သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း Kramatorsk မြို့မှာ ရုရှားဒုံးကျည်ထိပြီး ၉ ဦးသေ၊ ၅၀ ဒဏ်ရာရ


Russia Ukraine War
Russia Ukraine War

Kramatorsk မြို့ကိုရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ဒီနေ့ပဲ ပြောပါတယ်။ စားသောက်ဆိုင်တခုအပါအ၀င် တိုက်ခိုက်ခံခဲ့ရတဲ့ နေရာမှာရှိတဲ့ အပျက်အစီးတွေကိုရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဓာတ်ပုံတွေကိုလည်း အရေးပေါ်ကူညီကယ်ဆယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

Kramatorsk ဟာ ယူကရိန်းအရှေ့ပိုင်း Donetsk ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မျက်နှာရဲ့ အနောက်ဘက်မှာ ရှိတာပါ။ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း ရုရှားရဲ့ တိုက်ခိုက်မှုတခုကြောင့် မြို့တော်ရဲ့ မီးရထားဘူတာရုံကို ထိခိုက်ခဲ့ပြီး လူပေါင်း ၆၃ ဦး သေဆုံးခဲ့ရပါတယ်။

“ရုရှားလူသတ်သမားနဲ့ အကြမ်းဖက်သမားတွေအားလုံးကို ခုံရုံးတင်ပြီး တရားမျှတတဲ့ တရားစီရင်မှု တခုတည်းကသာ သူတို့နဲ့ထိုက်တန်ပါတယ်” လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ညစဉ် ပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းအတွင်း အင်္ဂါနေ့ညက ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်တပ်အတွက် နော်ဝေနိုင်ငံလုပ် NASAMS လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်ခုကို လစ်သူယေးနီးယားက ဝယ်ယူနေပြီး၊ မကြာမီကာလအတွင်း NASAMS လောင်ချာတွေ ယူကရိန်းကို ရောက်မယ်လို့ လစ်သူယေးနီးယားသမ္မတ Gitanas Nauseda က Facebook မှာ ပြောပါတယ်။ ယူကရိန်းသမ္မတ Zelenskyy ကလည်း အဆိုပါလုပ်ရပ်ကို ကြိုဆိုခဲ့ပြီး လစ်သူယေးနီးယားခေါင်းဆောင်ကို ကျေးဇူးတင်ကြောင်း တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်း Kramatorsk မြို့မှာ ရုရှားဒုံးကျည်ထိပြီး ၉ ဦးသေ၊ ၅၀ ဒဏ်ရာရ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG