သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် အကူအညီ အမေရိကန်ဆိုင်းငံ့


ပိုလန်နိုင်ငံ၊ ဝါဆောမြို့ အမေရိကန်သံရုံးအရှေ့မှာ ယူကရိန်းကိုထောက်ခံတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြနေကြသူများ။ (မတ်လ ၃၊ ၂၀၂၅)
ပိုလန်နိုင်ငံ၊ ဝါဆောမြို့ အမေရိကန်သံရုံးအရှေ့မှာ ယူကရိန်းကိုထောက်ခံတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြနေကြသူများ။ (မတ်လ ၃၊ ၂၀၂၅)

ယူကရိန်းကိုပေးတဲ့ အမေရိကန်အကူအညီဆိုင်းငံ့ထားဖို့ အမေရိကန်သမ္မတ Donald Trump က ညွှန်ကြားထားကြောင်း အိမ်ဖြူတော်က မတ်လ (၃) ရက် တနင်္လာနေ့နှောင်းပိုင်းက ကြေညာပါတယ်။

“သမ္မတက ငြိမ်းချမ်းရေးအပေါ် အာရုံစိုက်ဆောင်ရွက်တာ ရှင်းပါတယ်။ ကျနော်တို့ လက်တွဲဘက်တွေ အနေနဲ့ အဲဒီရည်မှန်းချက်နဲ့ပတ်သက်ပြီး ထပ်တူရပ်တည်ဖို့ လိုအပ်ပါတယ်။” လို့လည်း ထရမ့်အစိုးရ အဆင့်မြင့် အရာရှိတဦးက VOA ကို အီးမေးနဲ့ ပြောကြားခဲ့ပါတယ်။​ အမေရိကန်အနေနဲ့ ပေးအပ်နေတဲ့ အကူအညီဟာ ရလဒ်ကောင်းတခု ထွက်ပေါ်လာဖို့ဖြစ်တာကြောင့် လက်ရှိမှာ အကူအညီပေးတာတွေ ရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က မတ်လ (၃) ရက်နေ့ ညစဥ်ပြောကြားတဲ့ မိန့်ခွန်းအတွင်း မှာတော့ ယူကရိန်းအနေနဲ့ စစ်မှန်ပြီးမျှတတဲ့ငြိမ်းချမ်းရေးရဖို့လိုအပ်ကြောင်း ထောက်ပြပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာမျိုးမဖြစ်အောင် လုံခြုံရေး အာမခံချက်လည်း လိုချင်နေတာပါ။ လုံခြုံရေးအာမခံချက် မရှိတာကြောင့် လွန်ခဲ့တဲ့ (၁၁) နှစ်က ရုရှားဟာ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ဒွန်းဘတ်စ်ဒေသကို သိမ်းပိုက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဇယ်လင်းစကီးက ထောက်ပြပါတယ်။ အဲဒီနောက် ရုရှားကယူကရိန်းကို စစ်မျက်နှာဖွင့် သိမ်းပိုက်ဖို့ ကြိုးစားနေပြီး စစ် ဆက်ဖြစ်နေတာ ရုရှားကြောင့်လို့ ဆိုပါတယ်။

ရုရှား အစိုးရ ပြောခွင့်ရ Dmitry Peskov ကလည်း ‘ယူကရိန်းကိုပေးနေတဲ့အကူအညီတွေ အမေရိကန်က ရပ်ဆိုင်းလိုက်တာဟာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ဆောင်ရွက်ချက်’ ဖြစ်တယ်လို့ ဒီကနေ့ မတ်လ (၄) ရက် အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါမှသာ ယူကရိန်းကို ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီ တွန်းပို့သလိုဖြစ်မှာလို့လည်း ဆိုပါတယ်။

ယူကရိန်း မြေရှားသတ္တု သဘောတူညီချက်အရေးဟာ အမေရိကန်အနေနဲ့ ယူကရိန်းကို ဆက်လက် အကူအညီပေးရေး အဓိကသော့ချက်ဖြစ်ပြီး ဒီကနေ့ ကွန်ဂရက်စ်လွှတ်တော်မှာ မိန့်ခွန်းမပြောခင် ဒီကိစ္စနဲ့ပတ်သက်လို့ကြေညာဖို့ ရှိတယ်လို့လည်း တနင်္လာနေ့အစောပိုင်းမှာ ထရမ့်က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG