သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းရောက် ကန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်လာ သန်း  ၁,၀၀၀ အကူအညီသစ် ကြေညာ


Russia Ukraine War
Russia Ukraine War

ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၁ ဘီလျံ အကူအညီသစ်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကို ကြိုတင်ကြေညာခြင်းမရှိဘဲ ၂ ရက်ကြာခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားတို့ ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ၄ ကြိမ်မြောက် ယူကရိန်းခရီးစဉ်လည်း ဖြစ်ပါတယ်။ ယူကရိန်းကို တင့်ကားပစ် ယူရေနီယံဓာတ် အနည်းငယ်ပါတဲ့ ကျည်ဆန်တွေ ယူကရိန်းကို ပေးပို့မယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ အငြင်းပွားဖွယ် အလားတူ လက်နက်ကျည်တွေ ယူကရိန်းကို ပေးပို့ရေးအတွက် ဗြိတိန်က စတင်ခဲ့ပြီးနောက်မှာ အမေရိကန်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီ ၁၂၀ မမ ကျည်တွေကို Abrams တင့်ကားတွေမှာ အသုံးပြုမှာဖြစ်ပြီး ဒီတင့်ကားတွေကိုတော့ ဆောင်းဦးရာသီမှာ ယူကရိန်းကိုပို့ဖို့ အမေရိကန်က စီစဉ်ထားတာပါ။ ရုရှားဘက်ကတော့ ဒီကျည်တွေမှာ နျူကလီးယားပါဝင်တယ်လို့ မှားယွင်းပြောဆိုထားပြီး ဒီကျည်တွေ ယူကရိန်းကိုပေးပို့တာမလုပ်ဖို့ ရုရှားက အရင်က သတိပေးခဲ့တာပါ။

နျူကလီးယားလက်နက်တွေထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ သန့်စင် ယူရေနီယံထုတ်လုပ်မှုရဲ့ ဘေးထွက်ပစ္စည်းတွေသုံးတဲ့ ယူရေနီယံ အနည်းငယ်ပါ ကျည်တွေဟာ နျူကလီးယား ဓာတ်သတ္တိကြွမှု မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ဒီ ကျည်တွေဟာ အန္တရာယ်တချို့ ရှိတာကြောင့် သတိထားကိုယ်တွယ်ကြဖို့ ကုလသမဂ္ဂ အနုမြူစွမ်းအင် အေဂျင်စီက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG