သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုသမ္မတဟောင်း Mike Pence ယူကရိန်းကိုသွားရောက်


Ukrainian President Zelensky (L) and former US Vice President Mike Pence shake hands prior to their meeting. (Photo by Handout / AFP)
Ukrainian President Zelensky (L) and former US Vice President Mike Pence shake hands prior to their meeting. (Photo by Handout / AFP)

ကန်ဒုသမ္မတဟောင်း Mike Pence ယူကရိန်းကိုသွားရောက်

အမေရိကန် ဒုသမ္မတဟောင်း Mike Pence ဟာ ကြာသပတေးနေ့မှာ ကြိုတင် မကြေညာပဲ ယူကရိန်းကို သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံက ရီပတ်ဘလစ်ကင် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲက ပထမဆုံးသူအဖြစ် ယူကရိန်းသမ္မတကို သွားရောက်တွေ့ဆုံတာ ဖြစ်ပြီး ၊ သူ့မဲဆွယ်ကာလအတွင်း သွားရောက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ လွတ်လပ်တဲ့ ကမ္ဘာကြီးကို ဦးဆောင်သူလို့ သူယုံကြည်ကြောင်း သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး Pence က NBC သတင်းဌာနကကို ပြောပါတယ်။ ယူကရိန်းကို လာရောက်တာဟာ လွတ်လပ်တဲ့နိုင်ငံသား တဦးအနေနဲ့ လာတာဖြစ်ပြီး ရုရှား ဝင်ရောက်ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းတပ်သားတွေရဲ့ သတ္တိကို ကိုယ်တိုင်မြင်ရဖို့ ဖြစ်ကြောင်းနဲ့ ယူကရိန်းမိတ်ဆွေတွေကို အမေရိကန်က ဆက်ပြီး ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုမှာ ဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းသမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ဒုသမ္မတဟောင်း Pence ဟာ ရုရှားတပ်တွေရဲ့ ဖျက်ဆီးမှု အတော်ခံထားရတဲ့ Moshchun, Bucha နဲ့ Irpin တို့လို ကရိန်းမြို့တွေကိုလည်း သွားရောက်ခဲ့ပါတယ်။ ယူကရိန်းက Kramatorsk မြို့မှာ ရုရှားရဲ့ မစ်ဇိုင်းဒုံး ထိမှန်လို့ လူ ၁၂ ဦးလောက် သေဆုံးခဲ့ရပြီးနောက် မကြာခင်မှာပဲ Mike Pence က ယူကရိန်းကို သွားရောက်တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေထဲမှာ ကလေးငယ် ၃ ဦး ပါနေတာဖြစ်ပြီး ဒဏ်ရာရသူကတော့ ၆၀ လောက်ရှိတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

တချိန်ထဲမှာပဲ အီးယူ ဥရောပသမဂ္ဂရဲ့ ၆ လကြာ အလှည့်ကျဥက္ကဌ တာဝန်ယူတော့မယ့် စပိန်နိုင်ငံက ဝန်ကြီးချုပ် Pedro Sanchez ဟာလည်း ယူကရိန်း သမ္မတ Zelenskyy နဲ့ စနေနေ့ Kyiv မြို့တော်မှာ တွေ့ဆုံဖို့ လာရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG