(Zawgyi/Unicode)
တရုတ္ႏုိင္ငံမွာ စတင္တဲ့ Coronavirus ေရာဂါပုိးဟာ အနည္းဆုံး ႏိုင္ငံေပါင္း ၁၈ ႏုိင္ငံအထိ စတင္ကူးစက္ ျပန္႔ႏွ႔ံလာေနတာေၾကာင့္ ဒီေရာဂါကူးစက္မႈဟာ ႏုိင္ငံတကာ အေရးေပၚအေျခအေနအျဖစ္ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ၾကာသပေတးေန႔မွာ ေၾကညာလုိက္ပါတယ္။
“Novel coronavirus ကမာၻမွာ ကူးစက္ျပန္႔ႏွံ႔ေနတဲ့အေပၚ အမ်ားျပည္သူက်န္းမာေရးအတြက္ စိုးရိမ္ဖြယ္ရာ ႏုိင္ငံတကာ အေရးေပၚအေျခအေနတရပ္အျဖစ္ က်ေနာ္ ေၾကညာပါတယ္။ အခုလို ေၾကညာရတာရဲ႕ အဓိကအေၾကာင္းက တ႐ုတ္ႏုိင္ငံမွာ ျဖစ္ေနတဲ့အေျခအေနေၾကာင့္ မဟုတ္ဘဲ တျခားႏုိင္ငံေတြမွာ ျဖစ္ပ်က္ ေနတဲ့ အေျခအေနေတြေၾကာင့္ျဖစ္ပါတယ္။ စိုးရိမ္စရာ အေကာင္းဆံုး ကေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ ပိုအားနည္းၿပီး ေရာဂါပိုးကို ရင္ဆိုင္ေျဖရွင္းဖို႔ ျပင္ဆင္မႈ အားနည္းတဲ့ ႏုိင္ငံေတြဆီ ဗိုင္းရပ္စ္ပိုး ကူးစက္ေရာက္ရွိသြားမယ့့္ အေျခအေနျဖစ္ပါတယ္။”
ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ က်င္းပတဲ့ အေရးေပၚ စည္းေ၀းပြဲအၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း WHO အႀကီးအကဲ Tedro Adhanom Ghebreyesus က အဲဒီလုိ ေၾကညာလုိက္တာပါ။
ဝူဟန္းက ျမန္မာေက်ာင္းသားေတြကို ျပန္ေခၚဖို႔ အစီအစဥ္လုပ္္ေနတဲ့အေၾကာင္း ဖတ္ႏုိင္ပါတယ္။
အခုေၾကညာခ်က္ဟာ တ႐ုတ္ႏုိင္ငံအေပၚ ယံုၾကည္စိတ္ခ်မႈမရွိဘူးဆိုတဲ့ မဲခြဲ ဆံုးျဖတ္ခ်က္ မဟုတ္ေၾကာင္း၊ ဗိုင္းရပ္စ္ပိုးျပန္႔ႏွံ႔ေနတာအေပၚ တ႐ုတ္ႏုိင္ငံရဲ႕ ထိန္းခ်ဳပ္ႏုိင္စြမ္းကို WHO အေနနဲ႔ အခုိင္အမာ ယံုၾကည္စိတ္ခ်ဆဲျဖစ္တဲ့အေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။
ဒီေရာပုိးကူးစက္ျပန္႔ႏွံ႔မႈဟာ တခါမွမႀကံဳဘူးတဲ့ အတုိင္းအတာနဲ႔ လ်င္ျမန္စြာ ျဖစ္ေပၚေနတယ္လုိ႔ WHO က ယူဆတဲ့အတြက္ ႏုိင္ငံတကာက ညွိႏႈိင္း တုန္႔ျပန္ ေဆာင္ရြက္ၾကဖုိ႔လုိအပ္ေၾကာင္း ေျပာပါတယ္။
ဒီဗုိင္းရပ္စ္နဲ႔ပတ္သက္လုိ႔ ႏုိင္ငံတကာ က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ မေၾကညာ ခဲ့တဲ့အတြက္ WHO ကုိ တခ်ဳိ႕က ေ၀ဖန္ ေျပာဆုိခဲ့ၾကပါတယ္။
ဒီဗုိင္းရပ္စ္ပုိးေၾကာင့္ အခုခ်ိန္ထိ ေသဆုံးသူ အနည္းဆုံး ၂၁၃ ဦး ရွိသြားၿပီျဖစ္ၿပီး တရုတ္ႏုိင္ငံအတြင္းမွာတင္ ေရာဂါပုိး ကူးစက္ေနတယ္လုိ႔ အတည္ျပဳၿပီးထားသူ ၈၁၀၀ ေက်ာ္နဲ႔ တကမၻာလုံးအတုိင္းအတာနဲ႔ဆုိရင္ေတာ့ ၉၀၀၀ ေလာက္ ရွိတယ္လုိ႔ ဆုိပါတယ္။ အခုခ်ိန္ထိေတာ့ တရုတ္ႏုိင္ငံျပင္ပမွာ ဒီဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ရွိတယ္ဆုိတဲ့ သတင္းေတာ့ ထြက္မလာေသးပါဘူး။
အေမရိကန္သမၼတ Donald Trump ကလည္း ဒီကိစၥကုိ အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္းနဲ႔ ကမၻာတ၀ွမ္းမွာရွိေနတဲ့ အေမရိကန္ ကၽြမ္းက်င္ပညာရွင္ေတြဟာလည္း ၂၄ နာရီပတ္လုံး ဒီကိစၥကုိ အာရုံစုိက္ လုပ္ေဆာင္ေနၾကေၾကာင္း ေျပာပါတယ္။
ၾကာသပေတးေန႔အထိ ေရာဂါပုိးကူးစက္ခံရတဲ့ ႏုိင္ငံေတြကေတာ့ ၾသစေတးလ်၊ ကေနဒါ၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ေဟာင္ေကာင္၊ အိႏၵိယ၊ ဂ်ပန္၊ ကေမၻာဒီးယား၊ မကာအုိ၊ မေလးရွား၊ နီေပါ၊ ဖိလစ္ပုိင္၊ စကၤာပူ၊ ေတာင္ကုိရီးယား၊ ထုိင္၀မ္၊ ထုိင္း၊ သီရိလကၤာ၊ ယူေအအီး၊ အေမရိကန္ျပည္ေထာင္စု၊ ဗီယက္နမ္နဲ႔ ေရာဂါပုိး စတင္ျဖစ္ပြားတဲ့ တရုတ္ႏုိင္ငံအပါအ၀င္ ႏုိ္င္ငံေပါင္း ၂၂ ႏုိင္ငံ ရွိသြားၿပီ ျဖစ္ပါတယ္။
......................
coronavirus ပိုး ကမ္ဘာ့ကျန်းမာရေး အရေးအပေါ်အခြေအနေအဖြစ် WHO ကြေညာလိုက်ပြီ
(Unicode)
တရုတ်နိုင်ငံမှာ စတင်တဲ့ Coronavirus ရောဂါပိုးဟာ အနည်းဆုံး နိုင်ငံပေါင်း ၁၈ နိုင်ငံအထိ စတင်ကူးစက် ပြန့်နှံ့လာနေတာကြောင့် ဒီရောဂါကူးစက်မှုဟာ နိုင်ငံတကာ အရေးပေါ်အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
“Novel coronavirus ကမ္ဘာမှာ ကူးစက်ပြန့်နှံ့နေတဲ့အပေါ် အများပြည်သူကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ နိုင်ငံတကာ အရေးပေါ်အခြေအနေတရပ်အဖြစ် ကျနော် ကြေညာပါတယ်။ အခုလို ကြေညာရတာရဲ့ အဓိကအကြောင်းက တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေကြောင့် မဟုတ်ဘဲ တခြားနိုင်ငံတွေမှာ ဖြစ်ပျက် နေတဲ့ အခြေအနေတွေကြောင့်ဖြစ်ပါတယ်။ စိုးရိမ်စရာ အကောင်းဆုံး ကတော့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုအားနည်းပြီး ရောဂါပိုးကို ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်မှု အားနည်းတဲ့ နိုင်ငံတွေဆီ ဗိုင်းရပ်စ်ပိုး ကူးစက်ရောက်ရှိသွားမယ့် အခြေအနေဖြစ်ပါတယ်။”
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ အရေးပေါ် စည်းဝေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း WHO အကြီးအကဲ Tedro Adhanom Ghebreyesus က အဲဒီလို ကြေညာလိုက်တာပါ။
ဝူဟန်းက မြန်မာကျောင်းသားတွေကို ပြန်ခေါ်ဖို့ အစီအစဉ်လုပ်နေတဲ့အကြောင်း ဖတ်နိုင်ပါတယ်။
အခုကြေညာချက်ဟာ တရုတ်နိုင်ငံအပေါ် ယုံကြည်စိတ်ချမှုမရှိဘူးဆိုတဲ့ မဲခွဲ ဆုံးဖြတ်ချက် မဟုတ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးပြန့်နှံ့နေတာအပေါ် တရုတ်နိုင်ငံရဲ့ ထိန်းချုပ်နိုင်စွမ်းကို WHO အနေနဲ့ အခိုင်အမာ ယုံကြည်စိတ်ချဆဲဖြစ်တဲ့အကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။
ဒီရောပိုးကူးစက်ပြန့်နှံ့မှုဟာ တခါမှမကြုံဘူးတဲ့ အတိုင်းအတာနဲ့ လျင်မြန်စွာ ဖြစ်ပေါ်နေတယ်လို့ WHO က ယူဆတဲ့အတွက် နိုင်ငံတကာက ညှိနှိုင်း တုန့်ပြန် ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း ပြောပါတယ်။
ဒီဗိုင်းရပ်စ်နဲ့ပတ်သက်လို့ နိုင်ငံတကာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မကြေညာ ခဲ့တဲ့အတွက် WHO ကို တချို့က ဝေဖန် ပြောဆိုခဲ့ကြပါတယ်။
ဒီဗိုင်းရပ်စ်ပိုးကြောင့် အခုချိန်ထိ သေဆုံးသူ အနည်းဆုံး ၂၁၃ ဦး ရှိသွားပြီဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာတင် ရောဂါပိုး ကူးစက်နေတယ်လို့ အတည်ပြုပြီးထားသူ ၈,၁၀၀ ကျော်နဲ့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ၉,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်ထိတော့ တရုတ်နိုင်ငံပြင်ပမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ရှိတယ်ဆိုတဲ့ သတင်းတော့ ထွက်မလာသေးပါဘူး။
အမေရိကန်သမ္မတ Donald Trump ကလည်း ဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ ကမ္ဘာတဝှမ်းမှာရှိနေတဲ့ အမေရိကန် ကျွမ်းကျင်ပညာရှင်တွေဟာလည်း ၂၄ နာရီပတ်လုံး ဒီကိစ္စကို အာရုံစိုက် လုပ်ဆောင်နေကြကြောင်း ပြောပါတယ်။
ကြာသပတေးနေ့အထိ ရောဂါပိုးကူးစက်ခံရတဲ့ နိုင်ငံတွေကတော့ သြစတေးလျ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကမ္ဘောဒီးယား၊ မကာအို၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ သီရိလင်္ကာ၊ ယူအေအီး၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နဲ့ ရောဂါပိုး စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံ ရှိသွားပြီ ဖြစ်ပါတယ်။