ရုရှားနဲ့ ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲနိုင်ဖို့ အတွက် ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေဟာ စနေနေ့က အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြရာမှာ စစ်ရပ်ရေး ဆက်လက်တွန်းအားပေးဖို့ ဗြိတိန်ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။
ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောခဲ့တယ်လို့ ပြောခွင့်ရ Stephene Dujarric က သောကြာနေ့ မှာ ပြောပါတယ်။
အမေရိကန် တရားစီရင်ရေး သမိုင်းမှာ မျှတမှုရှိတဲ့ ဂုဏ်ယူဖွယ် အခန်းသစ် တခုကို စတင်နေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ သောကြာနေ့ အမေရိကန်တရားရေးဌာနမှာ ဆယ်စုနှစ်အတွင်း သမ္မတ တယောက်အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောကြားတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာကို ကာကွယ်တဲ့ အနေနဲ့ အထက်လွှတ်တော်က သောကြာနေ့ ညနေပိုင်းမှာ နောက် ၆ လအတွက် အသုံးစရိတ်မူကြမ်းကို အတည်ပြု ပေးလိုက်ပါတယ်။ ဒါဟာ ဒီမိုကရက်ပါတီဝင်တွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုကိုကျော်လွှား နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အပစ်ရပ်ရေး အတွက် အမေရိကန်တင်သွင်းတဲ့ အကြံပြုချက်ကို ရုရှားက လက်ခံဖို့၊ လက်မခံရင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မှာ ဖြစ်ကြောင်း သဘောတူဖို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက သောကြာနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက လူပေါင်း တသန်းကျော်အတွက် အသက်ကယ် စားနပ်ရိက္ခာအကူအညီ တွေ ဧပြီလက စတင် ပြတ်တောက်ဖို့ ရှိကြောင်း WFP က ဒီကနေ့ သတိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ပဋိပက္ခတွေ ပြင်းထန်လာတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိဖို့ ကန့်သတ်ချက်တွေရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေကြတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံဘက်ကို ပြန်ချင်ကြတယ်ဆိုတာ သူရှင်းရှင်းလင်းလင်း ကြားသိခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကဒီနေ့ Cox's Bazar ရောက်စဉ်မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်န်အစိုးရယာယီအသုံးစရိတ်ဥပဒေကြမ်းကို ထောက်ခံမဲပေးမယ်လို့ အထက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။ ပြည်ထောင်စုအစိုးရ အသုံးစရိတ်ဟာ ဒီနေ့ အထိပဲကျန်တော့တာမို့ ယာယီ အသုံးစရိတ်နဲ့ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ဒီနေ့ မကုန်ခင် အသုံးစရိတ်မူကြမ်းကို လွှတ်တော် က အတည်ပြုရမှာ ဖြစ်ပါတယ်။
ကနေဒါမှာ ဒုတိယနဲ့ နောက်ဆုံးနေ့ G7 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယူကရိန်းဘက်က ဆက်လက်ရပ်တည်ရေးကို ဆွေးနွေးနေကြပါတယ်။ မနေ့ကစတင်တဲ့ အစည်းအဝေးမှာ ယူကရိန်း စစ်ပွဲရပ်ရေး အမေရိကန်ရဲ့ ကြိုးပမ်း မှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တင်ပြဆွေးနွေးခဲ့ပါတယ်။
အလုပ်သမား နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းမှာတရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို သင်္ကြန်ခွင့်ရက် (၁၅) ရက်ပေးဖို့ ထိုင်းအစိုးရက စဉ်းစား နေပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေး Tak ခရိုင်အတွင်း အထူးဇုံသတ်မှတ်ပေးဖို့ အမျိုးသားလုံခြုံရေးကောင်စီကို ထိုင်းကာကွယ်ရေးဦးစီးချုပ် တောင်းဆိုမည်။
အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူအထိရောက်လာပြီး စီမံကိန်းဧရိယာထဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်မှာ တရုတ်နဲ့သဘောတူထားတဲ့ စီမံကိန်းတွေ စာချုပ်သတ်မှတ်ချိန်မပြည့်ခင် ပြီးမြောက်အောင် ဆောင်ရွက်ဖို့ စစ်ကောင်စီက အစည်းအဝေးတွေ လုပ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံထဲ လာရောက်ခိုလှုံနေတဲ့ ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေကဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်ပို့နေတဲ့လုပ်ရပ်ကို ချက်ချင်းရပ်ပေးဖို့ အမေရိကန်အရှေ့ဘက်ခြမ်း မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေက ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အလုပ်သမား အင်အားလျှော့ချ ရေး အစီစဉ်တစိတ်တပိုင်းအဖြစ် မကြာသေးခင်ကမှ အစိုးရအေဂျင်စီ ၆ ခုကနေ အလုပ်ဖြုတ်ခံခဲ့ရသူ ထောင်ပေါင်းများစွာကို အလုပ်ပြန်ခန့်ဖို့ ကယ်လီဖိုးနီးယား ပြည်နယ် ပြည်ထောင်စု တရားသူကြီး တဦးက ကြာသပတေးနေ့မှာ အမိန့်ချခဲ့ပါတယ်။
အမေရိကန်ဝီစကီ တင်သွင်းမှုကို အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေက အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံတာဟာ အတော်ဆိုးဝါးတယ်လို့ ပြောပြီး အီယူကနေ ဝိုင်၊ ရှန်ပိန်နဲ့ တခြားယမကာတွေ တင်သွင်းမှုကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်တန့်မသွားအောင် အစိုးရယာယီအသုံးစရိတ်ကို မနက်ဖြန် သောကြာနေ့ညမတိုင်ခင် လွှတ်တော်က အတည်ပြုပေးဖို့လိုပြီး လွှတ်တော်အမတ်တွေ ဆုံးဖြတ်ရမယ့် အချိန်သိပ်နီးကပ်နေပါပြီ။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ရပ်ဆိုင်း စေဖို့ အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်ကို ထောက်ခံကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောပေမယ့် အသေးစိတ်လုပ်ဆောင်မှာတွေ ချပြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ စစ်တွေမြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နေရာတချို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်-ပဲခူးတိုင်း အစပ်မှာ နှစ်ဘက်တိုက်ပွဲတွေ လနဲ့ချီပြင်းထန်နေပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုက ရုရှားအစိုးရအပေါ် ဖိအားတွေပေးနေပါတယ်။ ဒါပေမဲ့ ရုရှားဘက်က သူတို့ သိမ်းထားတဲ့နယ်မြေတွေကို ပြန်ပေးဖို့တော့ ပြင်ဆင်ထားတာမရှိဘူးလို့ ပြောပါတယ်။ မော်စကိုမြို့ကနေ ပေးပို့တဲ့သတင်းကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
မတ်လ ၁၃ ရက်၊ ၂၀၂၅ ဒီကနေ့ ကြာသပတေးနေ့မှာ လအပြည့်အဝကြတ်ပြီး မှောင်မိုက်သွားတာကို အမေရိကန်ပြည်ထောင်စု တခုလုံးက တွေ့မြင်တိုင်မှာပါ။ ကောင်းကင်ယံက ရှားပါးဖြစ်စဉ်အဖြစ်နဲ့ လဟာ ကမ္ဘာရဲ့ အရိပ်မိုးတာခံရပြီး ခပ်ရင့်ရင့် သွေးနီရောင်လဝန်းအဖြစ် အနောက်ကမ္ဘာခြမ်းဒေသတွေက မြင်ရမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်