သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသယံဇာတ ထုတ်လုပ်မှုမှာ ရင်းနှီးမြှုပ်နှံရေး အမေရိကန်နဲ့ ဆွေးနွေး

ယူကရိန်းသမ္မတ Volodymyr Zelensky (ဝဲ)နဲ့ အမေရိကန်သမ္မတ Donald Trump
ယူကရိန်းသမ္မတ Volodymyr Zelensky (ဝဲ)နဲ့ အမေရိကန်သမ္မတ Donald Trump

ယူကရိန်း သဘာဝသယံဇာတတွေကရတဲ့ အကျိုးအမြတ်တွေ ပြန်ပြီးရင်းနှီးမြှုပ်နှံမယ့် ဖက်စပ်ရံပုံငွေ တခုထူထောင်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ယူကရိန်းကြား မူဘောင်သဘောတူညီချက်ရထားပြီလို့ ဒီညှိနှိုင်းမှုနဲ့နီးစပ်တဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တု တွေကရတဲ့ ငွေ ၅၀ % ကို ရင်းနှီးမြှုပ်နှံဖို့ ဒီအစီအစဉ်မှာပါဝင်မှာပါ။

အမေရိကန်အနေနဲ့လည်း စီးပွားရေးအရတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မယ့်ယူကရိန်းဖြစ်စေဖို့ ကတိပြု တယ်လို့လည်း ပါဝင်ပါတယ်။ ဒီ သဘောတူထားတဲ့မူဘောင်မှာ ယူကရိန်းလုံခြုံရေးအတွက် အမေရိကန်အာမခံချက်မပါဝင်ပေမဲ့လည်း အဲ့ဒီကိစ္စကိုညှိနှိုင်းဆဲပဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy အနေနဲ့လည်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ကို လာမယ့်သောကြာနေ့မှာ လာဖို့ရှိပြီး အမေရိကန်သမ္မတ Donald Trump နဲ့တွေ့ဆုံဖို့ရှိပါတယ်။

ယူကရိန်းသမ္မတ Zelenskyy လာရောက်ချိန်မှာ ဒေါ်လာတြီလျံပေါင်းများစွာတန်ဖိုးရှိတဲ့ ဒီ သဘော တူညီချက်ကို လက်မှတ်ရေးဖိုးဖို့ ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားပါတယ်။ ယူကရိန်းအနေနဲ့ ဒီသဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ယူကရိန်းစစ်တပ်အတွက် အရေးတကြီးလိုအပ်နေတဲ့ အမေရိကန်အကူအညီတွေ ဆက်လက်ရရှိနေမယ်လို့ မျှော်လင့်ကြောင်း ယူကရိန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

This item is part of

Forum

XS
SM
MD
LG