သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြေရှားသတ္တုထုတ်လုပ်ရေး အမေရိကန်နဲ့ လက်မှတ်ထိုးဖို့အသင့်ရှိ" - ယူကရိန်းသမ္မတ


ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံပွဲအတွင်းတွေ့ရတဲ့ ယူကရိန်းသမ္မတ ဗလော်ဒိုမာ ဇယ်လင်းစကီး (Volodymyr Zelenskyy) (မတ် ၂၊ ၂၀၂၅)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံပွဲအတွင်းတွေ့ရတဲ့ ယူကရိန်းသမ္မတ ဗလော်ဒိုမာ ဇယ်လင်းစကီး (Volodymyr Zelenskyy) (မတ် ၂၊ ၂၀၂၅)

ယူကရိန်း မြေရှားသတ္ထု တူးဖေါ်ဖို့အရေး အမေရိကန်နဲ့ သဘောတူညီချက်လက်မှတ် ရေးထိုးဖို့ အဆင်သင့်ရှိနေကြောင်း ယူကရိန်းသမ္မတ ဗလော်ဒိုမာ ဇယ်လင်းစကီး (Volodymyr Zelenskyy) က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ ဆက်ဆံရေးပြန်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ကြောင်းလည်း မတ်လ ၂ ရက် တနင်္ဂနွေနေ့တုန်းက ပြောပါတယ်။ ဗြိတိန်မှာ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး မြေရှားသတ္ထု သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ အမေရိကန်ဘက်ကလည်း အဆင်သင့်ရှိမယ်လို့ ထင်ကြောင်းလည်း ဇယ်လင်းစကီးက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ဒါပေမယ့် နောက်ထပ်သုံးသပ်မှုတချို့ လုပ်ဖို့ အချိန်တော့လိုကောင်း လိုမယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းသဘာဝတွင်းထွက် တူးဖေါ်ဖို့အရေး ယူကရိန်းနဲ့ အမေရိကန်ကြား လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးဖို့ စီစဥ်ထားပေမယ့်လည်း အိမ်ဖြူတော်မှာ ဇယ်လင်းစကီးနဲ့ သမ္မတ Donald Trump ၊ ဒုသမ္မတ JD Vance တို့ကြား စကားအခြေအတင်ဖြစ်ခဲ့ပြီးနောက် ဒီအစီအစဥ် အကောင်အထည်မဖေါ်ဖြစ်ခဲ့ပါဘူး။

ရုရှားကျူးကျော်စစ်ကို ခုခံနေတဲ့ ၃ နှစ်ကြာလာပြီဖြစ်တဲ့ စစ်ပွဲဆက်လက်ဆင်နွှဲဖို့အတွက် အမေရိကန် အကူအညီရဖို့ မျှော်လင့်ကြောင်းလည်း ဇယ်လင်းစကီးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီအကူအညီတွေရပ်လိုက်မယ်ဆိုရင် ပူတင်အတွက်သာ အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်းလည်း သူက ထောက်ပြပါတယ်။ ဒါကြောင့် ယဥ်ကျေးတဲ့ကမ္ဘာကြီးကို ကိုယ်စားပြုတဲ့၊ ဦးဆောင်မှုပေးနေတဲ့ အမေရိကန်အနေနဲ့ ပူတင်ကို အကူအညီပေးလိမ့်မယ်လို့ မယူဆကြောင်းလည်း ဇယ်လင်းစကီးက ပြောပါတယ်။

ယူကရိန်းကို အမေရိကန်က ထောက်ပံ့ပေးထားတဲ့ စစ်ရေးအကူအညီကုန်ကျစားရိတ်တွေ ပြန်ကာမိအောင် သမ္မတ ထရမ့်က ယူကရိန်းမှာ မြေရှားတူးဖေါ်ဖို့ ကြိုးစားနေတာပါ။ ဒါ့အပြင် ရုရှား-ယူကရိန်း စစ်ပွဲ အမြန်ဆုံး အဆုံးသတ်ဖို့လည်း ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဥ် ကာလကတည်းက ကတိပေးထားတာကို အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းနေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG