သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အဆိုပြုတဲ့ အပစ်ရပ်ရေး ယူကရိန်း လက်ခံဖို့အသင့်


ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးအပြီး သတင်းမီဒီယာကို ဖြေကြားနေသည့် နိုင်ငံခြားရေးဝန်ကြီး Marco Rubio (ဝဲ) နှင့် နိုင်ငံတော်လုံခြုံရေးအကြံပေး Mike Waltz (ယာ)။ (မတ် ၁၁၊ ၂၀၂၅) (AP)
ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးအပြီး သတင်းမီဒီယာကို ဖြေကြားနေသည့် နိုင်ငံခြားရေးဝန်ကြီး Marco Rubio (ဝဲ) နှင့် နိုင်ငံတော်လုံခြုံရေးအကြံပေး Mike Waltz (ယာ)။ (မတ် ၁၁၊ ၂၀၂၅) (AP)

အမေရိကန် အဆိုပြုတဲ့ ရက် ၃၀ အပစ်ရပ်ရေးကို ယူကရိန်းအစိုးရက ထောက်ခံကြောင်း အမေရိကန်နဲ့ ယူကရိန်းတို့က ပြောဆိုကြပါတယ်။

ရုရှားရဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေး အမေရိကန်နဲ့ ယူကရိန်း တာဝန်ရှိသူတွေ ဆော်ဒီအာရေဗျနိုင်ငံ Jeddah မှာ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ရုရှားဖက်ဒရေးရှင်းဘက်က လက်ခံ ကျင့်သုံးရေးအပေါ် မူတည်ပြီး နှစ်ဘက် သဘောတူညီချက်နဲ့ တိုးချဲ့နိုင်မယ့် ရက် ၃၀ ယာယီ အပစ်ရပ်ရေးကို ချက်ချင်းကျင့်သုံးရေး အမေရိကန်က အဆိုပြုချက်ကို လက်ခံဖို့ ယူကရိန်းဘက်က အဆင်သင့်ရှိကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။

ရုရှားရဲ့ အပြန်အလှန် ဆောင်ရွက်မှုက ငြိမ်းချမ်းရေး ရရှိရေးအတွက် အဓိက ကျတယ်ဆိုတာကို ရုရှားကို အမေရိကန်က ဆက်သွယ်ပြောဆိုမှာ ဖြစ်ပါတယ်။ ယူကရိန်းအတွက် ထောက်လှမ်းရေး အချက်အလက် မျှဝေမှု ဆိုင်းငံ့ထားတာကို အမေရိကန်က ချက်ချင်း ဖယ်ရှားပေးမှာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှုလည်း ပြန်လည် ပေးအပ်မယ့်အကြောင်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်စစ် ဆင်နွှဲခဲ့တာကို အမြန် အဆုံးသတ်နိုင်ရေး ကြားဝင် ဆောင်ရွက်ဖို့ အမေရိကန်သမ္မတ Donald Trump က တွန်းအားပေး ဆောင်ရွက်နေချိန် Jeddah မှာ ကျင်းပတဲ့ အမေရိကန် ယူကရိန်း ဆွေးနွေးပွဲမှာတော့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အမျိုးသား လုံခြုံရေးအကြံပေး Mike Waltz တို့က ဦးဆောင်ခဲ့ပါတယ်။

ကန်အဆိုပြုတဲ့ အပစ်ရပ်ရေး ယူကရိန်း လက်ခံဖို့အသင့်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG