သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း ဒေါ်လာ သန်း ၅၀၀ ဖိုး ကန် ထပ်ကူညီမည်


လွှတ်တော်ကအတည်ပြုရင် ယူကရိန်းကို ပေးပို့နိုင်ဖွယ်ရှိတဲ့ အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်၊ စခရန်တန်မြို့ လက်နက်စက်ရုံကထုတ်တဲ့ အမြောက်ဆန်များ။ (ဧပြီ ၂၀၊ ၂၀၂၄)
လွှတ်တော်ကအတည်ပြုရင် ယူကရိန်းကို ပေးပို့နိုင်ဖွယ်ရှိတဲ့ အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်၊ စခရန်တန်မြို့ လက်နက်စက်ရုံကထုတ်တဲ့ အမြောက်ဆန်များ။ (ဧပြီ ၂၀၊ ၂၀၂၄)

ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခုခံနေရတဲ့ ယူကရိန်းအတွက် နောက်ထပ် လက်နက်ခဲယမ်းနဲ့ စစ် လက်နက်ပစ္စည်း ဒေါ်လာသန်း ၅၀၀ ဖိုး သမ္မတဂျိုးဘိုင်ဒင်အစိုးရသက်တမ်း မကုန်ဆုံးမီ နောက်ဆုံးအဖြစ် ထောက်ပံ့ပေးသွားမယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်အစိုးရတာဝန်ရှိသူက VOA ကိုပြောခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ ကြာသပတေးနေ့ ဂျာမနီနိုင်ငံ Ramstein မှာကျင်းပနေတဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်များအစည်းအဝေးကို အမေရိကန်ကာကွယ်ရေးဝန် Lloyd Austin နောက်ဆုံးအနေနဲ့ တက်ရောက်ပြီး အဲဒိအစည်းအဝေးမှာ ထုတ်ဖေါ်ကြေညာမယ်လို့ အမေရိကန် အရာရှိက VOA ကိုပြောခဲ့ပါတယ်။ ဒီနိုင်ငံ ၅၀ ပါဝင်တဲ့ မဟာမိတ်တွေရဲ့ အစည်းဝေးကို ယူကရိန်း သမ္မတ Volodmyr Zelenskyy လည်း တက်ရောက်မှာဖြစ်ပါတယ်။

ဒီကနေကြာသပတေးနေ့မှာပဲ ရုရှားနဲ့ယူကရိန်းကြား ဒရုန်းတွေ မစ်ဇိုင်းဒုံးတွေနဲ့အပြန်အလှန်ပစ် ခတ်တိုက်တိုက်ကြပါတယ်။ ရုရှားက ယူကရိန်းမြို့တော် Kyiv အပါအဝင် Kherson Zaporizhzhia ဒေသတွေကို ဒရုန်းအစင်း ၇၀ ကျော်လောက်နဲ့ပစ်ခတ်ခဲ့ပြီး အဲဒိအထဲက အစင်း ၄၀ ကို ပစ်ချနိုင်ခဲ့ တယ်လို့ ယူကရိန်းစစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။ Zaporizhzhia ဒေသမှာ ရုရှား တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၃ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ဖေါ်ပြောဆိုပါတယ်။

ယူကရိန်းဘက်ကလည်း Belgorod၊ Bryansk ၊ Krasnodar အပါအဝင် ရုရှားနယ်စပ်မြို့တွေကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒိအထဲက ၁၅ စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကပြောပါတယ်။

ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း ဒေါ်လာ သန်း ၅၀၀ ဖိုး ကန် ထပ်ကူညီမည်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG