သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် အဆုံးသတ်ရေး ရုရှားအပေါ် ကန် ဒဏ်ခတ်မှု အရှိန်မြှင့်မည်

အမေရိကန် အထူးကိုယ်စားလှယ် Keith Kellogg
အမေရိကန် အထူးကိုယ်စားလှယ် Keith Kellogg

ယူကရိန်းစစ် အဆုံးသတ်ရေးအတွက် ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုတွေနဲ့ တိုးပြီး ဖိအားပေးဖို့ အမေရိကန်က စီစဉ်နေတယ်လို့ ရုရှားနဲ့ ယူကရိန်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Keith Kellogg က ပြောပါတယ်။

နယူးရောက် ပို့စ်နဲ့ ကြာသပတေးနေ့ မေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နိုင်တာ အများကြီးရှိတဲ့အထဲ အထူးသဖြင့် ရုရှားရဲ့စွမ်းအင်ကဏ္ဍပဲ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ ဒီအရေးယူဒဏ်ခတ်မှုက အဆင့် ၁ ကနေ ၁၀ အထိ ရှိရာမှာ စီးပွါးရေးဆိုင်ရာ ထိခိုက်မှုပမာဏအတွက် ရုရှားအပေါ် ထိခိုက်မှုဟာ အဆင့် ၃ လောက်ပဲ ရှိနိုင်မယ်လို့လည်း ပြောပါတယ်။

ရုရှားအစိုးရနဲ့ ယူကရိန်း အစိုးရတို့ကြား ကြီးမားတဲ့သေဆုံးမှုကြုံနေရတဲ့ လက်ရှိစစ်ပွဲ အဆုံးသတ်ဖို့ ၂ ဖက် အပေးအယူ လုပ်နိုင်တယ်ဆိုတာ နားလည်ထားကြောင်းလည်း ပြောပါတယ်။

အရင် အမေရိကန်သမ္မတ ဘိုင်ဒန်အစိုးရအဖွဲ့ဟာ ယူကရိန်း စစ်ပွဲအတွက် စစ်ဖြစ်နေသမျှ ကာလပတ်လုံး ပံ့ပိုးပေးဖို့ လုပ်ဆောင်ခဲ့ဟာ မဟာဗျူဟာ မကျဘူးလို့ မေးမြန်းခန်းအတွင်း Kellogg က ဝေဖန်သွားပါတယ်။ အခု ထရမ့် အစိုးရအဖွဲ့ အနေနဲ့ ဒီစစ်ပွဲ အဆုံးသတ်ရေးအတွက် အပြည့်အဝ ချည်းကပ်တဲ့နည်းကို ဦးစားပေးမှာဖြစ်ပြီး ဒါဟာ ယူကရိန်းကို ပံ့ပိုးရင်း ရုရှားအပေါ် ဖိအားတိုးပေးမယ့် နည်းလမ်းဖြစ်ကြောင်းလည်း ပြောပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskyy ရုံးကတော့ သမ္မတရုံးအကြီးအကဲ Andriy Yermak နဲ့ အမေရိကန် အထူးကိုယ်စားလှယ် Kellogg တို့ ကြာသပတေးနေ့က ဆက်သွယ်ပြောကြားခဲ့ကြောင်းနဲ့ အထူးကိုယ်စားလှယ် ယူကရိန်းကို လာရောက်ရေး၊ လက်ရှိ တိုက်ပွဲအခြေအနေ၊ ယူကရိန်း နိုင်ငံသားတွေရဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG