သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်အတွက် ရုရှားအပေါ် ထပ်မံဒဏ်ခတ်နိုင်ကြောင်း သမ္မတထရမ့် သတိပေး

ယခင်မှတ်တမ်းရုပ်ပုံ | နယူးယောက်မြို့မှာ ယူကရိန်းသမ္မတဗလော်ဒီမာ ဇလန်းစကီး (ဝဲ) နဲ့ တွေ့ဆုံနေတဲ့ (ထိုစဉ်က) အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (ယာ) (စက်တင်ဘာ ၂၇၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | နယူးယောက်မြို့မှာ ယူကရိန်းသမ္မတဗလော်ဒီမာ ဇလန်းစကီး (ဝဲ) နဲ့ တွေ့ဆုံနေတဲ့ (ထိုစဉ်က) အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (ယာ) (စက်တင်ဘာ ၂၇၊ ၂၀၂၄)

သမ္မတထရမ့်အစိုးရအနေနဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမာဇလန်းစကီးနဲ့ဆက်သွယ်စကားပြောနေပြီး၊ မကြာခင်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့လည်းဆက်သွယ်စကားပြောဖို့ရှိတယ်လို့ သမ္မထရန့်က ပြောဆိုလိုက်တဲ့အပြင်၊ ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့ရေးယူမှုတွေနဲ့ပတ်သက်လို့ ဖြစ်နိုင်လာနိုင်ခြေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတွေထပ်လုပ်ဖို့ရှိလားလို့ သတင်းထောက်တွေမေးမြန်းတာကိုတော့ ဖြစ်နိုင်ခြေရှိတယ်လို့ သမ္မထရန့်က ဖြေကြားခဲ့ပါတယ်။ ရုရှားယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ အမေရိကန်ထက်စာရင် EU ဥရောပသမဂ္ဂက ပိုပြီးတာဝန်ယူ ရမယ်လို့လည်း သမ္မတ ထရန့်ကပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ဘီလီယံ ၂၀၀ လောက် ထည့်ဝင်ထားပြီးပြီလို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းအကူအညီအတွက် ၁၇၅ ဘီလီယံကတိပြုထာားပြီး၊ EU ဥရောပသမဂ္ဂကလည်း ၁၄၅ ဘီလီယံကတိပြုထားပါတယ်။ NATO မဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ ကာကွယ်ရေးအတွက် လုံလောက်အောင် ထည့်ဝင်ခြင်းမရှိဘူးလို့ သမ္မ်ထရမ့်က အရင်ကဝေဖန်ခဲ့ဖူးပြီး၊ ပိုမိုထည့်ဝင်ဖို့တိုက်တွန်းခဲ့ဖူးပါတယ်။

EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Kaja Kallas ကတော့ ကာကွယ်ရေးနဲ့ပတ်သက်လို့ EU အနေနဲ့လုံလောက်တဲ့ ထည့်ဝင်မှုမရှိဘူးလို့ ထရမ့်က ပြောမယ်ဆိုရင်ပြောစရာဖြစ်နေတယ်လို့ EU ကာကွယ်ရေးဌာန အစည်းအဝေးမှာပြောဆိုခဲ့ပြီး EU အနေနဲ့ ပိုမိုထည့်ဝင်ဖို့တိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ရုရှားနဲ့ယူကရိန်းအကြား မြို့ကြီးတချို့ကို အပြန်အလှန်ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ အရပ်ဘက် လူနေအိမ်တချို့ပျက်စီးကာ ယူကရိန်း ဘက်က ၂ ဦးနဲ့ ရုရှားဘက်ကတဦး ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG