ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားမွာ အသြားအလာေတြ တားျမစ္ထားၿပီး စီးပြားေရး လုပ္ငန္းေတြလည္း ပိတ္ထားရတဲ့အတြက္ ကမာၻ႔စီးပြားေရးအေပၚ ႐ိုက္ခတ္လာမွာ စိုးရိမ္ေနပါတယ္။ တ႐ုတ္ႏိုင္ငံထဲမွာ လုပ္ငန္းေတြ ရပ္ဆိုင္းေန႐ုံ သာမက ျပည္ပမွာပါ ႐ိုက္ခတ္လာေနရာမွာ၊ ေတာင္ကိုရီးယား ႏိုင္ငံက Hyundai ကားကုမၸဏီဟာ ဆိုရင္လည္း အႀကီးဆုံး စက္႐ုံတခုမွာ ထုတ္လုပ္မႈေတြ ဆိုင္းထားမယ့္အေၾကာင္း အဂၤါေန႔ကပဲ ေၾကညာခဲ့တာပါ။
တ႐ုတ္ႏိုင္ငံမွာ သာမက ျပည္ပစီးပြားေရး လုပ္ငန္းေတြမွာပါ ထိခိုက္မယ့္ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ဗြီအိုေအ သတင္းေထာက္ Mariama Diallo ရဲ႕ သတင္းေဆာင္းပါးကို အေျခခံၿပီး ကိုေအာင္လြင္ဦးက ေျပာျပေပးမွာ ျဖစ္ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္မပ်ံ႕ႏွံ႔ေအာင္ ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနရတဲ့ တ႐ုတ္နဲ႔ ေဟာင္ေကာင္က လမ္းေတြေပၚမွာ ေျခာက္ကပ္ေနသလို ေဈးဆိုင္ေတြ၊ လုပ္ငန္းေတြလည္း ပိတ္ထားရပါတယ္။ ဝါရွင္တန္အေျခစိုက္ Brookings Institution က သုေတသီ David Dollar ကေတာ့ ဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံ စီးပြားေရးမွာ သိသိသာသာ ႐ိုက္ခတ္ႏိုင္တယ္လို႔ ဆိုပါတယ္။
“တ႐ုတ္ႏိုင္ငံ GDP ရဲ႕ ၃ ပုံ ၂ ပုံ ေလာက္ရွိတဲ့ ကုန္ထုတ္လုပ္ငန္းေတြကို ေနာက္ထပ္ သီတင္း ၂ ပတ္၊ ၃ ပတ္ေလာက္အထိ ဆက္နားထားရပါတယ္။ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြလည္း စက္႐ုံေတြကို ျပန္မလာႏိုင္ၾကပါဘူး။ ဒါေၾကာင့္လည္း ၂၀၂၀ ဘ႑ာႏွစ္ ပထမ ၃ လပတ္အျပင္ ဒုတိယ ၃ လပတ္မွာလည္း စီးပြားေရးရလဒ္ေတြ သိပ္မေကာင္းဖို႔က ေသခ်ာသေလာက္ပါ။”
ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ သာမက ကမာၻ႔စီးပြားေရးမွာပါ ႐ိုတ္ခတ္ႏိုင္တယ္လို႔လည္း Hong Kong Geo Securities အမႈေဆာင္ အရာရွိခ်ဳပ္ Francis Lun က ေျပာပါတယ္။
“ကမာၻ႔စီးပြားေရး ဖြံ႕ၿဖိဳးမႈႏႈန္း ၀ ဒသမ ၅ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့သြားႏိုင္ပါတယ္။”
တ႐ုတ္အစိုးရ တာဝန္ရွိသူေတြကေတာ့ ခရီးသြားလုပ္ငန္း အပါအဝင္ စီးပြားေရး လုပ္ငန္းေတြမွာ ထိခိုက္မႈေတြ ရွိေနတာကို အသိအမွတ္ျပဳ ေျပာဆိုထားၾကပါတယ္။ ဒါေပမဲ့လည္း ႐ိုက္ခတ္မႈေတြဟာ ေရတိုကာလသာ ျဖစ္မယ္လို႔လည္း အမ်ိဳးသား ဖြံ႕ၿဖိဳးေရးနဲ႔ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္ လက္ေထာက္ၫႊန္ၾကားေရးမႉး Lian Weiliang က ေျပာပါတယ္။
“စီးပြားေရးမွာ ႐ိုက္ခတ္မႈေတြဟာ ကူးစက္မႈ တားဆီးေရးနဲ႔ ထိန္းခ်ဳပ္ေရးမွာ တိုးတက္မႈေတြနဲ႔ ရလဒ္ေတြအေပၚ အဓိကမူတည္ေနပါတယ္။ ဒါေပမဲ့လည္း က်ေနာ္ အေလးထားေျပာခ်င္တာကေတာ့ ႐ိုက္ခတ္မႈေတြဟာ ယာယီပဲ ျဖစ္ပါလိမ့္မယ္။ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရး အေျခခံေတြမွာ အေျပာင္းအလဲ မျဖစ္ႏိုင္ပါဘူး။”
ဒါေပမဲ့လည္း ကို႐ိုနာဗိုင္းရပ္စ္ စတင္ပံ်႕ႏွံ႔ရာ Hubei ျပည္နယ္က စေတာ္ဘယ္ရီၿခံပိုင္ရွင္ Li Zimin တို႔လို လုပ္ငန္းရွင္ေတြကေတာ့ စီးပြားေရးမွာ ႐ိုက္ခတ္မႈေတြကို သိသိသာသာ ခံစားေနရတာပါ။
“စိတ္ဓာတ္ေတာ့ က်မိပါတယ္။ ဒါေပမဲ့လည္း အခုႀကဳံေနရတဲ့ ကူးစက္မႈက လူေတြဖန္တီးတာ မဟုတ္တဲ့အတြက္ က်ေနာ္တို႔လည္း ဘာမွတတ္ႏိုင္တဲ့ ကိစၥမဟုတ္ပါဘူး။”
တ႐ုတ္ႏိုင္ငံပိုင္ မကာအိုမွာလည္း ေလာင္းကစား႐ုံေတြကို သီတင္း ၂ ပတ္ၾကာ ပိတ္မယ့္အေၾကာင္း အဂၤါေန႔ကပဲ ေၾကညာခဲ့တာပါ။ တ႐ုတ္ႏိုင္ငံက ေငြေၾကးတတ္ႏိုင္သူေတြနဲ႔ ျပည့္ေနေလ့ရွိတဲ့ မကာအိုက ေလာင္းကစား႐ုံေတြကို ပိတ္ထားဖို႔ မေၾကညာခင္မွာ ကတည္းကလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ လူသူမရွိသေလာက္ ျဖစ္ပါတယ္။
(Unicode)
ကမ္ဘာ့စီးပွါးရေး အပေါ် Coronavirus ရဲ့ဂယက်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ မြို့ကြီးတော်တော်များများမှာ အသွားအလာတွေ တားမြစ်ထားပြီး စီးပွားရေး လုပ်ငန်းတွေလည်း ပိတ်ထားရတဲ့အတွက် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လာမှာ စိုးရိမ်နေပါတယ်။ တရုတ်နိုင်ငံထဲမှာ လုပ်ငန်းတွေ ရပ်ဆိုင်းနေရုံ သာမက ပြည်ပမှာပါ ရိုက်ခတ်လာနေရာမှာ၊ တောင်ကိုရီးယား နိုင်ငံက Hyundai ကားကုမ္ပဏီဟာ ဆိုရင်လည်း အကြီးဆုံး စက်ရုံတခုမှာ ထုတ်လုပ်မှုတွေ ဆိုင်းထားမယ့်အကြောင်း အင်္ဂါနေ့ကပဲ ကြေညာခဲ့တာပါ။
တရုတ်နိုင်ငံမှာ သာမက ပြည်ပစီးပွားရေး လုပ်ငန်းတွေမှာပါ ထိခိုက်မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Mariama Diallo ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်မပျံ့နှံ့အောင် ထိန်းချုပ်ဖို့ ကြိုးပမ်းနေရတဲ့ တရုတ်နဲ့ ဟောင်ကောင်က လမ်းတွေပေါ်မှာ ခြောက်ကပ်နေသလို ဈေးဆိုင်တွေ၊ လုပ်ငန်းတွေလည်း ပိတ်ထားရပါတယ်။ ဝါရှင်တန်အခြေစိုက် Brookings Institution က သုတေသီ David Dollar ကတော့ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံ စီးပွားရေးမှာ သိသိသာသာ ရိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
“တရုတ်နိုင်ငံ GDP ရဲ့ ၃ ပုံ ၂ ပုံ လောက်ရှိတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို နောက်ထပ် သီတင်း ၂ ပတ်၊ ၃ ပတ်လောက်အထိ ဆက်နားထားရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေလည်း စက်ရုံတွေကို ပြန်မလာနိုင်ကြပါဘူး။ ဒါကြောင့်လည်း ၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၃ လပတ်အပြင် ဒုတိယ ၃ လပတ်မှာလည်း စီးပွားရေးရလဒ်တွေ သိပ်မကောင်းဖို့က သေချာသလောက်ပါ။”
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံမှာ သာမက ကမ္ဘာ့စီးပွားရေးမှာပါ ရိုတ်ခတ်နိုင်တယ်လို့လည်း Hong Kong Geo Securities အမှုဆောင် အရာရှိချုပ် Francis Lun က ပြောပါတယ်။
“ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းလောက် လျော့သွားနိုင်ပါတယ်။”
တရုတ်အစိုးရ တာဝန်ရှိသူတွေကတော့ ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေတာကို အသိအမှတ်ပြု ပြောဆိုထားကြပါတယ်။ ဒါပေမဲ့လည်း ရိုက်ခတ်မှုတွေဟာ ရေတိုကာလသာ ဖြစ်မယ်လို့လည်း အမျိုးသား ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး Lian Weiliang က ပြောပါတယ်။
“စီးပွားရေးမှာ ရိုက်ခတ်မှုတွေဟာ ကူးစက်မှု တားဆီးရေးနဲ့ ထိန်းချုပ်ရေးမှာ တိုးတက်မှုတွေနဲ့ ရလဒ်တွေအပေါ် အဓိကမူတည်နေပါတယ်။ ဒါပေမဲ့လည်း ကျနော် အလေးထားပြောချင်တာကတော့ ရိုက်ခတ်မှုတွေဟာ ယာယီပဲ ဖြစ်ပါလိမ့်မယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး အခြေခံတွေမှာ အပြောင်းအလဲ မဖြစ်နိုင်ပါဘူး။”
ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် စတင်ပံျ့နှံ့ရာ Hubei ပြည်နယ်က စတော်ဘယ်ရီခြံပိုင်ရှင် Li Zimin တို့လို လုပ်ငန်းရှင်တွေကတော့ စီးပွားရေးမှာ ရိုက်ခတ်မှုတွေကို သိသိသာသာ ခံစားနေရတာပါ။
“စိတ်ဓာတ်တော့ ကျမိပါတယ်။ ဒါပေမဲ့လည်း အခုကြုံနေရတဲ့ ကူးစက်မှုက လူတွေဖန်တီးတာ မဟုတ်တဲ့အတွက် ကျနော်တို့လည်း ဘာမှတတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။”
တရုတ်နိုင်ငံပိုင် မကာအိုမှာလည်း လောင်းကစားရုံတွေကို သီတင်း ၂ ပတ်ကြာ ပိတ်မယ့်အကြောင်း အင်္ဂါနေ့ကပဲ ကြေညာခဲ့တာပါ။ တရုတ်နိုင်ငံက ငွေကြေးတတ်နိုင်သူတွေနဲ့ ပြည့်နေလေ့ရှိတဲ့ မကာအိုက လောင်းကစားရုံတွေကို ပိတ်ထားဖို့ မကြေညာခင်မှာ ကတည်းကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် လူသူမရှိသလောက် ဖြစ်ပါတယ်။