သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ကနေဒါနိုင်ငံ G7 အစည်းအဝေးမှာ ဆွေးနွေးမည်


အမေရိကန််နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကနေဒါနိုင်ငံမှာကျင်းပမဲ့ G7 အစည်းအဝေးတက်ဖို့ထွက်လာစဥ် Shannon လေဆိပ်မှာ သတင်းထောက်များနဲ့ တွေ့ဆုံစဥ်။ (မတ်လ ၁၂၊ ၂၀၂၅)
အမေရိကန််နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကနေဒါနိုင်ငံမှာကျင်းပမဲ့ G7 အစည်းအဝေးတက်ဖို့ထွက်လာစဥ် Shannon လေဆိပ်မှာ သတင်းထောက်များနဲ့ တွေ့ဆုံစဥ်။ (မတ်လ ၁၂၊ ၂၀၂၅)

G7 စက်မှုထိပ်သီး (၇) နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ကနေဒါနိုင်ငံ Quebec မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။ ဒီအစည်းအဝေးအတွင်း ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးမှာပါ။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို စစ်ရေးအကူအညီနဲ့ ထောက်လှမ်း ရေးအချက်အလက်တွေ ပြန်ပေးနေသလို နှစ်နိုင်ငံခေါင်းဆောင်တွေ ဆော်ဒီအာရေးဘီးယား Jeddah မှာ တွေ့ဆုံဆွေးနွေး အပြီး G7 အဖွဲ့က ဆွေးနွေးပွဲကျင်း ပဖို့ရှိကြောင်းကြေညာခဲ့တာပါ။ မတ်လ (၁၁) ရက်နေ့မှာ အမေရိကန်နဲ့ယူကရိန်း (၈) နာရီကြာဆွေးနွေးပြီးနောက် ယူကရိန်းက အမေရိကန်အဆိုပြုထားတဲ့ ရက် (၃၀) ကြာ ယာယီ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။ ရုရှားဘက်က အတည်ပြုတာကို စောင့်ဆိုင်းနေပါတယ်။

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကတော့ အဆိုပြုချက်နဲ့ပတ်သက်ပြီး အမေရိကန်က တင်ပြမှာကို စောင့်ဆိုင်းနေကြောင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဂျာမဏီဝန်ကြီးချုပ် Olaf Scholz ကလည်း ရက် (၃၀) ကြာ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ကြိုဆိုလိုက်ပြီး ယူကရိန်း ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းမှန်ပေါ်က ချဉ်းကပ်နေတာဖြစ်ကြောင်း X မှာ မတ်လ (၁၂) ရက်နေ့ ဒီကနေ့မှာ ရေးသားပါတယ်။ Jeddah က အဆိုပြုချက်ကို ကြိုဆိုပြီး ယူကရိန်း၊ အမေရိကန်တို့နဲ့အတူ ရပ်တည်မှာဖြစ်တယ်လို့လည်း Scholz က ပြောပါတယ်။

ရုရှားကတော့ ဒီသီတင်းပတ်အတွင်း အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ယူကရိန်းဟာ စစ်ပွဲအဆုံးသတ်ဖို့ ခိုင်မာတဲ့အဆင့်တွေကိုကျော်ဖြတ်ခဲ့ပြီးပြီလို့ သတင်းထောက်တွေကို အင်္ဂါနေ့ကပြောပါတယ်။ ယူကရိန်းနဲ့ ရရှိတဲ့ သဘောတူညီချက်နဲ့ပတ်သက်လို့ ရုရှားနဲ့ဆွေးနွေးမှာ ဖြစ်ပြီး သူတို့လည်း သဘောတူလိမ့်မယ်လို့ ယူဆကြောင်း၊ ခုအခါ ရုရှားအပေါ်မှာသာ မူတည်တာဖြစ်ကြောင်း ပြောဆိုပါတယ်။

ယူကရိန်းအရေး ကနေဒါနိုင်ငံ G7 အစည်းအဝေးမှာ ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG