သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပစ်ရပ်ရေးဆွေးနွေးမယ့် G7 နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ

ကနေဒါနိုင်ငံ Quebec ပြည်နယ် Charlevoix မြို့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly နဲ့ တွေ့ဆုံလက်ဆွဲနှုတ်ဆက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Macro Rubio (မတ် ၁၄၊ ၂၀၂၅)
ကနေဒါနိုင်ငံ Quebec ပြည်နယ် Charlevoix မြို့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly နဲ့ တွေ့ဆုံလက်ဆွဲနှုတ်ဆက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Macro Rubio (မတ် ၁၄၊ ၂၀၂၅)

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီနေ့ ကနေဒါနိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်ပြီး ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ် ရပ်နိုင်ရေးကိစ္စ အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ အမေရိကန်အဆိုပြုထားတဲ့အတိုင်း ရက် ၃၀ ယာယီအပစ်ရပ်ထားဖို့ အဆိုပြုချက်ကို လက်ခံဖို့အသင့်ပဲလို့ ယူကရိန်းခေါင်းဆောင်တွေပြောထားချိန် Quebec မြို့မှာ G-7 နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ရုရှားဘက်က ဘယ်လောက်လိုလားသလဲဆိုတာ သိနိုင်ဖို့ အမေရိကန်ဘက်က ဘက်ပေါင်းစုံကနေ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ကနေဒါနိုင်ငံကို အသွားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ ယာယီရပ်နိုင်ရေး အမေရိကန်ရဲ့ အဆိုပြုချက်ကို ကနေဒါနိုင်ငံက ကြိုဆိုတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားအနေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေအဆုံးသတ်နိုင်ဖို့ အပစ်အခတ်ရပ်ရေးအတွက် အသင့်ဖြစ်သလားဆိုတာ ကမ္ဘာကြီးက စောင့်ကြည့်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ G7 နိုင်ငံတွေမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့ပါဝင်ပါတယ်။

This item is part of

Forum

XS
SM
MD
LG