သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် အဆုံးသတ်နိုင်ဖို့ Trump ယုံကြည်ဆဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် March 7, 2025. (Photo by Jim WATSON / AFP)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် March 7, 2025. (Photo by Jim WATSON / AFP)

ရုရှားက ယူကရိန်းကို မတ်လ ၇ ရက် သောကြာနေ့မှာလည်း လေကြောင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်အောင် သူကြားဝင် ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ချက် ထားနေဆဲ ဖြစ်ပါတယ်။

ရုရှားဟာ မစ်ဇိုင်းဒုံး အလုံး ၂၀၀ ကျော်နဲ့ ယူကရိန်းကို တညလုံး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းနိုင်ငံတလွှား ပြည်နယ် ၅ ခုက ဓါတ်အားပေး အဆောက်အဦးတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရသလို လူနေ အဆောက်အဦးတွေ ပျက်စီးပြီး၊ ဒေသခံတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက သောကြာနေ့မှာ ပြောပါတယ်။

ရုရှားက ယူကရိန်းမှာ အပြင်းအထန် ဗုံးကြဲခဲ့တာကို သူသိပေမယ့် ရုရှားသမ္မတ Vladimir Putin ရဲ့ ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့ ပြောဆိုချက်ကို သူယုံကြည်ကြောင်း သမ္မတ ထရမ့်က သောကြာနေ့ သမ္မတအိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ သတင်းထောက် တွေကို ပြောပါတယ်။

ယူကရိန်းဒုက္ခသည်တွေ နေရပ်ပြန်လာရေး
please wait

No media source currently available

0:00 0:03:47 0:00


ဒါ့အပြင် ယူကရိန်းကိုတော့ စိတ်ပျက်ကြောင်း ပြောခဲ့တာပါ။ ယူကရိန်းဘက်က အသာစီးရစရာ ဘာမှ မရှိပေမယ့် ညှိနှိုင်းဖို့ ပိုခက်လာတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ ယူကရိန်းကို လေကြောင်း ကာကွယ်မှုတွေ ဆက်ပေးဖို့ အမေရိကန်က စဉ်းစားမှု ရှိမရှိ မေးမြန်းရာမှာတော့၊ ဒါဟာ ယူကရိန်းပေါ်မှာ မူတည်နေတယ်လို့ ပြောပါတယ်။

ယူကရိန်းဘက်က ငြိမ်းချမ်းမှု လိုချင်လား မလိုချင်ဘူးလား သူမသိကြောင်း ပြောကြားခဲ့တဲ့အပြင် တကယ်လို့ မလိုချင်ဘူးဆိုရင် အမေရိကန်က ကြားဝင် ညှိနိုင်းပေးတော့မှာ မဟုတ်ဘူးလို့လည်း ယူကရိန်းကို သတိပေးလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနက အရာရှိ တဦးကတော့ ယူကရိန်းကို အမေရိကန်က ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပေးပို့မှု ဆက်လက်ထားရှိဆဲ ဖြစ်ကြောင်းနဲ့ ယူကရိန်းဟာ Elin Musk ပိုင် Starlink ဂြိုဟ်တု အင်တာနက်စနစ်ကို ဆက်သုံးနေဆဲဖြစ်ကြောင်း VOA ကို သောကြာနေ့မှာပဲ အတည်ပြုပါတယ်။

ယူကရိန်းသမ္မတ Voldymir Zelenskyy ကတော့ ရုရှားက ယူကရိန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပေမယ့် ယူကရိန်းကတော့ ငြိမ်းချမ်းရေးရဖို့ နည်းလမ်းရှာနေဆဲဖြစ်ကြောင်း လူမှုမီဒီယာ X မှာ ရေးပါတယ်။

ယူကရိန်းစစ် အဆုံးသတ်နိုင်ဖို့ Trump ယုံကြည်ဆဲ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG