ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရေး ယူကရိန်းကိုအမေရိကန်အနေနဲ့ လုံခြုံရေးအာမခံချက် ပေးရမယ်ဆိုတာကိုနား လည်သဘောပေါက်တယ်လို့ ယူကရိန်းမြို့တော် Kyiv ကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတရဲ့ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း Keith Kellogg က ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
ယူကရိန်းကို သူရောက်နေတာဟာ ယူကရိန်းခေါင်းဆောင်တွေရဲ့စိုးရိမ်ချက်တွေကို နားထောင်ပြီး သမ္မတဒေါ်နယ်ထရမ့်ကို ပြန်လည်အကြံပြုတင်ပြဖို့ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်လိုပါတယ်။ ဒါဟာ ဒေသတွင်းနဲ့ တကမ္ဘာလုံးကောင်းဖို့ အတွက်ဖြစ်တယ်လို့ Keith Kellogg ကပြောခဲ့ပါတယ်။
အထူးကိုယ်စားလှယ် Kellogg ဟာယူကရိန်းကိုမသွားရောက်မီ ဒီရက်သတ္တပတ်အစောပိုင်းက ဥရောပခေါင်းဆောင် တွေနဲ့ဆုံခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်အဆုံးသတ်နိုင်ရေးအတွက်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ မနေ့အင်္ဂါနေ့တုန်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းသမ္မတဇာလင်းစကီးကတော့ ယူကရိန်းမပါဝင်တဲ့ဆွေးနွေးပွဲရလဒ်တွေကို လက်ခံမှာ မဟုတ်ဘူး လို့ ပြောပါတယ်။ ဒီအပေါ်မှာ သမ္မတဒေါ်နယ်ထရန့်ကဝေဘန်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအရေးနဲ့ ယူကရိန်းကိုဥရောပအနေနဲ့ကူညီထောက်ပံ့နိုင်ရေးအတွက် ပြင်သစ်သမ္မတ Emmanuel Macron က ဥရောပခေါင်းဆောင်တွေကိုဖိတ်ခေါ်ထားပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဒုတိယအကြိမ်ထပ်မံဆွေးနွေးကြပါတယ်။
Forum