အီတလီနိုင်ငံ အခြေစိုက် နည်းပညာနဲ့ ကာကွယ်ရေး ခေတ်မှီထုတ်ကုန် ရောင်းချတဲ့ Leonardo ကုမ္ပဏီက မြန်မာရေတပ်အတွက် လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Greater Los Angeles ဧရိယာမှာ လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေ ဆက်လက် ငြိမ်းသတ်နေကြချိန်မှာဘဲ ဗုဒ္ဓဟူးနေ့မှာ လေပြင်းကြောင့် တောမီး ဆက်လက် ပျံ့နှံ့မယ့် အခြေအနေနဲ့ ကယ်လီဖိုးနီးယား တောင်ပိုင်းက သိန်းချီတဲ့ ပြည်သူတွေ ရင်ဆိုင်နေကြရပါတယ်။
အမေရိကန် သမ္မတ Joe Biden က သူ့ရဲ့ သမ္မတ သက်တမ်းကုန်ဆုံးဖို့ ၅ ရက်အလိုနဲ့ ရွေးကောက်ခံ သမ္မတ Donald Trump ကျမ်းသစ္စာကျိန်ဆိုဖို့ ၅ ရက်အလို ဗုဒ္ဓဟူးနေ့မှာ အမေရိကန် သမ္မတ အိမ်ဖြူတော် သမ္မတ ရုံးခန်းမှာ နှုတ်ဆက် မိန့်ခွန်း ပြောကြားပါတယ်။
လော့စ်အိန်ဂျယ်လိစ် တောမီးကြီးတောက်လောင်နေတာကို ဝိုင်းဝန်းငြိမ်းသတ်ပေးတဲ့ သူတွေထဲမှာ အကျဉ်းထောင်သားတွေလည်း ပါဝင်တာပါ။ တောမီးကူးဆက်တာကို တားဆီးဖို့ မီးတားတွေဖော်တာမှာ ပါဝင်တာရှိသလို မီးသတ်သမားတွေကို ပံ့ပိုးပေးတဲ့ တာဝန် ယူနေကြတာလည်း ရှိပါတယ်။
ဟားမတ်နဲ့ အစ္စရေးလ်ကြား အပစ်ရပ်ရေး သဘောတူညီချက် ရရှိသွားပြီး ဒီသဘောတူညီချက် အရ စစ်သွေးကြွ အဖွဲ့က တနှစ်ကျော်ကြာ ဖမ်းထားတဲ့ ဓားစာခံ တချို့ ပြန်လွတ်လာစေမှာ ဖြစ်ကြောင်း ကြားဝင် ညှိနှိုင်းသူတွေနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က စစ်ကိုင်းတိုင်းမှာ ရုံးဖွင့်တော့မယ်လို့ ကြေညာထားပြီး ဒီလို ရုံးဖွင့်လိုက်တဲ့အတွက် လက်တွေ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေက မျှော်လင့်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့်နေရပ်စွန့်လာကြတဲ့ လူငယ်တော်တော်များကို ပြီးခဲ့တဲ့ လတွေကစပြီး ရန်ကုန်နဲ့ တခြားမြို့တွေမှာ စစ်ကောင်စီဘက်က တိုးပြီးစစ်ဆေးဖမ်းဆီးလာနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။ ဖမ်းဆီးစစ်ဆေးမှုတွေ တိုးလာတာနဲ့အမျှ ရခိုင်တိုင်းရင်းသားလူငယ်တွေ လုံခြုံရေးအတွက် စိုးရိမ်နေကြတာပါ။
အစ္စရေးနဲ့ဟာမတ်စ်အကြား ဂါဇာမှာဖြစ်နေတဲ့စစ်ပွဲအဆုံးသတ်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေးမှူးတွေ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကြိုးစားနေကြ ပါတယ်။ တချိန်တည်းမှာပဲ ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို လေကြောင်းက ဒီကနေ့ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမှာတောမီးကြောင့် ဒီနေ့အထိ သေဆုံးသူ ၂၅ ဦးရှိသွားပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ခြောက်သွေ့ပြီး လေပြင်း တိုက်ခတ်နိုင်တာကြောင့် မီးကူးစက်နိုင်တဲ့အန္တရာယ်ကိုသတိထားဖို့ အမျိုးသားမိုးလေဝသဌာန အပါအဝင် ဒေသဆိုင်ရာအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန် ထားပါတယ်။
မြန်မာနိုင်ငံအရှေ့ခြမ်း ထိုင်းနယ်စပ်အနီးက အဓိကကျားဖြန့်အွန်လိုင်းလိမ်လည်လုပ်ငန်းတွေရှိတဲ့နေရာမှာ ဂျပန် ၆ ဦးအပါအဝင် အများအပြား ဖမ်းဆီးခိုင်းစေခံထားရတယ်လို့ လူကုန်ကူးခံရသူတွေအရေး ဆောင်ရွက်တဲ့ ထိုင်းအရပ်ဖက်အဖွဲ့တခုက ထုတ်ပြန်ကြောင်း ဂျပန်သတင်းစာ The Asia Simbun က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာရေးသားဖေါ်ပြပါတယ်။
အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ကရင်တိုင်းရင်းသား လက်နက်ကိုင် DKBA နဲ့ BGF နယ်ခြားစောင့်တပ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဒီနေ့ မြဝတီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွါးမှု တိုးလာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နောက်ထပ် ကပ်ရောဂါတမျိုးကြုံလာမှာကို နိုင်ငံတကာက စိုးရိမ်နေပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးဟာ ကိုဗစ်နဲ့ မတူဘူးလို့ ဆေးပညာရှင်တွေကပြောတဲ့ အကြောင်း VOA သတင်းထောက် Dora Mekouar ရဲ့သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားဈေးကွက်နဲ့ မော်တော်ယာဉ်ထုတ်လုပ်မှု အခြေအနေတွေနဲ့ပတ်သက်လို့ တနင်္လာနေ့က စက်မှုလုပ်ငန်းအစီရင်ခံစာသစ်တစ်စောင် ထွက်ပေါ်လာပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ ဥပဒေမဲ့ ရောင်းချလဲလှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတချို့ကို အရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်ခံသမ္မတ Donald Trump က ရွေးချယ်ထားတဲ့ Pete Hegseth က အမေရိကန်စစ်တပ်အတွင်း သူရဲကောင်းစိတ်ဓာတ် ပြန်လည်ရှင်သန်ကြီးထွားလာအောင် လုပ်မယ် လို့ သူ့ကိုရာထူးခန့်ရေးအတွက် အထက်လွှတ်တော်မှာ မနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ကျင်းပတဲ့ ကြားနာပွဲအတွင်း ထွက်ဆိုခဲ့ပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင် ကိုရီးယားသမ္မတ Yoon Suk Yeol ကို အာဏာပိုင်တွေက ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထိန်းသိမ်းလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တခု တနင်္လာနေ့က နွံကန်ပြိုကျတာကြောင့် အိမ်ခြေ ၅၀ ကျော် နစ်မြုပ်ခဲ့ပြီး လူအများပျောက်ဆုံးနေရာမှာ ဒီကနေ့မနက် အထိ ရုပ်အလောင်း ၂၀ ကျော်ကို ထပ်မံတွေ့ရှိထားပါတယ်။ ဒေသခံတွေကတော့ ပျောက်ဆုံးနေတဲ့သူ ၁၅၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၀ မှာ သမ္မတတာဝန် လွှဲပြောင်းယူတဲ့အခါ အစိုးရအသုံးစရိတ်တွေ လျှော့ချသွားမယ်လို့ ကတိပြုထားပါတယ်။ ဒီလို အစိုးရရဲ့ အခန်းကဏ္ဍ လျှော့ချဖို့ စိတ်ကူးက အခုမှမဟုတ်ပဲ အရင်ကလည်း အမေရိကန်ခေါင်းဆောင်တွေ လုပ်ဆောင်ချင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကိုစည်သူ တင်ပြထားပါတယ်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က သူရာထူးက မထွက်ခွာခင် တပတ်အလို တနင်္လာနေ့က သူ့နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ရှင်းလင်းမိန့်ခွန်း ပြောခဲ့ပါတယ်။ Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေကို နှိမ်နှင်းဖို့ နယ်ခြားကို လုံခြုံအောင် တင်းကြပ်ပြီး စောင့်ကြည့်ရေးနယ်မြေတွေ သတ်မှတ်ဖို့ ထိုင်း အတိုက်အခံ ပြည်သူ့ပါတီ အမတ် Rangsiman Rome က ထိုင်းအစိုးရကို တိုက်တွန်းလိုက်တာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ရေးသားထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်