သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေရှားစာချုပ်ဖို့ ယူကရိန်းသမ္မတ အိမ်ဖြူတော်လာမည်


ယူကရိန်းသမ္မတ Volodymyr Zelenskyy
ယူကရိန်းသမ္မတ Volodymyr Zelenskyy

ယူကရိန်းက မြေရှားသတ္တုတွေ အမေရိကန်ကို ရယူခွင့်ပေးမယ့် သဘောတူညီချက်ကို ယူကရိန်းသမ္မတနဲ့ လက်မှတ်ထိုးဖို့ရှိတယ်လို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ရုရှားကိုတိုက်နေတဲ့ ယူကရိန်းစစ်ပွဲအတွက် အမေရိကန်ကပေးထားတဲ့ စစ်ရေးအကူအညီတွေအတွက် ယူကရိန်းဘက်က ကုန်ကျစရိတ်ပြန်ပေးတဲ့အနေနဲ့ မြေရှားတွေကို ပေးမယ့် သဘောတူညီချက်ဖြစ်တယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။

မနက်ဖြန် သောကြာနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ကျရင် သမ္မတ Volodymyr Zelenskyy အိမ်ဖြူတော်ကိုလာရောက်ပြီး သဘောတူညီချက် လက်မှတ်ရေးထိုးမှာဖြစ်သလို စစ်ပွဲနဲ့ပတ်သတ်ပြီးတော့လည်း ဆွေးနွေးမှာဖြစ်တယ်လို့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပထမဆုံးအကြိမ်အစိုးရဝန်ကြီးများအစည်းအဝေးအတွင်း သမ္မတ Donald Trump က ပြောကြားခဲ့တာပါ။

ဒီသဘောတူညီချက်ကြောင့် အလွန် အကျိုးအမြတ် ရရှိမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဦးစားပေး ရည်ရွယ်ချက်ကတော့ သိန်းနဲ့ ချီတဲ့ရုရှားတပ်ဖွဲ့ဝင်တွေ၊ ယူကရိန်း အရပ်သားတွေ သေဆုံးစေတဲ့ စစ်ပွဲ အဆုံးသတ်နိုင်ရေးဖြစ်တယ်လို့ သမ္မတ Trump ကပြောပါတယ်။

ဒုတိယအချက်ကတော့ ပေးထားတာတွေ ပြန်ရဖို့လို့လည်း ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် အမေရိကန်က ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ဖိုး လက်နက်အကူအညီတွေပေးခဲ့ပြီး ဒီလက်နက်တွေသာ မရှိရင် ရုရှားတွေကို မခုခံနိုင်တော့ပဲ စစ်ပွဲ ပြီးဆုံးတာ ကြာလှပြီလို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။ စစ်ပွဲ အဆုံးသတ်ရေးအတွက် သမ္မတ Zelenskyy အပြင် ရုရှားသမ္မတ Vladimir Putin နဲ့လည်း နောက်ဆုံးမှာ သဘောတူညီချက်ရရှဖို့ကိုလည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ယူကရိန်းအနေနဲ့ NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင် ဖြစ်လာဖို့ကိုတော့ မေ့ပစ်လိုက်ဖို့ သမ္မတ Trump ကပြောပါတယ်။

မြေရှားသတ္ထု စီမံကိန်းနဲ့ ပတ်သတ်တဲ့ သဘောတူညီချက်ကတော့ ရရှိပြီးဖြစ်ပေမယ့် ယူကရိန်းအစိုးရအတွက် အလွန်အရေးပါတဲ့ယူကရိန်းလုံခြုံရေးနဲ့ ပတ်သတ်ပြီး အမေရိကန်က အာမခံဖို့ကိစ္စကတော့ ဆက်လက် ဆွေးနွေးရမှာဖြစ်ကြောင်း သမ္မတ Zelenskyy က Kyiv သတင်းစားရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြေရှားစာချုပ်ဖို့ ယူကရိန်းသမ္မတ အိမ်ဖြူတော်လာမည်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG