့်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့စက်ရုံကို အပြင်ကနေ လာချောင်းကြည့်နေကြပါတယ်။

အသက် ၃၁ နှစ်အရွယ် မအေးစုသန်းဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က Hunter အထည်ချုပ်စက်ရုံ မမျှော်လင့်ဘဲ ပိတ်ပစ်လိုက်တာကြောင့် အလုပ်ပြုတ်သွားတဲ့ အလုပ်သမား ၉၀၀ ထဲက တဦးအပါအဝင်ဖြစ်ပါတယ်။

“သူတို့ကတော့ တရုတ်ပြည်မှာ ဗိုင်းရပ်စ် ရောဂါဖြစ်လို့ စက်ရုံ ပိတ်သိမ်းရတယ်ဆိုတဲ့အကြောင်းကို ပြောပါတယ်။ Buyer တွေလည်း အခက်အခဲဖြစ်တယ်ပေါ့။ ရောဂါကိစ္စတွေနဲ့ ပတ်သက်လို့ order တွေမဝင်ဘူး။ Buyer တွေလည်း မလာဘူးဆိုပြီးတော့ အဲလိုမျိုးတွေပြောပြီးတော့ စက်ရုံပိတ်သွားတာပေါ့နော်။ ဒါပေမယ့် ဒီအလုပ်သမားတွေ ဖြစ်စေချင်တာကတော့ စက်ရုံကတော့ ဘယ်နေ့ ဘယ်ရက် ပိတ်မယ် အဲလိုမျိုးလေး တလလောက် ကြိုပြောစေချင်တာပေါ့နော်။ သူတို့က ဗြုန်းတိုင်းကြီး ပိတ်လိုက်တဲ့အခါကျတော့ အကုန်လုံးက အလုပ်လက်မဲ့တွေ ဖြစ်ပြီးတော့ အကုန်လုံးက ဒုက္ခတွေရောက်နေကြတယ်လေ။”

ဒီစက်ရုံဟာ အီတလီက နာမည်ကြီးဖက်ရှင်ကုမ္ပဏီ အတွက် အဝတ်အထည်တွေကို ချုပ်ပေးနေတာပါ။

အခုလို စက်ရုံကို ရုတ်တရက်ပိတ်ပစ်လိုက်ခြင်းက စက်ရုံဝန်ထမ်းတွေထဲက သူမ အပါအဝင် ကိုယ်ဝန်ဆောင်တွေအမျိုးသမီးတွေအတွက် ပိုပြီး အခက်ဖြစ်စေတယ်လို့ မအေးစုသန်းက ပြောပါတယ်။

“ကိုယ်ဝန်ဆောင်တွေ ဒီအထဲမှာအားလုံး ၂၁ ယောက်ရှိတယ် အဲဒီ ၂၁ ယောက်က အခုဆိုရင် အလုပ်လက်မဲ့တွေဖြစ်ပြီးတော့ အခုဆိုရင် အဆင်မပြေဘူးပေါ့နော်။ အားလုံးကလည်း ပထမကတည်းက ဒီမှာပဲ မီးဖွားခွင့်နဲ့ မွေးမယ်၊ ဒီမှာပဲဆက်ပြီးတော့ ဆက်ပြီးအလုပ်လုပ်မယ်ဆိုပြီးတော့ အားလုံးစီစဉ်ထားတာ အခုကတော့ ကိုယ်ဝန်တွေနဲ့ဆိုတော့ အလုပ်လိုက်လျှောက်ရတာလည်း အဆင်မပြေဘူး။ ဒီပြင့်လူတွေတောင်မှ အဆင်မပြေတာ ကိုယ်တွေက ကိုယ်ဝန်ဆောင်တွေဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။

ကြိုတင် အသိပေးခြင်းမရှိဘဲ စက်ရုံကို ရုတ်တရက်ပိတ်ပစ်လိုက်တဲ့အတွက် မအေးစုသန်းလို ဒုက္ခရောက်နေသူ နောက်ထပ် စက်ရုံအလုပ်သမ တဦးကတော့ မမာမာခိုင်ပါ။

“ ဒီစက်ရုံလာတိုင်း အရမ်းဝမ်းနည်းတယ်။ ဒေါသလည်း ဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်ကိုယ့်အလုပ်ကို သူတို့ မပိတ်သင့်ပဲနဲ့ ပိတ်သွားတဲ့အခြေအနေမျိုးအထိအောင် အဲလိုမျိုးဖြစ်နေတာ။ တရားဝင် တလ၊ နှစ်လလောက် ကြိုပြီးတော့ ပြောတယ်ဆိုရင် ခံနိုင်ရည်ရှိတယ် အခုက ရက်ပိုင်းအတွင်းနဲ့ အဲလိုမျိုးဖြစ်သွားတော့ အရမ်းဝမ်းနည်းတယ်။”

သူ့အနေနဲ့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲကိုဘဲ ရင်ဆိုင်ဖို့ဆုံးဖြတ်ထားပြီး မွေးလာမယ့် ရင်သွေးအတွက် ဘာမှ စီစဉ်နိုင်သေးခြင်း မရှိသေးဘူးလို့ မအေးစုသန်းကလည်း ပြောပါတယ်။

“အခု ကိုယ်အခက်အခဲ ဖြစ်နေတာကိုပဲ ၊ လက်တလောဖြစ်နေတာကိုပဲ အရင်ဆုံး ဖြေရှင်းလိုက်တယ်။ အဲလိုမျိုးပဲ လုပ်ပါတယ်။ နောက် ၁၀ နှစ်စာကို ကြိုမတွေးဘူး။ ကိုယ်မွေးပြီးသွားရင် ဘယ်လိုလုပ်ရမလဲ ဒီကလေးကို ဘယ်လို ပြုစုရမလဲ အဲဒါပဲ တွေးတယ်ပေါ့။”

တကမ္ဘာလုံးကို ကုန်ကြမ်းပစ္စည်းတွေ တင်ပို့နေတဲ့ တရုတ်နိုင်ငံအတွင်း ခရီးသွားလာခွင့်ကန့်သတ်တာ၊ ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့သူတွေနဲ့ အဲဒီဒေသမှာရှိနေသူတွေကို အပြင်ကို သွားလာခွင့်မပြုဘဲ သီးခြား ထိန်းချုပ် ကန့်သတ်ထားတာတွေကြောင့် ကုန်ပစ္စည်း စီးဆင်းမှုတွေ ရပ်ဆိုင်းကုန်တာပါ။ အဲဒီလို ခရီးသွားလာမှုနဲ့ ကုန်ပစ္စည်း တင်ပို့မှုတွေ ရပ်ဆိုင်းကုန်တဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ ဒေသတွင်းတင်သာမကဘဲ တကမ္ဘာလုံးမှာရှိတဲ့ စက်ရုံအတော်များများမှာ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရပြီး အခုလို စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ပစ်ရတဲ့အထိ ဖြစ်လာခဲ့ပါ။

Coronavirus ကြောင့် တရုတ်နိုင်ငံက ကုန်ကြမ်းပစ္စည်းတွေ ရောက်မလာတဲ့အတွက် ထိုင်းနိုင်ငံမှာ စက်ရုံတွေပိတ်လိုက်ရလို့ ရာနဲ့ချီတဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေလည်း အလုပ်ပြုကုန်ကြပါတယ်။ ထိုင်းအလုပ်ရှင်တချို့ကတော့ စက်ရုံပိတ်လိုက်ရတဲ့အတွက် အလုပ်သမားတွေကို နစ်နာကြေးပေးမယ်လို့ ကတိပေးထားကြောင်း ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအရေး ဆောင်ရွက်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အထည်ချုပ်နဲ့ တခြား စက်ရုံအတော်များများ ပိတ်ပစ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေက နစ်နာကြေးပေးမယ်လို့ ပြောဆိုခြင်းမရှိသေးပါတယ်။ အစိုးရဘက်ကလည်း အလုပ်သမားတွေ နစ်နာကြေးရအောင် ကြားဝင်ဆောင်ရွက်ပေးတာမျိုး မရှိဘူးလို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေကိုယ်တိုင်က ပြောပါတယ် ။

XS
SM
MD
LG