(Zawgyi / Unicode)
ျမန္မာနဲ႔နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ တ႐ုတ္ျပည္မွာ ကုိ႐ုိနာဗိုင္းရပ္စ္ ျပန္႔ပြားမႈေတြ ဆက္တုိက္ျဖစ္ေနတာေၾကာင့္ ရွမ္းျပည္နယ္ မုိင္းလားအထူးေဒသ ၄ မွာေတာ့ တ႐ုတ္ႏိုင္ငံသားေတြ ၀င္ထြက္မႈကို ပိတ္ပင္ထားပါတယ္။ ထိုင္း-ျမန္မာနယ္စပ္က နားလည္မႈနဲ႔ ခြင့္ျပဳထားတဲ့ ကုန္သည္ေတြ သြားလာေနတဲ့ နယ္စပ္ဂိတ္ေတြကုိလည္း ပိတ္ပစ္လိုက္ပါတယ္။ ဒါ့အျပင္ ရွမ္းျပည္ေျမာက္ပုိင္းက ၿမိဳ႕နယ္ေတြမွာ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ ၇၃ ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ကုိလည္း က်င္းပဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ေဒသခံေတြက ဆံုးျဖတ္ခဲ့ၾကပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။
“မိုင္းလားအထူးေဒသ ၀အထူးေဒသဘက္မွာလည္း ေလာင္းကစား႐ုံေတြလည္း ရွိတာကိုး။ ဥပမာ မိုင္းလားအထူးေဒသ ၄ မွာဆို နယ္စပ္က၀င္လာတဲ့ တ႐ုတ္ေတြကို ၀င္မလာဖို႔ ပိတ္ပင္လိုက္ၿပီ။ ေလာင္းကစား႐ုံထဲမွာ လက္ရွိကစားေနတဲ့ တ႐ုတ္ႏုိင္ငံသားေတြကိုေတာ့ က်န္းမာေရးအရ ၾကည့္႐ႈတယ္။ ေနရာသီးသန္႔ ျပင္ဆင္္ေပးထားတယ္။ လက္ဖက္ၿခံဆိုတဲ့ ၀င္းေလးေနရာမွာ ေဆး႐ံုေလးလုပ္တယ္။ ကူညီပံ့ပုိးတဲ့ေနရာ ထိန္းသိမ္းၾကည့္႐ႈတဲ့ ေနရာေလး လုပ္ေပးၿပီး အပူရွိန္ျမင့္လာတဲ့သူေတြကုိ အထဲေခၚထည့္ၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ေပးတယ္။ ဒီတပတ္အတြင္းမွာ မိုင္းလားအထူးေဒသ ၄ အာဏာပိုင္ေတြကေပါ့ေနာ္။”
၀ူဟန္ဗိုင္းရပ္စ္လို႔ ေျပာေနၾကတဲ့ ကုိ႐ုိနာဗိုင္းရပ္စ္ ျပန္႔ပြားမႈေတြေၾကာင့္ လူစုလူေ၀းနဲ႔ က်င္းပမယ့္ အခမ္းအနားေတြ ရွမ္းျပည္နယ္ထဲမွာ မက်င္းပႏုိင္ေတာ့ဘူးလို႔ ဆုိပါတယ္။ ၂၀၂၀ ေဖေဖာ္ဝါရီ ၇ ရက္ေန႔မွာ က်ေရာက္မယ့္ ၇၃ ႏွစ္ေျမာက္ သွ်မ္းအမ်ိဳးသားေန႔ကို တ႐ုတ္-ျမန္မာ နယ္စပ္ မူဆယ္ၿမိဳ႕ အပါအ၀င္ ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ မက်င္းပႏုိင္ေတာ့တဲ့အေၾကာင္း ေဒသႏၱရ အာဏာပုိင္ေတြက ႐ုပ္သိမ္းမႈေတြလုပ္ခဲ့ေၾကာင္း ဦးစိုင္းမိန္းက ဆက္ေျပာျပပါတယ္။
“လုပ္႐ုိးလုပ္စဥ္ရွိတဲ့ ပဲြလမ္းေတြကို မလုပ္ဖို႔ ပိတ္ပင္တာေတြ တ႐ုတ္နယ္စပ္နဲ႔ ထိစပ္ေနတဲ့ မူဆယ္ၿမိဳ႕တို႔ မုိင္းလာၿမိဳ႕တို႔ ဟုိပန္တို႔ဘက္က ၿမိဳ႕ခံေတြက အစည္းအေ၀းေခၚတယ္။ ရွမ္းျပည္နယ္ေန႔ က်င္းပဖို႔ မလုပ္ဖို႔ ေျပာတယ္။ ႐ုပ္သိမ္းထားတာေတြရွိတယ္။ အဓိက က်န္းမာေရးအရ ျဖစ္လာရင္ တာ၀န္ယူဖို႔ မလြယ္တာေၾကာင့္ ႐ုပ္သိမ္းတာေတြရွိတယ္။”
ထိုင္း-ျမန္မာနယ္စပ္မွာေတာ့ ကုန္သည္ေတြ ၀င္ထြက္သြားလာေနတဲ့ နယ္စပ္ဂိတ္ေလးခုကို ပိတ္ပစ္လုိက္ပါတယ္။ တ႐ုတ္ႏုိင္ငံကေန စတင္ျဖစ္ပြားေနတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ေရာဂါကို စိုးရိမ္တာေၾကာင့္ မုိင္းတုံ၊ မုိင္းဆတ္ၿမိဳ႕နယ္မ်ား အတြင္းမွာရွိတဲ့ ျမန္မာ-ထုိင္းနယ္စပ္ဂိတ္ ေလးခုကိုလည္း ျမန္မာဘက္က ယာယီပိတ္ထားလုိက္တာပါ။
ထုိင္းႏုိင္ငံေျမာက္ပုိင္း ခ်င္းမုိင္ခ႐ုိင္အတြင္းရွိ ခ်င္းေဒါင္းနဲ႔ ပုံပါက်င္ၾကား BP1 ဂိတ္၊ မုိင္းဖုန္-နားေကာင္းမူးၾကား ပါခ်ီးဂိတ္၊ ၀ိန္းဟုိင္နဲ႔ မုိင္းေတာ့ မုိင္းထားၾကား လတ္တုိင္ဂိတ္၊ မယ့္အုိင္းနဲ႔ မုိင္းဆတ္ၾကား နမ့္ယြန္းဂိတ္ေတြကို ဒီရက္ပုိင္းအတြင္း ျမန္မာဘက္က ပိတ္ထားလိုက္ပါတယ္။ ဒီဂိတ္ေတြဟာ ထုိင္းနဲ႔ ျမန္မာအာဏာပုိင္ေတြ နားလည္မႈနဲ႔ ခြင့္ျပဳထားတဲ့ဂိတ္ေတြ ျဖစ္ပါတယ္။
--------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကာကွယ်ရေး မြန်မာနဲ့ ထိုင်း၊ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်
မြန်မာနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ရှမ်းပြည်နယ် မိုင်းလားအထူးဒေသ ၄ မှာတော့ တရုတ်နိုင်ငံသားတွေ ဝင်ထွက်မှုကို ပိတ်ပင်ထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်က နားလည်မှုနဲ့ ခွင့်ပြုထားတဲ့ ကုန်သည်တွေ သွားလာနေတဲ့ နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ပစ်လိုက်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့ကိုလည်း ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေသခံတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
“မိုင်းလားအထူးဒေသ ဝအထူးဒေသဘက်မှာလည်း လောင်းကစားရုံတွေလည်း ရှိတာကိုး။ ဥပမာ မိုင်းလားအထူးဒေသ ၄ မှာဆို နယ်စပ်ကဝင်လာတဲ့ တရုတ်တွေကို ဝင်မလာဖို့ ပိတ်ပင်လိုက်ပြီ။ လောင်းကစားရုံထဲမှာ လက်ရှိကစားနေတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ ကျန်းမာရေးအရ ကြည့်ရှုတယ်။ နေရာသီးသန့် ပြင်ဆင်ပေးထားတယ်။ လက်ဖက်ခြံဆိုတဲ့ ဝင်းလေးနေရာမှာ ဆေးရုံလေးလုပ်တယ်။ ကူညီပံ့ပိုးတဲ့နေရာ ထိန်းသိမ်းကြည့်ရှုတဲ့ နေရာလေး လုပ်ပေးပြီး အပူရှိန်မြင့်လာတဲ့သူတွေကို အထဲခေါ်ထည့်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးတယ်။ ဒီတပတ်အတွင်းမှာ မိုင်းလားအထူးဒေသ ၄ အာဏာပိုင်တွေကပေါ့နော်။”
ဝူဟန်ဗိုင်းရပ်စ်လို့ ပြောနေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတွေကြောင့် လူစုလူဝေးနဲ့ ကျင်းပမယ့် အခမ်းအနားတွေ ရှမ်းပြည်နယ်ထဲမှာ မကျင်းပနိုင်တော့ဘူးလို့ ဆိုပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်မယ့် ၇၃ နှစ်မြောက် သျှမ်းအမျိုးသားနေ့ကို တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ အပါအဝင် မြို့ကြီးအတော်များများမှာ မကျင်းပနိုင်တော့တဲ့အကြောင်း ဒေသန္တရ အာဏာပိုင်တွေက ရုပ်သိမ်းမှုတွေလုပ်ခဲ့ကြောင်း ဦးစိုင်းမိန်းက ဆက်ပြောပြပါတယ်။
“လုပ်ရိုးလုပ်စဉ်ရှိတဲ့ ပွဲလမ်းတွေကို မလုပ်ဖို့ ပိတ်ပင်တာတွေ တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ မူဆယ်မြို့တို့ မိုင်းလာမြို့တို့ ဟိုပန်တို့ဘက်က မြို့ခံတွေက အစည်းအဝေးခေါ်တယ်။ ရှမ်းပြည်နယ်နေ့ ကျင်းပဖို့ မလုပ်ဖို့ ပြောတယ်။ ရုပ်သိမ်းထားတာတွေရှိတယ်။ အဓိက ကျန်းမာရေးအရ ဖြစ်လာရင် တာဝန်ယူဖို့ မလွယ်တာကြောင့် ရုပ်သိမ်းတာတွေရှိတယ်။”
ထိုင်း-မြန်မာနယ်စပ်မှာတော့ ကုန်သည်တွေ ဝင်ထွက်သွားလာနေတဲ့ နယ်စပ်ဂိတ်လေးခုကို ပိတ်ပစ်လိုက်ပါတယ်။ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စိုးရိမ်တာကြောင့် မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်များ အတွင်းမှာရှိတဲ့ မြန်မာ-ထိုင်းနယ်စပ်ဂိတ် လေးခုကိုလည်း မြန်မာဘက်က ယာယီပိတ်ထားလိုက်တာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းရှိ ချင်းဒေါင်းနဲ့ ပုံပါကျင်ကြား BP1 ဂိတ်၊ မိုင်းဖုန်-နားကောင်းမူးကြား ပါချီးဂိတ်၊ ဝိန်းဟိုင်နဲ့ မိုင်းတော့ မိုင်းထားကြား လတ်တိုင်ဂိတ်၊ မယ့်အိုင်းနဲ့ မိုင်းဆတ်ကြား နမ့်ယွန်းဂိတ်တွေကိုဒီရက်ပိုင်းအတွင်း မြန်မာဘက်က ပိတ်ထားလိုက်ပါတယ်။ ဒီဂိတ်တွေဟာ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေ နားလည်မှုနဲ့ ခွင့်ပြုထားတဲ့ဂိတ်တွေ ဖြစ်ပါတယ်။