သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ႏိုင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ကူးစက္သူတေသာင္းနီးပါး၊ ေသဆုံးသူ ၂၁၃ ေယာက္ထက္မနည္း ရွိၿပီ


(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ အခုေနာက္ဆုံး ေသဆုံးသူ ၂၁၃ ေယာက္ထက္မနည္း ရွိေနၿပီး ကူးစက္မႈေပါင္း တေသာင္းနီးပါးအထိ ရွိသြားပါၿပီ။

တ႐ုတ္ျပည္ေရာက္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္တဲ့ အေၾကာင္းကို္လည္း ဖတ္ရႈႏိုင္ပါတယ္။

တ႐ုတ္က်န္းမာေရး ေကာ္မရွင္က ဇန္န၀ါရီလ ၃၀ အထိ ရရွိခဲ့တဲ့ စာရင္းအရ၊ ဗုိင္းရပ္စ္ ကူးစက္ေၾကာင္း အတည္ျပဳႏုိင္သူ ၉,၆၉၂ ေယာက္၊ ေရာဂါျပင္းထန္သူ ၁,၅၂၇ ေယာက္နဲ႔ ေသဆုံးသူ ၂၁၃ ေယာက္ ရွိခဲ့ၿပီး ကုသေပ်ာက္ကင္းလုိ႔ ေဆး႐ုံက ဆင္းခြင့္ေပးလုိက္သူ ၁၇၁ ေယာက္ ရွိေၾကာင္း တ႐ုတ္အမ်ဳိးသား က်န္းမာေရးေကာ္မရွင္ ေျပာခြင့္ရ Mi Feng က ေဘဂ်င္းၿမိဳ႕ေတာ္က ဒီကေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိသြားတာပါ။

ဗုိင္းရပ္စ္ပုိး ကူးစက္ခံရတယ္လုိ႔ သံသယရွိသူ ၁၅,၂၃၈ ေယာက္ရွိတယ္လုိ႔လည္း ေျပာပါတယ္။ တ႐ုတ္ႏုိင္ငံမွာ သာမက ျပည္ပႏုိင္ငံေတြမွာပါ ကူးစက္မႈေတြ တုိးလာေနတဲ့အတြက္ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ကေတာ့ ကမာၻ႔က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ မေန႔တုန္းကပဲ ေၾကညာထားပါတယ္။

အမ်ားျပည္သူ က်န္းမာေရးအတြက္ ႏုိင္ငံတကာ အေရးေပၚအေျခအေန တရပ္အျဖစ္ ေၾကညာလုိက္ေၾကာင္းနဲ႔ အခုလို ေၾကညာရတဲ့ အဓိကအေၾကာင္းရင္းဟာလည္း တ႐ုတ္ႏုိင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြေၾကာင့္ မဟုတ္ဘဲ တျခားႏုိင္ငံေတြမွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြေၾကာင့္ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္း WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ေတးဒ႐ုိ႕စ္ အက္ဒ္ဟမ္ႏြမ္ ေဂးဘေရးဆု က ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕က ႐ုံးခ်ဳပ္မွာ ေျပာဆုိခဲ့တာပါ။

က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ အားနည္းၿပီး ေရာဂါပိုးကို ရင္ဆိုင္ေျဖရွင္းဖို႔ ျပင္ဆင္မႈ အားနည္းတဲ့ ႏုိင္ငံေတြကုိ ပ်ံ႕ႏွံ႔မွာ စုိးရိမ္ရေၾကာင္းလည္း သတိေပးခဲ့ပါတယ္။ တ႐ုတ္ႏုိင္ငံ ျပင္ပမွာပါ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားက တ႐ုတ္ႏုိင္ငံနဲ႔ ခရီးအသြားအလာေတြကုိ တုိးျမွင့္ကန္႔သတ္ေနၾကတာပါ။

အေမရိကန္ႏုိင္ငံသားေတြ တ႐ုတ္ျပည္ကုိ ခရီးမသြားၾကဖုိ႔ သတိေပးခ်က္ အဆင့္-၄ အျဖစ္ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့တာပါ။ စကၤာပူႏုိင္ငံကလည္း လြန္ခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း တ႐ုတ္ႏိုင္ငံကုိ ခရီးသြားထားတဲ့သူေတြ ၀င္ေရာက္တာ ခရီးစဥ္ တေထာက္နားတာေတြကုိ တားျမစ္လုိက္သလုိ တ႐ုတ္ႏုိင္ငံကူး လက္မွတ္ ကုိင္ေဆာင္သူေတြကုိ ျပည္၀င္ခြင့္ဗီဇာ မေပးဖုိ႔လည္း ေၾကညာလုိက္ပါတယ္။

ဗီယက္နမ္ႏုိင္ငံကလည္း လြန္ခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း တ႐ုတ္ႏုိင္ငံ သြားခဲ့ဖူးသူ အားလုံးကို ျပည္၀င္ခြင့္ဗီဇာ မေပးဖုိ႔ ပိတ္လုိက္ပါတယ္။ မြန္ဂိုလီယားႏုိင္ငံကေတာ့ အိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံကေန ေလယာဥ္ေတြ၊ ရထားေတြ၊ ကုန္းလမ္းခရီးေတြကေန လာတဲ့သူေတြကုိ မတ္လ ၂ ရက္ေန႔အထိ ခြင့္မျပဳဖုိ႔ တားျမစ္လုိက္သလုိ မြန္ဂိုလီယားႏုိင္ငံသားေတြ တ႐ုတ္ႏုိင္ငံကုိ ခရီးမသြားဖုိ႔လည္း ကန္႔သတ္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သူတသောင်းနီးပါး၊ သေဆုံးသူ ၂၁၃ ယောက်ထက်မနည်းရှိပြီ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုနောက်ဆုံး သေဆုံးသူ ၂၁၃ ယောက်ထက်မနည်း ရှိနေပြီး ကူးစက်မှုပေါင်း တသောင်းနီးပါးအထိ ရှိသွားပါပြီ။

တရုတ်ပြည်ရောက် ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်တဲ့ အကြောင်းကိုလည်း ဖတ်ရှုနိုင်ပါတယ်။

တရုတ်ကျန်းမာရေး ကော်မရှင်က ဇန်နဝါရီလ ၃၀ အထိ ရရှိခဲ့တဲ့ စာရင်းအရ၊ ဗိုင်းရပ်စ် ကူးစက်ကြောင်း အတည်ပြုနိုင်သူ ၉,၆၉၂ ယောက်၊ ရောဂါပြင်းထန်သူ ၁,၅၂၇ ယောက်နဲ့ သေဆုံးသူ ၂၁၃ ယောက် ရှိခဲ့ပြီး ကုသပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ပေးလိုက်သူ ၁၇၁ ယောက် ရှိကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် ပြောခွင့်ရ Mi Feng က ဘေဂျင်းမြို့တော်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိသူ ၁၅,၂၃၈ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံမှာ သာမက ပြည်ပနိုင်ငံတွေမှာပါ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် မနေ့တုန်းကပဲ ကြေညာထားပါတယ်။

အများပြည်သူ ကျန်းမာရေးအတွက် နိုင်ငံတကာ အရေးပေါ်အခြေအနေ တရပ်အဖြစ် ကြေညာလိုက်ကြောင်းနဲ့ အခုလို ကြေညာရတဲ့ အဓိကအကြောင်းရင်းဟာလည်း တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် မဟုတ်ဘဲ တခြားနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တေးဒရို့စ် အက်ဒ်ဟမ်နွမ် ဂေးဘရေးဆု က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ရုံးချုပ်မှာ ပြောဆိုခဲ့တာပါ။

ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းပြီး ရောဂါပိုးကို ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်မှု အားနည်းတဲ့ နိုင်ငံတွေကို ပျံ့နှံ့မှာ စိုးရိမ်ရကြောင်းလည်း သတိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြင်ပမှာပါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ နိုင်ငံတော်တော်များများက တရုတ်နိုင်ငံနဲ့ ခရီးအသွားအလာတွေကို တိုးမြှင့်ကန့်သတ်နေကြတာပါ။

အမေရိကန်နိုင်ငံသားတွေ တရုတ်ပြည်ကို ခရီးမသွားကြဖို့ သတိပေးချက် အဆင့်-၄ အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ စင်္ကာပူနိုင်ငံကလည်း လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း တရုတ်နိုင်ငံကို ခရီးသွားထားတဲ့သူတွေ ဝင်ရောက်တာ ခရီးစဉ် တထောက်နားတာတွေကို တားမြစ်လိုက်သလို တရုတ်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့လည်း ကြေညာလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံကလည်း လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း တရုတ်နိုင်ငံ သွားခဲ့ဖူးသူ အားလုံးကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့ ပိတ်လိုက်ပါတယ်။ မွန်ဂိုလီယားနိုင်ငံကတော့ အိမ်နီးချင်း တရုတ်နိုင်ငံကနေ လေယာဉ်တွေ၊ ရထားတွေ၊ ကုန်းလမ်းခရီးတွေကနေ လာတဲ့သူတွေကို မတ်လ ၂ ရက်နေ့အထိ ခွင့်မပြုဖို့ တားမြစ်လိုက်သလို မွန်ဂိုလီယားနိုင်ငံသားတွေ တရုတ်နိုင်ငံကို ခရီးမသွားဖို့လည်း ကန့်သတ်ခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG