သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်အထောက်အပံ့ နောက်ထပ်ဒေါ်လာ သန်းငါးရာ ကန်ကူညီမည်


ရှေ့တန်းစစ်မျက်နှာမှာ အမေရိကန်ရဲ့ M777 howitzer အမြှောက်ပစ်ဖို့ ယူကရိန်းတပ်ဖွဲ့ပြင်ဆင်နေ ၊ဂျူလိုင် ၁၄၊ ၂၀၂၂
ရှေ့တန်းစစ်မျက်နှာမှာ အမေရိကန်ရဲ့ M777 howitzer အမြှောက်ပစ်ဖို့ ယူကရိန်းတပ်ဖွဲ့ပြင်ဆင်နေ ၊ဂျူလိုင် ၁၄၊ ၂၀၂၂

ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအထောက်အပံ့အဖြစ် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ သန်း ၅၀၀ ကျော် ကူညီသွားမယ်လို့ အမေရိကန်တာဝန်ရှိသူသုံးဦးက ဗွီအိုအေကိုပြောပါတယ်။ အဲဒီအထဲမှာတော့ Stryker နဲ့ Bradley သံချပ်ကာယာဉ်တွေ ပါ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီ အကူအညီတွေကို အင်္ဂါနေ့မှာ ထုတ်ပြန်ပေးဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အခု နောက်ထပ်ပေးတဲ့ အကူအညီထဲမှာ Patriot မြေပြင် ဝေဟင်ပစ် စနစ်အတွက် ခဲယမ်းတွေပါဝင်သလို၊ HIMARS ဒုံးစနစ်အတွက် ဒုံးကျည်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

အခုပေးမယ့် အကူအညီတွေထဲမှာ အတားအဆီးခံကတုတ်တွေ မြေမြှုပ်မိုင်းကို ဖျက်ဆီး ရှင်းလင်းနိုင်တဲ့ Bangalore Torpedoes မိုင်း အတော်များများလည်း ပါဝင်မယ်လို့ နောက်ထပ်အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ယူကရိန်းမှာတော့ အခုချိန်အထိ Bangalore torpedoes အရေအတွက် နည်းနည်းရှိထားပြီး အတော်​ကြီး အသုံးဝင်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။ ရုရှားနိုင်ငံတွင်း အခု ရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ Wagner ကြေးစားအဖွဲ့ရဲ့ လက်နက်ကိုင်ပုန်ကန်မှုပြဿနာကြောင့် လက်ရှိ ယူကရိန်းစစ်မျက်နှာပြင်အနေ အထား ပြောင်းလဲလာမယ့် ပုံတော့ မရှိသေးပါဘူး။

Wagner အဖွဲ့ မရှိတော့ပဲ ရွှေ့သွားနိုင်ပေမယ့်၊ မိုင်းကွင်းတွေနဲ့ အခြားအတားအဆီးတွေကတော့ ရှိနေဦးမှာပဲလို့ အဲဒီအရာရှိက ပြောပါတယ်။ အခုနှစ်ဆန်းပိုင်းမှာပဲ ယူကရိန်းမှာ ရုရှားက ထိုးစစ်တွေ ပြန်စလာပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းဖက်ကလည်း ကြီးမားတဲ့တ်နပြန်ထိုးစစ်တွေ လုပ်နေတယ်လို့ ယူကရိန်းသမ္မတကလည်း မကြာခင်ကပဲ အတည်ပြုပြောဆိုပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံတွင်း သူတို့ထိန်းချူပ်ရာနေရာတွေမှ လနဲ့ချီပြီး ခံကတုတ်တွေ အသေအချာ အကြီးအကျယ်ပြင်ဆင်ထား တာမို့လည်း ယူကရိန်းဖက်က တန်ပြန်ထိုးစစ်လုပ်ဖို့ အခက်အခဲတွေရှိနေပါတယ်။


တချိန်တည်းမှာပဲ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ဒေါ်လာ ၃.၈ ဘီလီယံကနေ ၁၃ ဘီလီယံကျော်အထိ တိုးပေးသွားဖို့ ဥရောပသမဂ္ဂတိုင်းပြည်တွေက တနင်္လာနေ့မှာ သဘောတူခဲ့ကြပါတယ်။ EPF လို့ခေါ်တဲ့ ဥရောပငြိမ်းချမ်းရေးဌာနက ယူကရိန်းစစ်ရေးအကူအညီအတွက် ဒေါ်လာ ၅ဘီလီယံ ချထားပေးပြီးဖြစ်ပါတယ်။ ဒါဟာ EU အသုံးစရိတ်ကနေ သီးခြားဖြစ်ပါတယ်။ EU အသုံးစရိတ်ထဲမှာ စစ်ရေးစီမံချက်အတွက် ထောက်ပံဖို့ မပါဝင်ပါဘူး။ ဒီအကူအညီပမာဏဟာ ကျနော်တို့မိတ်ဖက်မဟာမိတ်တပ်တွေရကို စစ်ရေးအအရ ခိုင်ခိုင်မာမာကူညီသွားနိုင်ဖို့အတွက် ဖြစ်တယ်လို့ EU မူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG